Showing posts with label စာအုပ်စာစောင်. Show all posts
Showing posts with label စာအုပ်စာစောင်. Show all posts

Thursday, July 4, 2024

တန်ဖိုးရှိလှ မိန်းမသားဘဝ




 တန်ဖိုးရှိလှ မိန်းမသားဘဝ

 စာရေးဆရာ တင်နိုင်တိုး ရေးသားထားသော “ပါလီမန်ခေတ် ထင်ပေါ်ကျော်ကြား မြန်မာ အမျိုးသမီးများ” စာအုပ်လေးကို ဖတ်ရန် ကျွန်မရွေးချယ် ကောက်ယူမိပါသည်။ ထိုစာအုပ်ဖုံးလေး ပေါ်က ရှေးခေတ်မြန်မာ အမျိုးသမီးများ ဓာတ်ပုံကို ကြည့်မိသောအခါ ကျွန်မသိသော သူလည်းပါ၍၊ မသိသူလည်း ပါသည်။ သို့သော် ကျွန်မမသိသူက ပိုများပါသည်။ ဤစာအုပ်ပါ အကြောင်းအရာ များသည် ကျွန်မ လူ့ဘ၀သို့ ရောက်မလာသေးခင် ပါလီမန်ခေတ်က အမျိုးသမီးများ အကြောင်းဖြစ်၍ အထူး စိတ်ဝင်စားမိ ပါသည်။

Friday, January 16, 2009

မြန်မာ Online Library ကြော်ငြာ


http://www.co2zenith.co.cc ဘလောဂ့်မှာ ကြော်ငြာထားတဲ့ မြန်မာ online library ၀က်ဘ်ဆိုက်လေး တစ်ခုကို မျှဝေပေးချင် ပါတယ်။ မြန်မာ စာဖတ်ပရိသတ်များ အတွက် အီးဘွတ် (ebooks) များကို pdf, MS 2003, MS 2007 format နဲ့အခမဲ့ အလွယ်တကူ ဒေါင်းလော့လုပ်ပြီး ဖတ်ရှုလို့လည်း ရနိုင်ပါတယ်။ အခုလက်ရှိ မြန်မာစာအုပ်များ နှင့် English စာအုပ်ပေါင်း ၃၀၀ ကျော်ကို တင်ထားပြီး ဆက်လက်တင် နေဆဲဖြစ်ပါတယ်။ အာလုံး အသုံးပြု လွယ်ကူအောင် ၀က်ဘ်ဆိုဒ်ကို ရိုးရှင်းသေသပ်စွာ ပြုလုပ်ထားပြီး စာအုပ်များကို ကိုယ်ပိုင်ဆာဗာတွင်သာ သိမ်းဆည်း ထားသောကြောင့် ဒေါင်းလုပ်လုပ်သည့်အခါ အခက်အခဲများ ဖြစ်ပေါ်ခြင်းလုံးဝ မဖြစ်ပေါ်နိုင်ပါဘူး။ Books Hive ဟာ မြန်မာလူမျိုးများ အတွက်သာ ရည်ရွယ်ပြီး သီးသန့် ပြုလုပ်ထားခြင်း ဖြစ်ပါတယ်။ သုတ၊ ရသ၊ ပညာပေး စာမေးပွဲ စသည်တို့နှင့် သက်ဆိုင်သည့် စာအုပ်များ တင်ထားရှိနှင့်ပြီး ဖြစ်ပါတယ်။ ၀က်ဘ်ဆိုဒ်ရဲ့ လိပ်စာကတော့ www.books-hive.com ဖြစ်ပါတယ်။ အားလုံးပဲလာရောက် လေ့လာ၊ အားပေး ကြပါအုန်းလို့ ထပ်ဆင့်ဖိတ်ခေါ် ပါတယ်။

Thursday, July 24, 2008

စစ်နှင့်ငြိမ်းချမ်းရေး



ကမ္ဘာ့စာပေ လောကတွင် လီယိုတော်စတွိုင်း ၏ စစ်နှင့် ငြိမ်းချမ်းရေး သည် တုနှိုင်းမဲ့ ကျမ်းတစ်ဆူ အဖြစ် အထင် အရှား တည်ရှိခဲ့ပါတယ်။ စာပေ ကျမ်းဂန်တစ်ဆူ အဖြစ် အသိအမှတ်ပြု ခံရသော ထိုဂန္ထ၀င်မြောက် ၀တ္ထုကြီးကို လီယို တော်စတွိုင်းသည် ရုရှားစာပေ မဂ္ဂဇင်းတစ်ခုတွင် ရေးသား ထုတ်ဝေခဲ့ပါသည်။ ပထမ ဦးဆုံးသော သူ၏ စစ်နှင့်ငြိမ်းချမ်းရေး ၀တ္ထုသည် တိုပြီး အကျဉ်းချုံး ထားသဖြင့် စာရေးသူ ကိုယ်တိုင် အားမရ၊ မကျေနပ်နိုင်ခဲ့ပေ။ ၁၈၆၆ ခုနှစ်က ထိုဝတ္ထုသည် (၃)နှစ်အကြာ သူကိုယ်တိုင်၏ လေ့လာ ဖြည့်စွက်ချက် များ ကြောင့် ပိုမိုပြည့်စုံ သကဲ့သို့ ပိုမို၍ ရှည်လျားသွားသည်။ ဤသို့ ထပ်မံ ဖြည့်စွက်ထုတ်ဝေလိုက်သည့် စစ်နှင့် ငြိမ်းချမ်းရေး သည် ယနေ့ ကမ္ဘာ့စာပေပရိသတ် များသိရှိထားပြီး ဘာသာပေါင်းများစွာ ပြန်ဆို ထုတ်ဝေသည့် ကမ္ဘာကျော် ၀တ္ထုကြီးပင် ဖြစ်သည်။


