Tuesday, June 10, 2008

ကွာကွာမားမား Web ကမ္ဘာ (၁၈)



Robotcafe.com

ရိုဘော့များအကြောင်း စိတ်ပါဝင်စားသူများ၊ ရိုဘော့တစ်ကောင်ကို ကိုယ်တိုင် ကိုယ်ကျ တည်ဆောက်ကြည့် လိုသူများနှင့် အချင်းချင်း တွေ့ဆုံအမြင် ဖလှယ်လိုသည့် ကမ္ဘာ့တစ်ဝန်းမှ ရိုဘော့ဝါသနာရှင် များအတွက် အင်တာနက်ပေါ်ရှိ အကောင်းဆုံး ကွန်းထောက်စခန်း တစ်ခုဖြစ်သည်။ နယ်ပယ်ပေါင်းစုံမှ ထိပ်တန်း ရိုဘော့ပညာရှင်များ ပါဝင်သဖြင့် ရိုဘော့နယ်ပယ်မှ နောက်ဆုံးပေါ် တီထွင်ဆန်းသစ်မှုများ နှင့် စိတ်ကူးစိတ်သန်း သစ်များ တင်ပြထားသည်ကို တွေ့နိုင်သည်။ ၀က်ဘ်ဆိုက်ကို အလွန်ရိုးရှင်းသော အသွင်အပြင်ဖြင့် ကရပ်ဖစ်ကို တတ်နိုင်သမျှနည်းအောင် ရေးဆွဲဖွဲ့စည်းထားသည်။ ထို့ပြင် ရိုဘော့ချစ်သူ အသိုင်းအ၀ိုင်း တစ်ခုလိုဖြစ်အောင် ဖန်တီးထား၍ Blog ဆိုက်တစ်ခုနှင့် ပိုတူနေသည်ကို တွေ့ရသည်။ ၀က်ဘ်ဆိုက်သို့ တိုးတက်ကြောင်း အကြံဥာဏ်များကို e-Mail ဖြင့်ပေးပို့ပေးပါက အထူး ကျေးဇူးတင်မည် ဖြစ်ကြောင်း ကမ်းလှမ်းထားတယ်။

No comments: