Showing posts with label နှစ်သက်မိသောကဗျာ. Show all posts
Showing posts with label နှစ်သက်မိသောကဗျာ. Show all posts

Wednesday, March 25, 2009

'' ကောင်မလေးအတွက်ကဗျာ”


လှပခွင့် မရတဲ့  ညနေခင်းတစ်ခုမှာ
ကောင်မလေးနဲ့ ငါ မဆုံနိုင်အောင်ဝေးခဲ့ 
အချစ်မဲ့ နေပြီဖြစ်တဲ့  နေရာဟောင်းလေးတွေ ပြန်ရောက်တိုင်း
မျက်ဝန်းထဲ ကောင်မလေးရဲ့ ပုံရိပ်တွေမြင်တိုင်း
ရင်မှာ သွက်သွက်ခါအောင် လွမ်းတယ် . . .

ဝေးရပြီဆိုပေမယ့်လည်း သူနှစ်သက်တဲ့ 
သီချင်းတွေ ငါပြန်ဆိုမိနေတုန်းပဲ
အလွမ်းဆိုတာ စကားလုံးလေးလှသလောက်
သစ်ရွက်ကြွေလို ဝေပြဖို့ က
ရင်နင့်လွန်းလှပါတယ် ကောင်မလေးရယ် . . .

သတိရစိတ်နဲ့  တိတ်တိတ်ကလေးသိုဝှက်ထားတဲ့ 
မျှော်လင့် ချက်လေးတွေလည်း ပြိုပျက်ခဲ့ပြီ
တကယ်ဆို သူပြန်မလာနိုင်တော့ဘူး
ဆုံနိုင်ခွင့် ”ဆိုတဲ့  စကားလုံးလေးကိုပဲ
တိတ်တိတ်ကလေး ရွတ်ဆိုရင်း
လေလှိုင်းကြားက ကောင်မလေးရဲ့  အသံတွေ
ငါ့ နားစည်ထက် ပျံ့ လွှင့်နေတယ် . . .

( ပန်းခင်းလေး )

ကွန်နက်ရှင်မကောင်းလို့ ဘလောဂ့်ပေါ် တင်မဖြစ်သေးတဲ့ ပန်းခင်းလေး ရဲ့ ကဗျာလေးပါ။



Thursday, March 19, 2009

အချစ်သင့်သူ

တွေ့ ဆုံခြင်းဟာ
ကြေကွဲဖို့ အတွက်ဖြစ်မယ်မှန်း
ကြိုသိခဲ့ရင်
မတွေ့ ဖြစ်အောင်နေမိမှာပဲ...

အဖြူရောင်လေးတွေ
အရောင်စွန်းထင်းလာမယ်မှန်း
ကြိုသိခဲ့ရင်
မပတ်သတ်မိအောင်နေမိမှာပဲ...

ခင်တယ်ဆိုတဲ့ စကားကနေ
ချစ်တယ်ဆိုတာပြောင်းလာမယ်မှန်း
ကြိုသိခဲ့ရင်
ခင်တယ်လို့ မပြောမိအောင်နေမိမှာပဲ...

မချစ်သင့်မှန်းသိရက်နဲ့ 
ချစ်ခဲ့မိတဲ့ ကျွန်မ
နောက်ဆုံးတော့
ရင်ဘတ်တစ်ခုဟာ
ဒဏ်ရာတွေဗရပွနဲ့ 
စုတ်ပြတ်သတ်နေခဲ့ရပြီလေ......။

( ချင်းမလေး )

မူရင်းကဗျာ ရဲ့ လင့်ခ်

Wednesday, January 14, 2009

When I Praise

When I Praise

I laugh
when she for other men confesses love;
but when she says
she hated one man she could kill,
My heart is all one jealous blaze,
For,
pity me,
she hates him still !

