Showing posts with label ကွန်ပျူတာဗဟုသုတ. Show all posts
Showing posts with label ကွန်ပျူတာဗဟုသုတ. Show all posts

Sunday, February 21, 2010

Fresh and Free Utilities



ကွန်ပျူတာအတွက် လိုအပ်တဲ့ Software တွေကို $ နဲ့ ၀ယ်သုံးနိုင်တာ မဟုတ်တော့ Free ရတာလေး တွေကို ရှာဒေါင်းတယ်။ ခုလည်း Fresh and Free Utilities တွေ အများကြီး ရနိုင်တဲ့ ဆိုက်တစ်ခုကို မျှဝေပေးချင်ပါတယ်။ သိပြီးသားဖြစ်ရင် နားလည်ပေး စေချင်ပါတယ်။ ဒီဆိုက်မှာ Software တွေကို အခမဲ့ဒေါင်း နိုင်ဖို့ Register လုပ်ထားရပါမယ်။ ဒါမှလည်း Software အသစ်တင်တိုင်း Register လုပ်ထားတဲ့ User ကိုအမြဲ အသိပေးနေမှာ ဖြစ်ပါတယ်။ သွားရမယ့် လိပ်စာကတော့ http://www.freshdevice.com ဖြစ်ပါတယ်။

-

Tuesday, April 7, 2009

E-Mail Icon Generator

ကြော်ငြာ Spam သမားတွေဟာ အီးမေးလ် လိပ်စာတွေကို Program အမျိုးမျိုးအသုံးပြုပြီး ရှာဖွေလေ့ ရှိတတ်ပါတယ်။ သူတို့ရန်က လွတ်အောင် ကိုယ့် အီးမေးလ် လိပ်စာကို Icon အဖြစ် ပြောင်းထားလိုက်ရင် ရှာမတွေ့နိုင်တော့ဘူးလို့ ဆိုထားပါတယ်။ g-Mail အပြင် Yahoo mail, AOL mail, Hotmail, MSN mail နှင့် အခြားသော မေးလ်များစွာကို Icon အဖြစ်ပြောင်းလဲပေး နိုင်ပါတယ်။ ဖော်ပြပါဝက်ဘ်ဆိုက်ရဲ့ Enter your e-mail address မှာ မိမိ လိပ်စာ ထည့်သွင်းပြီး Generate နှိပ်လိုက်ရင် အွန်လိုင်းပေါ် အသုံးပြုနိုင်တဲ့ မိမိလိပ်စာရဲ့ Icon နဲ့ URL ကို ရရှိနိုင်ပါတယ်။ ကြော်ငြာ Spam တွေရဲ့ရန်က ကြိုတင်ကာကွယ်နိုင်အောင် သုံးကြည့်နိုင်တဲ့ ၀က်ဘ်ဆိုက်ကို ဒီနေရာ နှိပ် ပြီးသွားနိုင်ပါတယ်။

Friday, April 3, 2009

Key Logger ပိတ်မယ်


Cyber cafe ကနေ ကိုယ်ရေးကိုယ်တာ သုံးစွဲနေသူ တွေအတွက် ကိုယ်ရဲ့ အကောင့် password တွေကို key logger ကနေ မသမာသဖြင့် ခိုးယူခြင်း မခံရအောင် ကာကွယ်နိုင်ဖို့ နည်းလမ်း သေးသေးလေး မျှဝေချင်ပါတယ်။ အင်တာနက်ထဲမ၀င်ခင်

  • Ctrl + Shift + Esc ဒါမှမဟုတ် Ctrl + Atl + Del တွဲနှိပ်ပြီး Task Manager ကို ခေါ်လိုက်ပါ။
  • နောက် Process tab ထဲဝင်ပြီး active ဖြစ်နေတဲ့ msdts.exe ဆိုတာကို လိုက်ရှာကြည့်ပါ။
  • msdts.exe ဆိုတာတွေ့ရင် right click နဲ့ end process နှိပ်လိုက်ပါ။


ဒါဆိုရင် key logger ပရိုဂရမ်ကို ယာယီကာကွယ် သွားနိုင်ပြီ ဖြစ်ပါတယ်။ စိတ်ထဲပိုရှင်း ချင်ရင်တော့ နက်ထဲမ၀င်ခင် Task manager ပေါ်က ပရိုဂရမ်တွေကို Disable ဒါမှမဟုတ် End process လုပ်ပြီး ကိုယ်သုံးမယ့် Application လောက်သာ Manually ခေါ်သုံးတာ အကောင်းဆုံးဖြစ် ပါမယ်။

