အခုမှ ရောက်ဖူးတဲ့ အွန်လိုင်းပေါ်က မြန်မာ ကာရာအိုကေ သီချင်းဆိုလို့ ရနိုင်တဲ့ ၀က်ဘ်ဆို
က်လေး တစ်ခု မျှဝေပေးချင်ပါတယ်။ သီဆိုသူ တေးသံရှင် ၁၀၇ ယောက်ရဲ့ တေးသီချင်းများကို ဝေေ၀ဆာဆာ တင်ထားပေးပါတယ်။ နှစ်သက်တဲ့ သီချင်းရဲ့ Code ကိုလည်း ရယူအသုံးပြုနိုင် ပါတယ်။ Contests မှာ Register လုပ်ပြီး ကိုယ်နှစ်သက်တဲ့ သီချင်းကိုလည်း တင်နိုင်ပါတယ်။ တင်ပြီးသားသီချင်း တွေကို နားထောင်ပြီးလည်း မှတ်ချက်ပြု နိုင်ပါသေးတယ်။ (ကျွန်တော်တော့ အကြိမ် ၂၀ လောက် Register လုပ်တာ You have entered wrong security code. စာတန်းပဲပေါ်နေလို့ လက်လျော့ခဲ့ရတယ်။ ကျွန်တော်ပဲ ပိန်းတာ နေမှာပါ။) ၀က်ဘ်ဆိုက်ထဲ ၀င်မွှေရင်း နှစ်သက်မိတဲ့ ဘိုဘိုရဲ့ ညှို့မျက်ဝန်းသီချင်း လေးကို ပြန်လည် တင်လိုက်ပါတယ်။ အပျင်းပြေပေါ့။ ကာရာအိုကေ ၀က်ဘ်ဆိုက်ကို ဒီကနေ Click လုပ်ပြီး သွားရောက် လေ့လာနိုင်ပါတယ်။
ညှို့မျက်ဝန်း / ဘိုဘို
နောက်လှည့်ကြည့်တစ်ချက် ဆိုသာရုံလေး ညှို့မျက်ဝန်းရှင်ရယ်
မင်းပေးသွားတဲ့ ရင်ဝေဒနာလည်း စက္ကန့်ရွှေ့ အမျှပါပဲ
ကလေးငယ်လို လိုလားမှုများစွာနဲ့ရယ် တောင်းခံသူကို
အချစ်တစ်ခြမ်း တစ်ဖဲ့ ဖြစ်ဖြစ် စေတနာသဒ္ဒါ သလောက်မျှခဲ့ပါ
အချစ်လမ်း တစ်ဝက်ဖြစ်ဖြစ် ကြင်နာနိုင်သလောက် ရွေ့လှမ်းပါ
အချစ်ပန်းတစ်ဝက် ဖြစ်ဖြစ် စာနာနိုင်သလောက် စွန့်ခဲ့ပါ
နားနဲ့မနာ ဖ၀ါးနဲ့မနာ နှလုံးသားနဲ့ နာတော်မူပါ
ပြောလှည့်ပါ ဟောလှည့်ပါ အချစ်တရားတစ်ပုဒ် နာလိုသူမှာ
အတွေးများစွာ ပေးထားတာ အရှုံးအမြတ်အတွက် မရေရာသူမှာ
နေလောင်ပန်းတို့ရဲ့ ငိုရှိုက်သံနဲ့အတူ
ရော်ဝါရွက်တို့ရဲ့ ညှိုးငယ်စိတ်နဲ့အတူ
မြေဇာမြက်တို့ရဲ့ သိမ်ငယ်မှုနဲ့ ထပ်တူ
တစ်ပြည်ကွာ အနမ်းတို့ရဲ့ အဝေးခွာခြင်းနဲ့ အတူ
ဒီလူမှာသာ ဆုံးရှုံးနေမှာပဲလေ ဆုံးကာ ရှုံးကာသာ နေမှာပဲလေ
ဆုံး ရှုံး နေမှာပဲလေ အမြဲအစဉ် ရှုံးကာသာ နေမှာပဲလေ အမြဲရှုံး နေမှာပဲလေ အချစ်ရေ ..
အသည်းခွင့်မြားချက် ရင်လယ်ဗဟို၌ စူးစိုက်ခဲ့ပြီကွယ်
အပြုံးဝင့်တစ်ချက်က ရင်ကိုတစ်ပါတည်း သိမ်းပိုက်သွားပြီကွယ်
စိတ်အစဉ်ရယ် တစ်ပါတည်း နဲ့ လိုက်ပါသွားတယ် ညှို့ပိုင်သူရေ
အရှင့်ပခုံးနုထက်မှ အပြာရောင် လွယ်အိတ်ကလေး ဖြစ်ပါရစေ
အရှင့်ဖ၀ါးနုအောက်မှ ကတ္တီပါ ဖိနပ်ကလေး ဖြစ်ပါရစေ
အရှင့်ဦးထိပ်ထက်မှ ငွေရောင် ဆံညှပ်ကလေး ဖြစ်ပါရစေ
နားနဲ့မနာ ဖ၀ါးနဲ့မနာ နှလုံးသားနဲ့ နာတော်မူပါ
ပြောလှည့်ပါ ဟောလှည့်ပါ အချစ်တရား တစ်ပုဒ် နာလိုသူမှာ
အတွေးများစွာ ပေးထားတာ အရှုံးအမြတ်အတွက် မရေရာသူမှာ
နေလောင်ပန်းတို့ရဲ့ ငိုရှိုက်သံနဲ့အတူ
ရော်ဝါရွက်တို့ရဲ့ ညှိုးငယ်စိတ်နဲ့အတူ
မြေဇာမြက်တို့ရဲ့ သိမ်ငယ်မှုနဲ့ ထပ်တူ
တစ်ပြည်ကွာ အနမ်းတို့ရဲ့ အဝေးခွာခြင်းနဲ့အတူ
အရှင်ပိုင်ဆိုင်ရာ အသည်းယဇ် ပလ္လင်တော်ထက်မှာ
အနှေးအမြန် စတေးခံကာ နေမှာပဲလေ
အသည်းယဇ် ပလ္လင်တော်ထက်မှာ ဆုံးကာရှုံးကာသာ
နေမှာပဲလေ ဆုံးရှုံး နေမှာပဲလေ အချစ်ရေ .. ..