( W.RH. Davies (1871-1940)

မနာလိုမှု မီးတောက်လောင်

သူမက အခြားယောက်ျားတွေကို
ချစ်ကြောင်း ဖွင့်ဟပြောဆိုတဲ့အခါမှာ
ကိုယ် ရယ်မိတယ်။
ဒါပေမယ့် ယောက်ျားတစ်ယောက်ကို
သတ်ချင်လောက်အောင် မုန်းတယ်လို့
သူမပြောတဲ့ အခါမှာတော့
ကိုယ့်နှလုံးသားဟာ မနာလိုမှု မီးတောက်လောင်တယ်
ဘာလို့လဲဆိုတော့
ကိုယ့်ကို သနားပါ
သူမက သူ့ကို မုန်းနေဆဲမို့ပါ။

(ချိုထွန်း)

Saturday, December 6, 2008

နှစ်သက်မိသောကဗျာ တစ်ပုဒ်

၁၉၆၀ ပြည့်နှစ်လောက်က ကဗျာဂုရုကြီး မောင်စွမ်းရည် ရေးဖွဲ့ထားတဲ့ ကဗျာလေး တစ်ပုဒ်ပါ။ ကျွန်တော်နှစ်သက် မိတဲ့ ကာရံညီ ကဗျာကောင်းလေး ဖြစ်ပါတယ်။ တိုက်ဆိုင်စွာနဲ့ ညီလေး ဂျူဝဿန် (ခပ်ညံ့ညံ့ရနံ့များရဲ့ သခင်)က Tag ထားတာနဲ့ ကြုံလို့ အဆင်ပြေ စွာနဲ့ ပို့စ်တင်ဖြစ် သွားပါတယ်။ ခံစားဖတ်ရှုပေးပါအုန်း။

ခြေရာ


နွေပြေးသောခါ
နွေခြေရာကား

မြေအက်ကြားတည့်။


မိုးပြေးသောအခါ
မိုးခြေရာကား

ရေကွက်များတည့်။

ဆောင်းပြေးသောခါ
ဆောင်းခြေရာကား

နှင်းကြွင်းများတည့်။


ဝိညာဉ်ပြေးရာ
စိတ်ခြေရာမူ

ကဗျာများတို့ ဖြစ်သတည်း .. .. ။



(မောင်စွမ်းရည်)

Friday, August 15, 2008

ခိုနားခွင့်ပြုပါ


ကမ္ဘာလောကမှာ

အရောင်အသွေး

အဆင်းအနံ့ နဲ့

ပြည့်စုံတဲ့ပန်းတွေ

ပွင့်နေပေမယ့် ဟောဒီက....

အလှဆုံး အမွှေးဆုံး....

အထူးခြားဆုံး ဖြစ်တဲ့...

မင်းလေးရဲ့ ရင်ခွင်မှာ

ကိုယ် ထာဝရ......

ခိုနား ချင်ပါတယ်.....

ကိုယ် လူရောစိတ်ပါ

နွမ်းလျှ တဲ့အခါ....

မင်းလေး ရဲ့....

ရင်ခွင်မှာ မှေးစက်

ခိုနားခွင့်....

ဘယ်တော့ များမှ

ရမှာလဲ.......

မိန်းကလေး ရယ် .. .. .. ။


သူငယ်ချင်း မီးတောက် ရဲ့ ကဗျာလေးတွေထဲက ကဗျာတစ်ပုဒ်ပါ၊ ရင်ခုန်သံချင်း ထပ်တူမို့ သူငယ်ချင်း မီးတောက် ခွင့်ပြုလို့ မျှဝေလိုက်ပါတယ်။ ကဗျာမနှစ်သက် ပေမယ့်လည်း ခံစားပေးပါအုန်းလို့ .. ..

