Thursday, December 17, 2020

ကာကွယ်ဆေးဝေစု အများဆုံးရရှိထားတဲ့ အိန္ဒိယရဲ့ လျှို့ဝှက်ချက်

 

ကာကွယ်ဆေးအကျပ်အတည်းကာလမှာ ကာက်ွဆေးဝေစု အများဆုံးရရှိထားတဲ့ အိန္ဒိယရဲ့ လျှို့ဝှက်ချက်

 


ကမ္ဘာမှာ  ကိုဗစ်-၁၉  ရောဂါစတင် ဖြစ်ပွားပါပြီ ဆိုကတည်းက အင်အားကြီး နိုင်ငံတွေဟာ ကာကွယ်ဆေး ဖော်စပ်ထုတ် လုပ်ရေးလုပ်ငန်းမှာ ငွေကြေး ရင်းနှီးမြှုပ်နှံမှုတွေ ထည့်ဝင်ပြီး   ကာကွယ်ဆေး တွေကို စောစောစီးစီး ရရှိနိုင်ဖို့   ကြိးပမ်းလာခဲ့ ကြတာပါ။ တချို့ဆိုရင် သူတို့နိုင်ငံရဲ့ ရပ်တည်မှုကို အသုံးပြပြီး ဆေးဝါးတွေကို လက်ဝါးကြီးအုပ်ဖို့ ကြံပါတယ်။ တချို့ ကျတော့လည်း ကာကွယ်ဆေး နောက်ကို ငွေအားနဲ့လိုက် ပါတယ်။ ဒါကြောင့်လည်း ကမ္ဘာမှာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ရယ်လို့ မပေါ်သေးခင် ကတည်းက  ကမ္ဘာ့နိုင်ငံကြီး တွေအနေနဲ့ လက်ဦးမှု ရယူထားတဲ့  ကာကွယ်ဆေး အရေအတွက်က ဆေးဝါးကုမ္ပဏီ တွေရဲ့ ထုတ်လုပ် နိုင်စွမ်းအနက်   ၆၀ ရာခိုင်နှုန်း ကျော်ရှိ နေတာပါ။


အထက်မှာ ဆိုခဲ့သလို နိုင်ငံရဲ့ ရပ်တည်မှုတို့၊ ငွေအင်အား တို့ထက် ကိုယ့်နိုင်ငံ အတွင်းမှာရှိတဲ့  စက်မှုစွမ်းအားကို အသုံးချပြီး ကမ္ဘာပေါ်မှာ    ကိုဗစ်-၁၉  ရောဂါ ကာကွယ်ဆေး ဝေစုအများဆုံး ရရှိထားတဲ့ နိုင်ငံတစ်နိုင်ငံ ရှိပါတယ်။   အဲဒါကတော့ အိန္ဒိယနိုင်ငံ ပါပဲ။

အိန္ဒိယနိုင်ငံဟာ   ကမ္ဘာ့အကြီးဆုံး ဆေးဝါး ထုတ်လုပ်ရေး စက်ရုံတွေကို ပိုင်ဆိုင်ထား ပါတယ်။ ကမ္ဘာပေါ်မှာ အသုံးပြနေတဲ့ ကာကွယ်ဆေး စုစုပေါင်းရဲ့ ၆၀ ရာခိုင်နှုန်းက အိန္ဒိယနိုင်ငံက နေထွက်တာပါ။ ပူနေးမြို့ အခြေစိုက် အိန္ဒိယဆီရမ် အဖွဲ့ SII ဆိုတာကလည်း ကမ္ဘာပေါ်မှာ အကြီးဆုံးသော ကာကွယ်ဆေး ထုတ်လုပ်ရေး ကုမ္ပဏီ ဖြစ်ပါတယ်။

