Showing posts with label အွန်လိုင်းခရီးသွားမယ်. Show all posts
Showing posts with label အွန်လိုင်းခရီးသွားမယ်. Show all posts

Friday, August 15, 2008

အွန်လိုင်းခရီးသွားမယ်



ခရီးသွားလာခြင်းဟာ စိတ်ရော ကိုယ်ပါ သွက်လက် ပေါ့ပါးစေပြီး အသက်ရှည်ဖို့ရာ ကျန်းမာရေးကို အထောက်အကူ ပြုတဲ့အပြင် ပြင်ပ ဗဟုသုတကိုလည်း တိုးပွားစေပါတယ်။ မိတ်သစ် ဆွေသစ် တွေလည်း တွေ့ဆုံ စေနိုင်ပါတယ်။ ဆန်းသစ်တဲ့ အတွေ့အကြုံတွေကို မိတ်ဆွေထံသို့ တစ်ဆင့် မျှဝေပေးနိုင်တဲ့ ပီတီကိုလည်း ထပ်ဆင့် ခံစားနိုင်ပါတယ်။

ဘလောဂ့်ထဲ လည်ရင်းနဲ့ ဘလောဂ့် သူငယ်ချင်းတွေ ခရီးထွက်ကြ၊ ပျော်ပွဲစားထွက်ကြ၊ အထိမ်းအမှတ် ခရီးသွားကြပြီး စိတ်ဝင်တစား ဖြစ်အောင် ဓာတ်ပုံတွေနဲ့ ဝေေ၀ဆာဆာ ပို့စ်ရေးထားတာ ဖတ်လို့ ကောင်းသလို သိပ်အားကျဖို့ ကောင်းတယ်။ ပျော်စရာလည်း ကောင်းပါတယ်။ သူတို့ဆီက အပျော်တွေ ကူးလို့ ကျွန်တော်လည်း လိုက်ပျော်မိတယ်။

ဒီလိုနဲ့ပဲ ထိုင်ရာမထ အွန်လိုင်းခရီးကို ပင်လယ်ပြာပြာ နဲ့ အုန်းပင်တန်းတွေ၊ ဒဏ္ဍာရီဆန်တဲ့ တောင်တန်း ကြီးတွေ၊ မိုင်ထောင်ချီဝေးတဲ့ ရှုခင်းဆန်းဆန်း တွေဆီကို တစ်ဖ၀ါးမခွာဘဲ လှည့်လည်ခံစား ကြည့်ရှု တဲ့ e-Travel ကို စတင်ခဲ့ပါတယ်။ ကိုယ်သွားလိုတဲ့ ဒေသဟာ ကိုယ်မျှော်လင့် ပုံဖော်ထားသလို ဟုတ်မဟုတ်၊ ခရီးစဉ်အတွင်း ကြုံတွေ့နိုင်မယ့် အခက်အခဲများ၊ ဆောင်ရန် ရှောင်ရန်များ၊ ဘတ်စ်ကားခက အဆုံး သတင်းအချက် အလက်တွေကို အွန်လိုင်းမှ ကြိုတင် ရယူမှတ်သား ထားနိုင်ပါတယ်။

အွန်လိုင်း ခရီးသည်များ အတွက် ပထမဆုံး ၀င်ရောက် လေ့လာသင့်တဲ့ ဝက်ဘ်ဆိုက် တွေကတော့ တစ်ကမ္ဘာလုံးရဲ့ ဒေသန္တရ အချက်အလက်တွေ စုစည်းပေးထားတဲ့ www.travelocityexpedia.com နဲ့ www.trip.com တို့ပဲ ဖြစ်တယ်။ ဒီဝက်ဘ်ဆိုက် တွေက ဈေးအသက်သာဆုံး ရနိုင်မယ့် ၀န်ဆောင်မှု၊ လေကြောင်းလိုင်း၊ ကားအငှားဌာန၊ ဟိုတယ်များ၊ စားသောက်ဆိုင်များရဲ့ တည်နေရာတွေ ပါဝင်ပါတယ်။

သွားလိုတဲ့ ဒေသရဲ့ နေရာအတိအကျ ရှိမယ်ဆိုရင် ပိုပြီး အသေးစိတ်ကျတဲ့ မြေပုံနဲ့တကွ ဖော်ပြပေးမယ့် www.Mapquest.com , www.maps.com , www.randMcnally.com ကဲ့သို့သော ဝက်ဘ်ဆိုက်တွေကို ၀င်ရောက် လေ့လာသင့်ပါတယ်။ လူသုံးများတဲ့ အွန်လိုင်းခရီးသွား ဝက်ဘ်ဆိုက်တွေကို စုစည်းဖော်ပြ လိုက်ပါတယ် .. .. အားလုံးကို လေးစားလျက်ပါ။
www.expedia.com
www.greatestcity.com
www.orbitz.com
www.frommers.com
www.travelocity.com
www.randmenally.com
www.travel.yahoo.com