Friday, July 11, 2008

သူနဲ့ ကိုယ်နဲ့


သူနဲ့ ကိုယ်နဲ့

သူက အချစ်အကြောင်းကို စိတ်ဝင်စားတယ်
ကိုယ်က သူ့အကြောင်းကို စိတ်ဝင်စားတယ်

သူက ကိုယ့်အကြောင်းကို အားလုံးသိချင်တယ်
ကိုယ်က သူ့အကြောင်းကို သိနေတယ်

သူက သူ့အကြောင်းကို ဇာတ်နာအောင် ပြောတယ်
ကိုယ်က မျက်ရည်မကျအောင် ထိန်းရတယ်

သူက ဒိုင်ယာရီကို ခပ်စိပ်စိပ် ရေးတယ်
ကိုယ်က ကဗျာကို ခပ်ကျဲကျဲ ရေးတယ်

သူက ပေါ်လီယာနာ ၀တ္ထုကို ကြိုက်တယ်
ကိုယ်က တော်တီလာဖလက် ၀တ္ထုကို ကြိုက်တယ်

သူက အချစ်တွေကို လွတ်ပေးချင်တယ်
ကိုယ်က အချစ်တွေကို လှောင်ထားချင်တယ်

သူက အနာဂတ်အကြောင်းကို ဆွေးနွေးတယ်
ကိုယ်က ပစ္စုပ္ပန်အကြောင်းကို ပန်းချီဆွဲပြတယ်

သူက ပုံပြောတာကို မကြိုက်ဘူး ပြောတယ်
ကိုယ်က ပုံပြောတာကို နားထောင်ချင်တယ်

သူက အခု မကြာခဏ ရစ်ချင်နေတယ်
ကိုယ်က အခု ခဏခဏ မူးချင်နေတယ်

သူက တံခါးကို အမြဲ ပိတ်ထားချင်တယ်
ကိုယ်က လေကောင်းလေသန့်ရှူချင်တယ်

သူက အခု ကျန်ခဲ့တယ်
ကိုယ်က နောက်ဆုံးထွက်လာခဲ့တယ်

(ဘိုသစ်နိုင်)
ကျွန်တော်နဲ့ခွင်ကျ မဟုတ်ပေမယ့် တော်တော်များများလောက်ကို တိုက်ဆိုင်နေလို့ မျှဝေလိုက်ပါတယ်။ ပို့စ်တင်ဖို့ စာမဖတ်အား နိုင်တာကြောင့် နှစ်သက်မိတဲ့ကဗျာလေးကို အားပေးပါအုံးလို့ .. ..

Monday, July 7, 2008

ဖိုးမောင်လာပြီ

ဖိုးမောင်လာပြီ

မှိုင်းညိုညဥ့်ရိပ် ၊ လူခြေတိတ်၌
ရေဆိပ်အနား ၊ ရွာတံခါးမှ
ဂုတ်ကျားကျယ်လောင် ၊ ဆီးကြိုဟောင်သော်
ဖိုးမောင်လာပြီ ဆိုကြသည်။

ဟောင်သံရပ်၍
ထက်ကြပ်ပေါ်လာ ၊ အသံမှာကား
ညခါငါးထောင် ၊ မောင်ဖိုးမောင်သည်
ရွာတောင်ချောင်းက ပြန်ခဲ့ပြီ။

ဖိုးမောင်သံကြား ၊ ကင်းသမားက
တံခါးကြီးအောက် ၊ မလွယ်ပေါက်ကို
တစ်ယောက်ဝင်သာ ၊ ဖွင့်လိုက်ပါသော်
ယာတွင် အုပ်ဆောင်း ၊ ၀ဲတက်ချောင်းနှင့်
ခါးစောင်းကိုင်းကိုင်း ၊ ငါးပလိုင်းကို
လွယ်သိုင်းပြီးလျှင် ၊ ရွာကိုဝင်သည်
လူပင်လေလား ၊ တစ္ဆေလား။

တစ္ဆေမကြောက် ၊ မြွေမကြောက်ဘဲ
တစ်ယောက်တည်းပင် ၊ ညဥ့်မှောင်တွင်း၌
သူလျှင်ငါးရှာ ၊ မကျွေးပါက
ထိုရွာသူသား ၊ လူအများတို့
ငါးစိုး ငါးစိမ်း ငတ်ပေလိမ့်။