အင်တာနက်ကို အသုံးပြုပြီးရင်လည်း မမေ့မလျော့ Sign out လုပ်ပါ၊ Tools bar ထဲမှာ Clear Private Data လုပ်ခဲ့ဖို့ သတိရပါ။ အမှန်တော့လည်း မသမာတဲ့ ဆော့ဖ်ဝဲ သုံးထားတဲ့ ကွန်ပျူတာတွေ ဆိုရင် အပြည့်အ၀ လုံခြုံမှု မပေးနိုင်ပါဘူး။ ဒါကြောင့် ကိုယ့်ရဲ့ လုံခြုံရေးကို သတိထားပြီး အင်တာနက် အသုံးပြုသင့် တယ်လို့ အကြံပေးချင်ပါတယ်။

Keylogger ကာကွယ်ဖို့ neos-safekeys


Friday, December 5, 2008

Remove unused Device Driver from Win' XP

Remove unused device driver from Win' XP

Window' XP စက်ထဲကို Device driver တစ်ခုထည့် လိုက်တဲ့အခါ ကွန်ပျူတာဖွင့်တိုင်း OS ကနေ ဒီထည့်ထားတဲ့ Device ရှိသည်ဖြစ်စေ၊ မရှိသည် ဖြစ်စေ Driver ကိုတော့ Load လုပ်ပေးပါတယ်။ ဆိုလိုတာက ကွန်ပျူတာကနေ Device ကိုအသုံးမလိုလို့ ဖယ်ရှားလိုက်ပေမယ့် သူ့ရဲ့ Driver ကို ဖယ်မပစ်ခဲ့ရင် ကွန်ပျူတာရဲ့ အဖိုးတန်လှတဲ့ စနစ်ပိုင်းကို အလာဟသ ဖြစ်စေပါတယ်။ ဒါကြောင့် အသုံးမလိုတော့တဲ့ Driver တစ်ခုကို ဖယ်ထုတ်ပစ် ဖို့အတွက် အောက်ပါ အဆင့်အတိုင်း ဆောင်ရွက်နိုင်ပါတယ်။

(၁) System Properties Dialog Box ကိုဖွင့်ပါ (Windows Key + Break Key တွဲနှိပ်ပါ။)
(၂) Advance tab ကိုရွေးပါ။ ထိုမှ Enviroment Variables ခလုပ်ကို နှိပ်ပါ။


(၃) System Variables Panel အောက်နားက New ကိုရွေးပါ။


(၄) New User Variable က
Variable Name : မှာ devmgr-show-nonpresent-devices လို့ ရေးထည့်ပေးပါ။
Variable Value: မှာ 1 လို့ ရေးထည့်ပါ။ ပြီးရင် (OK)==> (OK).


(၅) System Properties ကိုပြန်ရောက်ရင် Hardware Tab ကိုရွေးပါ။
(၆) Device Manager ကို click လုပ်ပါ။
(၇) Device Manager မှာ View==>Show Hidden Devices ကိုသွားပါ။

(၈) Device tree မှာရှိတဲ့ branches (+) တွေကိုဖွင့်ပြီး အသုံးမပြုတော့တဲ့ Device Driver တွေကို ညွှန်ပြနေတဲ့ Icon တွေကိုရှာပါ
(၉) အသုံးမလိုတော့တဲ့ Driver တွေရဲ့ Icon ပေါ်ကို Right click နှိပ်ပြီး Uninstall ကိုရွေးပါ။

ဒီနည်းနဲ့ မိမိကွန်ပျူတာအတွင်း အသုံးမပြုတော့တဲ Device တွေရဲ့ Driver တွေကို ဖယ်ရှားနိုင်ပြီး စက်ရဲ့ System စွမ်းရည်ကို အထိုက်အလျှောက် သွက်လက် မြန်ဆန်လာစေနိုင် ပါတယ်။


Saturday, October 18, 2008

Ovi.com ရဲ့ဝန်ဆောင်မှု


Ovi.com ရဲ့ဝန်ဆောင်မှု

သင့်ကွန်ပျူတာထဲက Data တွေကို Online Portal နဲ့ sync လုပ်ပြီး အချိန်မရွေး သင့်ရဲ့ Nokia ဖုန်းပေါ်ကို ပို့ဆောင်ပေးဖို့ www.ovi.com ၀န်ဆောင်မှုက မကြာမတင်မှာ လုပ်ဆောင်နိုင်တော့မယ်လို့ Nokia က ပြောထားပါတယ်။