လက်ရှိ ထွက်ပေါ်ထားတဲ့ ကာကွယ်ဆေး တွေဆိုရင်လည်း   အိန္ဒိယ ဆေးဝါးစက်ရုံ တွေနဲ့လွတ်ကင်းတဲ့ ကာကွယ်ဆေး ဆိုတာ ခပ်ရှားရှားပါ။ အိန္ဒိယ အစိုးရက နိုင်ငံအတွက် ကြိတင် အမှာတင်ထားတဲ့ ကာကွယ်ဆေး သုံးမျိုးအနက် နှစ်မျိုးဖြစ်တဲ့ အောက်စဖို့ တက္ကသိုလ် နဲ့ အက်စထရာဇီနီကာ ကုမ္ပဏီထုတ် ကာကွယ်ဆေးနဲ့ နိုဗာဗက် ကုမ္ပဏီထုတ် ကာကွယ်ဆေး တို့ကို SII မှာ ထုတ်လုပ်မှာပါ။

ယနေ့အချိန်အထိ  ကမ္ဘာ့နိုင်ငံတွေက အဲဒီကုမ္ပဏီနှစ်ခု ကနေ ၀ယ်ယူထားတဲ့ ကာကွယ်ဆေး အရေအတွက် စုစုပေါင်းက ၃ ဒသမ ၇၃ ဘီလီယံ ရှိပါတယ်။ အဲဒီထဲမှာမှ ၃ ဘီလီယံခန့်ကို  SII ကနေ ထုတ်လုပ်ပေးမှာ ဖြစ်ပါတယ်။  ဒါဟာ အင်မတန်များပြား လှတဲ့ ပမာဏပါ။

ဒါ့အပြင် ရုရှားနိုင်ငံထုတ် Sputnik V ကာကွယ်ဆေး ကိုလည်း အိန္ဒိယနိုင်ငံ မှာပဲ ထုတ်လုပ်ဦးမှာပါ။  ထုတ်လုပ်မယ့် စက်ရုံကတော့ ဟိုင်ဒရာဘတ် မှာရှိတဲ့ ဒေါက်တာ ရတ်ဒီ ဓာတ်ခွဲခန်း အမည်ရှိ စက်ရုံမှာ ဖြစ်ပါတယ်။

ဒီလို အားသာချက်တွေကို ပိုင်ဆိုင်ထားတဲ့ အိန္ဒိယနိုင်ငံက  လက်ရှိ ၀ယ်ယူထားနိုင်ပြီး ဖြစ်တဲ့  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အရေအတွက် စုစုပေါင်းက  ၁ ဒသမ ၆ ဘီလီယံပါ။  ဒီပမာဏဟာ  ဘယ်နိုင်ငံ၊ ဘယ်ဒေသ နဲ့ပဲယှဉ်ယှဉ် အများဆုံး ပမာဏ ဖြစ်ပါတယ်။

ကာကွယ်ဆေး တစ်မျိုးချင်းစီရဲ့ အရေအတွက် အရဆိုရင်တော့   အောက်စဖို့ တက္ကသိုလ်နဲ့  အက်စထရာဇီနီကာ ကုမ္ပဏီထုတ် ကာကွယ်ဆေးက သန်း ၅၀၀၊ နိုဗာဗက် ကုမ္ပဏီမှ သန်း ၁၀၀၀၊ ဂါမယ်လီယာ သုတေသနဌာနမှ Sputnik V ကာကွယ်ဆေး သန်း ၁၀၀ ဖြစ်ပါတယ်။

တစ်ဖက်က ပြန်ကြည့်ရင်လည်း အိန္ဒိယ နိုင်ငံဆိုတာ ၀င်ငွေ အလယ်အလတ် အဆင့်သာ ရှိတဲ့နိုင်ငံ ဖြစ်ပါတယ်။    ဒါတောင်မှပဲ ၀င်ငွေမြင့်မားတဲ့ နိုင်ငံတွေဖြစ်တဲ့   အမေရိကန်နဲ့ ဗြိတိန်အပြင် ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများ အားလုံးထက် ကာကွယ်ဆေး ရရှိမှုပမာဏပိုမြင့် နေတာပါ။ အိန္ဒိယပြီးရင် ကာကွယ်ဆေးကို ဒုတိယ အများဆုံး ၀ယ်ယူထား တာက ဥရောပသမဂ္ဂ ဖြစ်ပြီး ကာကွယ်ဆေး စုစုပေါင်း ၁ ဒသမ ၅၈ ဘီလီယံ ဖြစ်ပါတယ်။ ပြီးရင်တော့ အမေရိကန်နိုင်ငံက ၁ ဒသမ ၀၁ ဘီလီယံနဲ့ တတိယနေရာမှာ ရှိတယ်လို့ ဒူ့တက္ကသိုလ်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