ဆောင်းတစ်ည၌
ချမ်းမြစိမ့်အေး ၊ လခြမ်းကွေး၍
ရွာဘေးကျီပျက် ၊ မှောင်နက်နက်မှ
ဇီးကွက်ကအော် ၊ တောက်တဲ့ကြော်စဉ်
ရွာပေါ်လွှမ်းအောင် ၊ ဂုတ်ကျားဟောင်သည်
ဖိုးမောင်လာချိန်ပါတကား။

သို့ဖြစ်သော်ငြား ၊ ခါတစ်ပါးသို့
တံခါးဝင်လို ၊ သူမဆိုဘဲ
မောင်းကိုထုပါ ၊ လူစုပါဟေ့
ရွာကိုဘေးမှ ၊ ကာကွယ်ကြလော့
ဓားပြငါ့အား ၊ ဖမ်း၍ထားဟု
စကားမဆုံး ၊ ဟစ်အော်တုန်းတွင်
ဒိုင်းဒိုင်းဒိန်းသံ ၊ ရွာလုံးညံသည်
ချောင်းယံပဲ့တင် ထပ်သတည်း။

ဖိုးမောင်နိဂုံး ၊ ဤတွင်ဆုံးလည်း
ရွာလုံးစိတ်တွင် ၊ ဖိုးမောင်ဝင်၍
ပဲ့တင်ထပ်ကာ ၊ ဟည်းလျက်ပါတည့်
ဘယ်ခါမဆို ၊ ဆီးလင့်ကြိုသို့
မှိုင်းညိုညဥ့်ရိပ် ၊ လူခြေတိတ်၌
ရေဆိပ်အနား ၊ ရွာတံခါးမှ
ဂုတ်ကျားကျယ်လောင် ၊ ရမ်းရော်ဟောင်သော်
ဖိုးမောင်လာပြီ ဆိုဆဲပင် ။ ။

( မင်းသုဝဏ်/၁၉၆၂၊ဒီဇင်ဘာ-၅ )

စိတ်ကောင်းနှလုံးကောင်း ရှိတဲ့ လူသားတို့ဟာ လူသားအချင်းချင်း လူပီသစွာ စောင့်ရှောက် ကာကွယ်ပေးကြ တယ်။ အေးအတူ ပူအမျှ နေထိုင်စားသောက်ကြရင်း တစ်ဦးကိုတစ်ဦး ကူညီ ရိုင်းပင်းကြ ကုန်တယ်။ ထိုလူသား များ ရှိတဲ့ ပတ်ဝန်းကျင် သည် ငြိမ်းချမ်း သာယာခြင်း ရှိကုန်ပြီး ဖွံ့ဖြိုးတိုးတက် စည်ပင်ကုန်တယ်။ ဒါကြောင့် စိတ်ကောင်း နှလုံးကောင်း ရှိတဲ့ လူသားတို့ ဤလူ့လောကတွင် အများအပြားပင် လိုအပ်ပါတယ်။ လူသား အချင်းချင်း ကာကွယ်ပေးခြင်းသည် မွန်မြတ်သော မင်္ဂလာတရား ဖြစ်ပါတယ်။ ကူညီ စောင့်ရှောက် တတ် တဲ့သူကို လည်း လူအများက နှစ်လို ချစ်ခင်ကြတယ်။

ကဗျာကဝိကြီး၊ ဆရာကြီး မင်းသုဝဏ်ရဲ့ လူအချင်းချင်း စောင့်ရှောက်ကာကွယ်သူအကြောင်း ဂုဏ်ပြု ကဗျာလေး ကို ထပ်ဆင့်မျှဝေလိုက်ပါတယ်။