လက်ရှိအခြေအနေက Nokia N 95 စမတ်ဖုန်းနဲ့ Lenovo Laptop က သီးခြားကမ္ဘာလို ရှိနေပါသေးတယ်။ Ovi.com က Data တွေကို အလိုအလျှောက် sync လုပ်ပြီး ဖုန်းနဲ့ ကွန်ပျူတာကို ဆက်သွယ်ပေးမယ်။ Sonud file, Documents နဲ့ Image တွေကိုပါ ပို့ပေးနိုင်မယ်လို့ ဆိုထားပါတယ်။ ဒါကြောင့် မီဒီယာနဲ့ Documents များအားလုံးကို အဆုံးစွန် Access ရနေပေမယ့် မြန်ဆန်တဲ့ Cellular ဒါမှမဟုတ် Wi-Fi Connection ရှိနေဖို့တော့ လိုပါမယ်။


Thursday, July 3, 2008

ကိုယ်ပိုင်ဒိုမိန်းဖန်တီးခြင်း

ကိုယ်ပိုင်ဒိုမိန်းဖန်တီးခြင်း

အခမဲ့ဝက်ဘ် space ပေးထားသော ၀န်ဆောင်မှုများ၏ အဓိကပြဿနာမှာ မနှစ်မြို့ဖွယ်၊ ရှည်လျားသော လိပ်စာကို ရရှိခြင်းပင်ဖြစ်သည်။ ဥပမာ သူဇာ ဆိုသူက myisp.com တွင် အခမဲ့ဝက်ဘ် space ရယူပါက သူမ၏ လိပ်စာမှာ http://webspace.myisp.com/thu_zar3 ကဲ့သို့ ဖြစ်နေပေမည်။ သူမအတွက်ကတော့ www.thuzar.com ကဲ့သို့ ရိုးစင်းပြီး တိုက်ရိုက်ကျသော လိပ်စာများက ပိုမိုအဆင်ပြေမည် ဖြစ်သည်။ အကယ်၍ thuzar.com နာမည်အတိအကျကို အခြား တစ်ယောက်က လက်ဦးပြီး ဖြစ်ပါက .com အစား .net, .info စသည် တို့ကို စမ်းကြည့်ခြင်း (သို့မဟုတ်) မူလပိုင်ရှင်ထံမှ ပြန်လည် လွဲပြောင်းဝယ်ယူရန် ကြိုးစားခြင်း စသည် တို့ကို ပြုလုပ်ရတော့သည်။ မိမိစိတ်ကြိုက် ဝက်ဘ်ဆိုက် လိပ်စာများကို domain registry များတွင် အခကြေးငွေ အနည်းငယ်ဖြင့် ဝယ်ယူရရှိနိုင်ပါသည်။ ထင်ရှားသော ဒိုမိန်း မှတ်ပုံတင်ဝက်ဘ်ဆိုက် များမှာ www.domaindirect.com, www.domainmonger.com နှင့် www.register.com တို့ဖြစ်ပါသည်။ ဒိုမိန်းနိမ်း မှတ်ပုံတင်ရာတွင် မိမိ သက်ဆိုင်ရာ နိုင်ငံ၏ ကတ်ကိုထည့်သွင်းလိုပါက ဥပမာ www.thuzar.com.mm မှတ်ပုံတင်ရာ ဌာနတွင် တောင်းဆို နိုင်ပါသည်။