တစ်ကမ္ဘာလုံး အတိုင်းအတာ အနေနဲ့ အမှာတင် ၀ယ်ယူထားပြီး ဖြစ်တဲ့ ကာကွယ်ဆေး အရေအတွက် စုစုပေါင်းက ၇ ဒသမ ၃ ဘီလီယံဖြစ်ပြီး နောက်ထပ် ၂ ဘီလီယံခွဲ ကတော့ ၀ယ်ယူဖို့အတွက် ဆွေးနွေးနေဆဲ အခြေအနေမှာပါ။

ဒီလိုဝယ်ယူထားမှု တွေကြောင့် ကမ္ဘာပေါ်က ၀င်ငွေနိမ့်နိုင်ငံ တွေမှာရှိတဲ့ ပြည်သူ ဘီလီယံပေါင်း များစွာအနေနဲ့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆိုတာ ဘာမှန်း မသိခင်မှာပဲ ချမ်းသာတဲ့ နိုင်ငံတွေ၊ အခွင့်အရေး ရတဲ့နိုင်ငံတွေ ကတော့ သူတို့နိုင်ငံ အတွင်းမှာ ရှိတဲ့ပြည်သူ အားလုံးကို ကာကွယ်ဆေး ထိုးပြီးဖြစ်နေနိုင် တယ်လို့လည်း ဒူ့တက္ကသိုလ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါသေးတယ်။

အခု အိန္ဒိယက ၀ယ်ယူထားတဲ့ ကာကွယ်ဆေး ပမာဏ စုစုပေါင်းက သူ့နိုင်ငံ အတွင်းမှာရှိတဲ့ ပြည်သူ ၆၀ ရာခိုင်နှုန်း သို့မဟုတ် လူဦးရေ သန်း ၈၀၀ အတွက် လုံလောက်ပါတယ်။ အဲဒီ ကာကွယ်ဆေးတွေ အပြင် အိန္ဒိယနိုင်ငံမှာ နောက်ဆုံး အဆင့် လက်တွေ့စမ်းသပ်မှု တွေ လုပ်ဆောင်နေပြီ ဖြစ်တဲ့ ပြည်တွင်းဖြစ် ကာကွယ်ဆေး နှစ်မျိုးးရှိပါသေးတယ်။ အဲဒီ ကာကွယ်ဆေး နှစ်မျိုးကတော့ ဟိုင်ဒရာဘတ် အခြေစိုက် ဘာရတ်ဘိုင်အိုတက် နဲ့ ဂူဂျာရတ် အခြေစိုက် ဇိုင်ဒက်ကာဒီလာ တို့က ထုတ်လုပ်မယ့်   ကာကွယ်ဆေး တွေပါ။

ထိုကုမ္ပဏီတွေ အနေနဲ့  အဲဒီကာကွယ်ဆေး တွေကို  တစ်နှစ်ကို သန်း ၄၀၀ နှုန်းနဲ့ ထုတ်လုပ်ပေး နိုင်ဦးမှာ ဖြစ်တယ်လို့ အသောက တက္ကသိုလ်မှ  ရောဂါပိုးမွှားဗေဒ ပညာရှင် ရှာဟစ်ဂျာမီး က ပြောပါတယ်။ အိန္ဒိယနိုင်ငံ အနေနဲ့ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့က ချမှတ်ထားတဲ့ လမ်းညွှန်ချက် အတိုင်းပဲ သူတို့ရဲ့ ကာကွယ်ဆေး တွေကို ဖြန့်ဖြးသွား  မှာပါ။