Tuesday, June 17, 2008

ချစ်သူ့အပြုံးအလှဆုံး

ချစ်သူ့အပြုံးအလှဆုံး

ချစ်သူမျက်နှာ ၊ လပမာသို့

စိတ်မှာစွဲထင် ၊ ပျော်မြူးရွှင်၏။

ချစ်သူအပြုံး ၊ ကြယ်တစ်လုံးသို့

သီကုံးပန်းသွင် ၊ ချမ်းမြေ့ရွှင်၏။

ချစ်သူ့ရယ်ဟန် ၊ ဆည်းလည်းသံသို့

သံစဉ်ချိုမြ ၊ နားဝင်လှ၏။

ချစ်သူဘဝင် ၊ ပြုံးပျော်ရွှင်သော်

ကိုယ်လျှင်ကြည်နူး ၊ အသွင်ကူး၏။

အပြုံးကွယ်ပျောက် ၊ သူစိတ်ကောက်သော်

စိတ်နောက်ကိုယ်နွမ်း ၊ မရွှင်လန်းခဲ့။

လောကကမ္ဘာ ၊ လှရာရာတွင်

မာယာကင်းရှင်း ၊ ပြုံးပျော်ခြင်းနှင့်

ရင်တွင်းရွှင်ပျော် ၊ စိတ်ထားတော်သည့်

ကြင်ဖော်အပြုံး ၊ အလှဆုံးဖြစ်။

အလှဆုံးအပြုံး ၊ သက်ထက်ဆုံးတိုင်

အမုန်းဝေးကွာ ၊ လှမျက်နှာဖြင့်

နေလာအခိုက် ၊ ကြင်နာလိုက်ကြ

ထွေးပိုက်ပျော်ရွှင် ၊ ထာဝစဉ် ။

(ဘုန်းမောင်ဝင်း)

Tuesday, June 10, 2008

ရွှေမြန်မာ

ရွှေမြန်မာ

ဘုရားဖက်သော် …

အသက်ရှည်၏။

တရားဖက်သော် …

အမျက်ပြေ၏။

သံဃာဖက်သော်…

အခက်ဝေ၏။

သက်ရှည်မျက်ပြေ

ခက်ဝေလန်းလို့

အေးချမ်းသာယာ

ရွှေမြန်မာဟု

ကမ္ဘာတစ်လွှား

ရှာမှရှားသည့်

တို့များ မြန်မာ ရွှေမြန်မာ။

ကောင်းခြင်းဝေဖြာ

မင်္ဂလာတရားကို

လက်ကိုင်ထား၍

ညီညွတ်ကာ …

တွဲလက်တွေကို

မဖြုတ်စတမ်းကွဲ့

ရှေ့ကိုလှမ်းလို့ ချီတက်မှာ။

ချီတက်မှာ ညီလျက်သာ။

(တက္ကသိုလ် စိုးယဉ်)

Saturday, June 7, 2008

စာစီစာကုံး

စာစီစာကုံး

အငိုပထမ
နိဒါန်း စ၏ ။

ငိုညည်းဆက်လျှောက်
စာကိုယ် ရောက်၏ ။

ငိုရင်းပင်ဆုံး
နိဂုံးချုပ် ၏ ။

အို.... ကျွန်ုပ်မဖြုံ
လူသားဂုဏ်ကို
ထုံကာ မွှန်းကာ
ရေးသားပါအံ့
မဟာဝီရ
မနုဿ၏
ဘဝ
စာစီစာကုံး များ ။ ။
( မြေပြန့်ဝင်းသွေး )

Friday, June 6, 2008

ဤမီးတိုင်

ဤမီးတိုင်

ဘုရားရှေ့ဝယ်
အငွေ့လှိုင်လှိုင်
နံ့ကြိုင်ကြိုင်ဖြင့်
တစ်တိုင်ဆီမီး
ထိန်ထိန်ညီးတည့် ။

သူအလျှံမှ
တစ်ဖန်ကူးဘိ
သူငါညှိလည်း
မသိလျော့ရာ
ထိန်မြဲသာတည့် ။ ။
(ငွေတာရီ)

