Sunday, June 1, 2008

ကွာကွာ မားမား Web ကမ္ဘာ (၁၃)



w3.desktopnews.com

သတင်းစုံရရှိစေဖို့ Surf လုပ်နေမယ့်အစား အခမဲ့ရနိုင်တဲ့ Desktop news ticker ကို အသုံးပြုမယ်ဆိုရင် သင့်ရဲ့ desktop ပေါ် သတင်းတွေ တင်ပေးသွားမှာဖြစ်တယ်။ ပရိုဂရမ်ကို Download လုပ်ယူပြီး ABC news, CNN, ESPN.com, info World eJY Salon တို့အပါအ၀င် channel တွေ အများအပြားထဲက စိတ်ကြိုက်ရွေး ချယ်ပေးလိုက်မယ် ဆိုရင် Desktop news ဟာ သတင်းခေါင်းကြီးပိုင်းတွေ စဉ်ဆက်မပြတ် ပေးပို့ပေးပါ လိမ့်မယ်။ ခေါင်းကြီးပိုင်း သတင်းတစ်ခုကို ကလစ်လိုက်တာနဲ့ သတင်းအပြည့်အစုံကို ဖော်ပြပေးသွားစေမှာ ဖြစ်လို့ သတင်းကြိုက်သူများအတွက် အဆင်ပြေစေပါတယ်။

1 comment:

Anonymous said...

သွားသွားလာလာ web ကမ္ဘာပေါ့ ဟုတ်တယ်ဟုတ် ကိုဝင်းဇော်.. ကောင်းတယ်ဗျာ ဒီလိုရှာရှာဖွေဖွေ ကြိုးစားတင်ပြပေးထားတာလေးတွေကို တကယ် သဘောကျတယ်။ စောင့်မျှော်အားပေးလျက်ပါ။