ဒါကြောင့် ကိုဗစ်-၁၉ ရောဂါ တိုက်ဖျက်ရေးကို ရှေ့တန်းကျကျ လုပ်ဆောင်နေ သူတွေ၊ ကျန်းမာရေး ၀န်ထမ်းတွေ၊ အရေးပေါ်အဖွဲ့ တွေနဲ့ လုံခြံရေးအဖွဲ့ တွေက ကာကွယ်ဆေး ကိုဦးစားပေး ရရှိမှာပါ။ ပြီးမှသာ   နဂိုရောဂါ အခံရှိသူတွေနဲ့ အသက်  ၆၅ နှစ် အထက်ရှိ သူတွေက ကာကွယ်ဆေးကို ဒုတိယ ဦးစားပေး အနေနဲ့ ရရှိမှာ ဖြစ်ပါတယ်။

ခြုံငုံသုံးသပ် ရမယ်ဆိုရင် ၀င်ငွေ အလယ်အလတ်သာ ရှိတဲ့  အိန္ဒိယနိုင်ငံ အနေနဲ့ ဘာကြောင့် ကမ္ဘာပေါ်မှာ ကာကွယ်ဆေး အများဆုံးကို ၀ယ်နိုင်တဲ့နိုင်ငံ ဖြစ်ရတာလဲ ဆိုတော့ သူ့နိုင်ငံအတွင်းမှာ ဆေးဝါးစက်ရုံ တွေကို တည်ထောင်ထား နိုင်လို့ပါ။ တစ်နည်း အားဖြင့်ဆိုရရင်   ကမ္ဘာ့ အဆင့်အတန်းမီ ဆေးဝါးစက်ရုံ တွေကို ပိုင်ဆိုင်ထား တာကြောင့် လို့ ပြောလို့ ရပါတယ်။

အိန္ဒိယနိုင်ငံဟာ   ဒီလို စက်ရုံတွေကို ပိုင်ဆိုင်ထားတဲ့ အတွက် သူ့စက်ရုံတွေမှာ ကာကွယ်ဆေးတွေ ထုတ်လုပ်ဖို့ သဘောတူ ညီချက်တွေက နေတစ်ဆင့် ကာကွယ်ဆေး ဝေစု အများဆုံးကို ရရှိလိုက်တာ ဖြစ်ပါတယ်။ ဒါကြောင့်    အိန္ဒိယနိုင်ငံ အနေနဲ့ တစ်ကမ္ဘာလုံး အခက်တွေ့ နေတဲ့ ကာကွယ်ဆေး အကျပ်အတည်း ကာလမှာ ကမ္ဘာ့ ကာကွယ်ဆေး ဝေစုအများဆုံးကို ပိုင်ဆိုင်ရတဲ့ လျှို့ဝှက်ချက် ကတော့ နည်းပညာ အရင်းအမြစ်၊ ကုန်ထုတ်စွမ်းအား အရင်းအမြစ်နဲ့ ကောင်းမွန်တဲ့ အခြေခံ အဆောက်အအုံတွေ ဖြစ်တဲ့ ကမ္ဘာ့စံချိန်မီ ဆေးဝါးစက်ရုံတွေကို ပိုင်ဆိုင်ထား တာကြောင့် ဖြစ်ကြောင်း ရေးသား လိုက်ရပါတယ်။

 

ထက်မြက်

Ref : TST

ဓာတ်ပုံ - အင်တာနက်

ခရက်ဒစ် - mwddaily


2 comments:

Sattaking Records said...

I just found this topic and have high hopes for it to continue. Keep up the great work, it’s hard to find good ones. I have added to my favorites. Thank You.

Satta King
Satta King
Satta King

magdabackhaus said...

JtHub: The best casinos in the USA - JTM Hub
Join the JtHub team to 강원도 출장샵 take you 익산 출장샵 the best online slots, table games, and more 사천 출장샵 from 제주도 출장안마 the best software 수원 출장안마 providers at JT Hub!