Tuesday, June 3, 2008

လမ်းခွဲ

ထိုနေရာကား
သားနှင့်အဖ
အတူနေရာ အိမ်ရာဖြစ်၏။

ထိုမြေယာကား
သားနှင့်အဖ
အတူထွန်ယက် လယ်မြေကွက်တည့်။

ထိုနေရာကား
သားရှင်ပြပွဲ၊
အဖေနွှဲရာ၊ ရွာလယ်ဇရပ်
စေတီမြတ်သည့်။

ထိုနေရာကား
သားလက်ထပ်ပွဲ
အဖေနွှဲရာ၊ ရွာဦးမဏ္ဍပ်
မြေကွက်လပ်သည့်။

သားနှင့်အဖ
အတူတကွ၊ နေခဲ့ကြလည်း
မနှစ်ပြာသို ၊ နှင်းရည်စိုစွ
ညတစ်ည၀ယ်
အဖေခွဲခွာ၊ ပြန်မလာပြီ။

ဤနေရာကား
သားနှင့်အဖ ၊ ကွဲကွာလေသည့်
လူ့ပြည်လောက ၊ ဘ၀လမ်းဆုံး
သင်္ချိုင်းကုန်းသည့်။ ။
(မောင်နွေအေး)

Sunday, June 1, 2008

တံခါးပိတ်

တံခါးပိတ်

ချစ်သူထံ ငှက်ပမာ
ပျံလာချင်တယ်လေ့၊
ငှက်ခတ်သူ မုဆိုးညစ်
လေးပစ်တဲ့နေ့။

ချစ်သူ့ထံ ပန်းပမာ
ဆင်လာချင်တယ်လေ့၊
ပိတုန်းညို ဥာဏ်သမား
ပန်းစားတဲ့နေ့။

ချစ်သူ့ထံ ရော်ရွက်ပမာ
ဝဲလာချင်တယ်လေ့၊
လေရူးမောင် လူသွမ်းပျက်
သစ်ရွက်ခူးတဲ့နေ့။

ချစ်သူ့ထံ လမင်းပမာ
သာချင်တယ်ဆိုလေ့၊
ကမ္ဘာမြေ ကိုလူဆိုး
ယုန်ခိုးတဲ့နေ့။

သို့ပါလည်း ချစ်သူဆီ
လာနိုင်ပြီ ဆိုပါတော့၊
ချစ်သူ့ဘုံ တံခါးပိတ်လို့
မီးမှိတ်ပါပေါ့ .. .. .. ။ ။
(တင်မိုး)

Thursday, May 29, 2008

အရှုံးသင်္ကေတ

အရှုံးသင်္ကေတ

ပြိုင်သည်
နိုင်မည် ထင်မှတ်။
ရှုံးသည်
မနိုင်သည့်ဖြစ်ရပ်။

ငါက
အတ္တကို အခြေခံ ကျော်လွှားရန်ကြံ၏။
သူက
ပရကို အခြေခံ ကူညီသွားရန်။

ငါက
ဘ၀မာန၊ အာဃာတနဲ့ မစ္ဆရိယ မွမ်းမံ တုပရန်။
သူက
ဘ၀မမေ့ သိမ်မွေ့ကြင်နာ မေတ္တာဝန်းရံ သစ္စာပန်
ရှင်သန် မြင့်မြတ် ပြုံးတကား။

ငါက
ဘ၀မေ့ထား တရားလက်လွတ်
ငှက်တောင်ကျွတ်သို့
တုလွှတ် ဖက်ပြိုင်
မနိုင် .... ငါပဲရှုံးတကား . . . ။ ။
(ခြိမ့်နိုင်)

Monday, May 26, 2008

ရင်ထဲမှာနာ

ရင်ထဲမှာနာ

အချစ်ဟာ သစ္စာရှိပြီးသား။
ပွေလီခြင်း
သွေဖည်ခြင်း
ငွေသွင်းငွေထုတ်
သူ့အလုပ်မရှိ။

အချစ်ဟာမေတ္တာရှိပြီးသား။
ငလျင်မဟုတ်
လိုင်းမဟုတ်
လှုပ်ခုန်သော်ငြား
အဖျက်အားမရှိ။

အချစ်ဟာ သိက္ခာရှိပြီးသား။
ကောက်ရိုးမီးစွဲ
လေပွေဝဲလို
သဲသဲမလှုပ်
ကျောက်ရုပ်ပမာ တောင်မဟာလို။