ဒိုမိန်းနိမ်းတစ်ခု မှတ်ပုံတင်ရာတွင် ၀န်ဆောင်မှုနှင့် ပတ်သက်၍ ရွေးချယ်စရာ option များပေးထားလေ့ ရှိပါသည်။ Name registration နှင့် web space တွဲလျက်ပါ package များကို register များက ရောင်းချလေ့ ရှိပြီး များသောအားဖြင့် ကောင်းမွန်ပြည့်စုံသော ၀န်ဆောင်မှုများ ဖြစ်ကြသည်။ နောက် option တစ်မျိုးမှာ web forwarding ဖြစ်သည်။ သင်ဝယ်ယူထားသော www.thuzar.com လိပ်စာကို နဂိုရှိပြီးသား http://webspace.myisp.com/thu_zar3 သို့ ၀င်ရောက်ရာ ဂိတ်ပေါက်ဝ အဖြစ် ဆောင်ရွက်စေခြင်းမျိုး ဖြစ်သည်။ နောက်ထပ် option တစ်မျိုးမှာ DNS server များကို သုံး၍ ဒိုမိန်းနိမ်းနှင့် မိမိစိတ်ကြိုက် ၀န်ဆောင်မှု ပေးနိုင်သော host service များမှ web server များကို ချိတ်ဆက်ခြင်း ဖြစ်သည်။ သီးခြား web hosting ၀န်ဆောင်မှုများနှင့် ပတ်သက်သော နှိုင်းယှဉ်စရာ အချက်အလက်များကို www.findahost.com, www.tophosts.com နှင့် www.webhostmagazine.com စသည်တို့တွင် လေ့လာနိုင်ပါသည်။ Free server (www.freeserver.com) နှင့် Virtual Avenue (www.virtualave.net) တို့ကဲ့သို့ web hosting ကို အခမဲ့ ပေးသောနေရာများ ရှိသော်လည်း ၀န်ဆောင်မှု အမြန်နှုန်း၊ ယုံကြည်စိတ်ချရမှု၊ ရေရှည် အာမခံချက် ရှိမှု စသည် တို့တွင် အခကြေးငွေ ပေးရသော ကော်မာရှယ် ၀န်ဆောင်မှုများကို မယှဉ်နိုင်ချေ။ (YKM)

Tuesday, June 24, 2008

ပိတ်ထားတဲ့အိမ်ကလေးထဲ ဝင်လည်မယ်


အကြောင်းအမျိုးမျိုးနဲ့ ကိုယ်သွားလည်ချင်တဲ့ အိမ်လေး ပိတ်ထားမယ်ဆိုရင် ဘယ်သူမဆို ရင်ထဲကောင်းမှာ မဟုတ်ဘူး။ ဝင်နှုတ်ဆက်ရုံလေးဆိုရင် ဒီလိုလေး ဖွင့်လိုက်ပါ။ ဒီမှာ မှော်သော့ ရှိတယ်။ ဒီမှော်သော့ လေးကို ကိုညီလင်းဆက် ဆီတစ်ဆင့် ယူဆောင်ထားပါတယ်။ အားလုံးကို လေးစားလျက်ပါ။

Friday, May 16, 2008

သမိုင်းဝင်ခုနှစ်များနှင့် ကြီးမားသည့်ဖြစ်ရပ်များ

သမိုင်းဝင်ခုနှစ်များနှင့် ကြီးမားသည့် ဖြစ်ရပ်များ
( Internet revolutions )

1969
US ကာကွယ်ရေးဝန်ကြီးဌာနက အင်တာနက်ရဲ့ ရှေ့ပြေးဖြစ်သည့် ARPANNET ကို ပြင်ဆင်ခဲ့သည်။ ကွန်ပျူတာတစ်လုံးမှ အချက်အလက် အရင်းအမြစ်များကို အဝေး ကွန်ပျူတာဌာနမှ ချိတ်ဆက်သုံးစွဲနိုင်စေသည်။ ကွန်ရက်များအား UCIA, Standard Research Institute, The University of California, Santa Barbara နဲ့ The University of Utah တို့မှာ တည်ဆောက်ခဲ့သည်။

1972
Larry Roberts က ရေးနိုင်၊ ဖတ်နိုင်၊ ပို့နိုင်၊ တုန့်ပြန်နိုင်သည့် e-Mail Program ကို ရေးသားနိုင်ခဲ့သည်။

1974
အင်တာနက်ရဲ့ ဖခင်ကြီးများလို့ ပြောရမယ့် Vint Cers နဲ့ Bob Kahn တို့သည် အင်တာနက်ဆက်သွယ်မှုအတွက် အခြေခံ Protocol (TCP) စံကို သတ်မှတ်လိုက် သည့်အကြောင်း A protocol for Packet Network Interconnection ခေါင်းစဉ်ဖြင့် ထုတ်ဖော်ကြေညာခဲ့သည်။

1982
TCP/IP ကို အင်တာနက်ရဲ့ အခြေခံ Protocol အဖြစ် စံချိန် စံညွှန်းမီမီ စနစ်ကျကျ တည်ဆောက်ခဲ့သည်။ အင်တာနက်ကို နိုင်ငံတကာကွန်ရက်များရဲ့ တစ်ခုတည်း သော ကျွန်ရက်အဖြစ် သတ်မှတ်ခဲ့သည်။

