ကာကွယ်ဆေးအကျပ်အတည်းကာလမှာ ကာကွယ်ဆေးဝေစု
အများဆုံးရရှိထားတဲ့ အိန္ဒိယရဲ့ လျှို့ဝှက်ချက်
ကမ္ဘာမှာ ကိုဗစ်-၁၉ ရောဂါစတင် ဖြစ်ပွားပါပြီ ဆိုကတည်းက အင်အားကြီး နိုင်ငံတွေဟာ ကာကွယ်ဆေး ဖော်စပ်ထုတ် လုပ်ရေးလုပ်ငန်းမှာ ငွေကြေး ရင်းနှီးမြှုပ်နှံမှုတွေ ထည့်ဝင်ပြီး ကာကွယ်ဆေး တွေကို စောစောစီးစီး ရရှိနိုင်ဖို့ ကြိုးပမ်းလာခဲ့ ကြတာပါ။ တချို့ဆိုရင် သူတို့နိုင်ငံရဲ့ ရပ်တည်မှုကို အသုံးပြုပြီး ဆေးဝါးတွေကို လက်ဝါးကြီးအုပ်ဖို့ ကြံပါတယ်။ တချို့ ကျတော့လည်း ကာကွယ်ဆေး နောက်ကို ငွေအားနဲ့လိုက် ပါတယ်။ ဒါကြောင့်လည်း ကမ္ဘာမှာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ရယ်လို့ မပေါ်သေးခင် ကတည်းက ကမ္ဘာ့နိုင်ငံကြီး တွေအနေနဲ့ လက်ဦးမှု ရယူထားတဲ့ ကာကွယ်ဆေး အရေအတွက်က ဆေးဝါးကုမ္ပဏီ တွေရဲ့ ထုတ်လုပ် နိုင်စွမ်းအနက် ၆၀ ရာခိုင်နှုန်း ကျော်ရှိ နေတာပါ။