အချစ်ဟာ အဆင်တန်ဆာမလို။
နဂိုယဉ်
သဘောဖြူအူစင်း
ရွှေလိုဝင်းပြီးသား။

ခုတော့
အချစ်ဆိုတာ
ကြုံရာကျပန်း ၊ ရူးနမ်းနမ်းနဲ့
လိုက်တမ်းပြေးတမ်း ၊ ဓားပြဖမ်းသလို
ရမ်းသန်းမှန်းသန်း ၊ လေဒန်းစီးသူ
လူညံ့လူရှော် ၊ မသူတော်တို့
တော်သလိုပြင် ၊ စင်ပေါ်တင်တဲ့
ဖိုးသင်းမျောက်လို ဖြစ်ခဲ့ပြီ ။ ။
(အောင်သင်းနီ)

Tuesday, May 20, 2008

အိပ်မက်ကဗျာ

ငါ .....
ငါကဗျာဆရာ
အိပ်မက်ထဲမှာ
ကဗျာတစ်ပုဒ် စပ်ဖြစ်တယ်။

ကောင်းလိုက်တဲ့ငါ့ကဗျာ
အိပ်ရာကထရင် ရေးမယ်လို့
တကယ်ရေးချခါမှ
ကဗျာလည်း မမှတ်မိ . .
ကာရန်လည်း မသိ . .
အတွေးလည်း မရှိတော့ . .

အတွေးနဲ့ကဗျာရေးဖို့
ကဗျာအတွက် ကာရန်ရှာ
ဘယ်မှာလဲ . . . ကာရန်
ဘယ်မှာလဲ . . . ကဗျာ
ဘယ်မှာလဲ . . . အတွေး
အိပ်မက်လေးရယ် ကယ်ပါဦး . . ။ ။
(ဖိုးရန်နိုင်)

Thursday, May 15, 2008

စိတ်ဓား

စိတ်ဓား

လက်ဖြင့်ရေး၏
ရေးလိုက်သည့်စာ၊ မညီညာ
တုန်ခါယိုင်နဲ့ နေပြီပေါ့။

ခြေဖြင့်လျှောက်၏
လျှောက်သည့်ခြေလှမ်း ၊ မဖြောင့်တန်း
ဘယ်ညာယိမ်းဆွဲ လွဲပြီပေါ့။

မြင်အောင်ကြည့်လည်း
မျက်စိဝိုးဝါး ၊ မကွဲပြား
မှုန်မွှားဝေသီ မှိုင်းပြီပေါ့။

ခန္ဓာရုပ်ပိုင်း
အရွယ်ဟိုင်းလို့ ၊ ထင်တိုင်းမရ
ဆန္ဒလိုရင်း ၊ ရုပ်ကငြင်းပေါ့
အိုမင်းမစွမ်း တော့တာလား။

စိတ်ကိုခိုင်းလို့
စိတ်တိုင်းမကျ ၊ ငါဖြစ်ရဟု
ကျစိတ်မွေးလို့ မဖြစ်သေး
စိတ်ကိုအရ အားတင်းပေး
စိတ်အရေးကြီးတယ် ကိုယ့်လူရေ . . . ။

အေး . . .
အဲဒီစိတ်ကလေး
မွေး . . မွေး . . မွေး . .
အားလိုလည်းမွေး ၊ ဓားလိုသွေးဟ
သွေးနိုင်သမျှ ၊ မြည့်ပါမှ
စိတ်ကခွန်အား ၊ ရှေ့ဆောင်သွားမယ်
စိတ်ဓားတုံးရင် ရှုံးပြီမှတ် .. ။ ။
(မြေလတ်မောင်မြင့်သူ)