1984
Domain Name System (DNS) ကို စတင်မိတ်ဆက်ခဲ့သည်။ ပထမဆုံးအကြိမ် အင်တာနက်အပေါ်မှာ အလုပ်လုပ်ကြတဲ့ Host Computer အရေအတွက်က ၁၀၀၀ ဖြစ်သည်။

1986
56 Kbs အမြန်နှုန်းရှိ NSNET backbone ကို ဖန်တီးခဲ့သည်။

1988
ကွန်ပျူတာသိပ္ပံကျောင်းသား ဖြစ်တဲ့ Rebord Morris က Worm တစ်ကောင်ကို ထုတ်မွေးလိုက်ပြီး အင်တာနက်တစ်ခုလုံးကို ခလောက်ဆန်စေခဲ့သည်။

1990
World.std.com သည် ပထမဦးဆုံးသော dial up access ရောင်းချသူဖြစ်လာ သည်။

1991
World Wide Web သည် Tim Bemers Lee ဆိုသူကြောင့် တိုးတက်ဖွံ့ဖြိုး လာသည်။

1993
Www.whitehouse.gov အမည်ဖြင့် အိမ်ဖြူတော်ရဲ့ အင်တာနက် Web Address ဖြစ်လာသည်။ သမ္မတကြီးရဲ့ e-Mail လိပ်စာကတော့ President@whitehouse.gov ဖြစ်သည်။

1994
Stan Ford မှဘွဲ့ရကျောင်းသားများဖြစ်သည့် Dacid Filo နဲ့ Jery Yang တို့က Yahoo ကိုစတင် တည်ထောင်ခဲ့သည်။

1995
အွန်လိုင်းလေလံဝက်ဘ်ဆိုက် eBay ကို Auctionweb အမည်ဖြင့် စတင်တည်ထောင် သည်။ ၁၉၉၇ ခုနှစ်လောက်မှာ ebay အမည်ဖြင့် ပြောင်းလဲ ရပ်တည်ခဲ့သည်။

1996
Google သည် Stanford တက္ကသိုလ်မှ Ph.D ကျောင်းသားများရဲ့ သုတေသန စီမံကိန်းအနေနဲ့ ရှိနေပါပြီ။

1997
Webblog နဲ့ Blog ရဲ့ အခေါ်အဝေါ် စတင်သုံးစွဲနေပြီး Blog ရဲ့ခေတ်က အစပြုလာ သည်။

1999
အင်တာနက်ကိုကျော်လွန်ပြီး လူတစ်ဦး တစ်ယောက်ရဲ့ ဂီတသံစဉ်တွေကို အခြား တစ်ယောက်ကို မျှဝေခံစားစေနိုင်တဲ့ File Sharing Software ဖြစ်သည့် Napster ထွက်ပေါ်လာသည်။

2000
မြန်နှုန်းမြင့် Internet 2 backbone သည် မျိုးဆက်သစ် IP စံချိန်စံညွှန်းဖြစ်သည့် IPv6 အပေါ် ဖြန့်ကျက်လုပ်ဆောင်လာသည်။

2001
Worms နဲ့ Virus တွေရဲ့ အန္တရာယ်က ပိုတိုးလို့ ကြီးထွားလာသည်။ နာမည်ကျော် Code Red Worm နဲ့ Sircm Virus တို့ဟာ ကမ္ဘာတစ်လွှား စီးပွားရေးလုပ်ငန်းများနှင့် လူတော်တော်များများကို ထိခိုက်နစ်နာစေပြီး အင်တာနက်ဆက်သွယ်မှု ကွန်ရက်ကို ဗြောင်းဆန်စေခဲ့သည်။

2004
အွန်လိုင်းသုံးစွဲမှုသည် ၁၁၇ ဘီလျံအထိ တိုးတက်လာပြီး ၂၀၀၃ ခုနှစ်ထက် ၂၆ % တိုးတက်လာသည်။

2005
January လမှာ အွန်လိုင်းစွယ်စုံကျမ်းကြီးဖြစ်သည့် Wikipedia (www.wikipedia.com) အပေါ်မှာ ဆောင်းပါးပေါင်း ကိုးသန်းခန့်ရှိသည်။

2006
Voice over Internet Protocol (VoIP) စနစ်သုံး အင်တာနက်အတွင်း ဖုန်းဆက်သွယ်မှုမှာ ကမ္ဘာတစ်ဝန်းလုံးက လူထုအကြား ရေပန်းစားခဲ့သည်။