Tuesday, May 13, 2008

လမင်းနှင့် ခင်








ပွင့်ငုံဖူးစ ၊ ပန်းအလှသို့
ယုယချစ်ဖွယ် ၊ ခင့်သားငယ်သည်
ရင်ဝယ်မှေးစက် နေသတည်း ။

ကြည်ကြည်သာသာ ၊ သားမျက်နှာကို
ခင့်မှာငုံ့ကြည့် ၊ ချမ်းမြေ့ဘိသည်
ပီတိ ဖြစ်လျက် နေသတည်း။

ပျိုစဉ်ခါက ၊ ခင့်ရူပသည်
အလှ အဆင် ၊ နုရုံပင်တည့်
အသွင်ထူးခြား ၊ မရှိငြားလည်း
ခုကားကြည်သာ ၊ သူ့မျက်နှာမှာ
ထိန်ဝါ လမင်း ထွန်းလေပြီ ။ ။
(မင်းယုဝေ)

Wednesday, May 7, 2008

အိမ်ရှေ့က ခုံတန်းလေး

အိမ်ရှေ့က ခုံတန်းလေး

သစ်အဟောင်းကလေးနဲ့
ဖြစ်သလို ဆောက်ထားခဲ့တာပါ။

ဒါပေမဲ့
အချိန်တန်ရင်
မထိုင်ရ မနေနိုင်ဘူး။

နေ၀င်သွားပြီဆိုရင်
အိမ်ရှေ့က ခုံတန်းလျားမှာ
လူငယ်တွေစုစည်း
ခေတ်ကြီးကို တည်းဖြတ်
ဇာတ်လမ်းတွေကို ထုဆစ်
အဖြစ်အပျက်တွေကို မော်ကွန်းရေး
လူဖြစ်ခြင်းကို ချစ်တဲ့တေးတွေ
သီကြွေးခဲ့ကြတယ်။

ဆောင်းတွင်းမနက်တွေဆို နေပူဆာလှုံကြ
အိမ်နီးနားချင်းတွေစုပြီး စကားပြောကြ
ရွာရေး ရပ်ရေးတွေ တိုင်ပင်ကြ
ခုံတန်းလျားလေးဟာ အားလုံးရဲ့ ဗဟိုချက်မ။

သစ်အဟောင်းကလေးနဲ့
ဖြစ်သလိုဆောက်ထားပေမဲ့ . .
အိမ်ရှေ့က ခုံတန်းလျားလေးဟာ
တို့တစ်တွေရဲ့ အနာဂတ်လမ်းစ . . . ။ ။
(သက်လွင်နှင်း)

Thursday, April 17, 2008

အကောင်းကြိုက်သူများ . . . . သို့

အကောင်းကြိုက်သူများ . . . . သို့

ကောင်းသောအစာ ၊ ကောင်းသောရသာကို
ကောင်းစွာမြိန်ယှက် စားချင်သူ။
ကောင်းသောအဆင်း ၊ ကောင်းမြင်ကွင်းနှင့်
ကောင်းခြင်းအလှ မြင်ချင်သူ။
ကောင်းခြင်းစုံစွာ ၊ ကောင်းသံသာကို
ကောင်းစွာနားစွင့် ကြားချင်သူ။
ကောင်းသောနေအိမ် ၊ ကောင်းစည်စိမ်မှာ
ကောင်းစွာနှစ်ခြိုက် နေချင်သူ။
ကောင်းစွာမွှေးပျံ့ ၊ ကောင်းရနံ့ကို
ကောင်းသန့်လန်းရွှင် မွှေးချင်သူ။
ကောင်းတကာ့ကောင်း
ကောင်းပေါင်းဝန်းရံ
ကောင်းနိဗာန်ကို
ကောင်းမှန် တရားဓမ္မ
ကောင်းကြံ ပွားကျင့်ကြဖို့
ကောင်းကြိုက်သူတို့ မေ့နေတကား . . . . ။ ။