လီယိုတော်စတွိုင်း ရုရှားဘာသာဖြင့် ရေးသားခဲ့သော အဆိုပါ စစ်နှင့်ငြိမ်းချမ်းရေးကို အင်္ဂလိပ်ဘာသာဖြင့် War and Peace အဖြစ် ၁၉၀၄ ခုနှစ်တွင် ကွန်စတင့်ဂါးနက် ဆိုသူ အမျိုးသမီးက စတင်ပြန်ဆိုခဲ့ရာမှ ကမ္ဘာ့ စာဖတ် ပရိသတ်တစ်ခုလုံး တစ်ဟုန်ထိုး သိရှိသွားခဲ့ လေသည်။



လွန်ခဲ့သော (၂)နှစ်က အဆိုပါ စစ်နှင့်ငြိမ်းချမ်းရေး ကို အင်္ဂလိပ်ဘာသာဖြင့် အန်သိုနီဘရစ် ဆိုသူက ပြန်ဆို ထုတ်ဝေခဲ့ရာ ယခင်ထုတ်ဝေပြီး စစ်နှင့်ငြိမ်းချမ်းရေး တို့ထက် ပိုမိုပီပြင် အောင်မြင်သည်ဟု စာပေ ဝေဖန်ရေး သမားတို့က သုံးသပ်ခဲ့ကြသည်။

၂၀၀၇ ခုနှစ်အတွင်းတွင် အမေရိကန်ပြည်ထောင်စု၌ စစ်နှင့်ငြိမ်းချမ်းရေး စာအုပ် နှစ်အုပ် ထွက်ပေါ် လာပြန် သည်။ တစ်အုပ်မှာ စက်တင်ဘာလ အတွင်းက အင်္ဂလိပ် ဘာသာပြန် ဆိုသူမှာ အင်ဒရူးဘရွန်ဖီး ဆိုသူ ဖြစ်သည်။ ယင်းစာအုပ် ထွက်ပြီး တစ်လအကြာ အောက်တိုဘာလ ဆန်းတွင် ရစ်ချတ်ပီဗီးယား နှင့် လာရစ္ဆာဗိုလို ကွန်စကီး တို့ ပူးတွဲပြန်ဆိုသော စစ်နှင့်ငြိမ်းချမ်းရေး စာအုပ် ထပ်မံထွက်ပေါ်လာသည်။

ဤကဲ့သို့ စစ်နှင့်ငြိမ်းချမ်းရေး ကို အင်္ဂလိပ်ဘာသာ သို့ ပြန်ဆိုသူ အများအပြား ရှိပါလျက်နဲ့ အဘယ့်ကြောင့် နောက်လူများက ထပ်မံ ပြန်ဆိုနေပါသနည်း။ အဆိုပါ မေးခွန်းကို ထုတ်ဝေသူ တစ်ဦးက စစ်နှင့်ငြိမ်းချမ်းရေး ဟာ အင်မတန် ဂုဏ်ပြုထိုက်တဲ့ စာအုပ်ကြီးပါ။ စစ်နှင့်ငြိမ်းချမ်းရေး စာအုပ် မတိုင်ခင်ကလည်း အဲဒီလို အဆင့်မြင့်တဲ့ ဂန္တ၀င်မြောက် စာအုပ် မထွက်ဖူးသေးပါ။ ပြီးတော့ ယခင်က ရုရှားတွေရဲ့ ဓလေ့ ထုံးတမ်းဆိုင်ရာ ဝေါဟာရ တွေဟာ အင်္ဂလိပ်ဝေါဟာရမှာ မရှိနိုင်တာတွေ၊ ဓလေ့ထုံးတမ်း မတူလို့ ပြန်ဆိုရာမှာ အံမ၀င် ခွင့်မကျမှု တွေ များစွာ ရှိနေပါတယ်။ ဒါကြောင့် ပြန်ဆိုသူတို့က သူ့ထက်ငါ ပိုကောင်းအောင် ရုရှားတွေရဲ့ ဓလေ့ စရိုက်တွေနဲ့ ပိုမို နီးစပ်အောင် ကြိုးစား လာကြပါတယ်။ ဒါကြောင့် နောက်ထပ်လည်း ဘာသာပြန်ဆိုသူ တွေရဲ့ လက်ရာ အသစ် အသစ်တွေ ပေါ်လာဦးမှာ ဖြစ်ပါတယ် လို့ ထုတ်ဝေသူက ပြောပြခဲ့လေသည်။



အခြား ထုတ်ဝေသူကလည်း ယနေ့ကမ္ဘာပေါ်မှာ စစ်ဆိုတာ ရှိနေပြီး ဟိုနေရာ၊ ဒီနေရာတွေမှာ တစ်နေရာ မဟုတ် တစ်နေရာမှာ စစ်ပွဲတွေဖြစ်နေ ပါတယ်။ အဲဒီလို အခြေအနေမျိုးမှာ လီယိုတော်စတွိုင်း ရဲ့ စစ်နှင့်ငြိမ်းချမ်းရေး ကို ထုတ်သင့်ပါတယ် လို့ ပြောခဲ့ပါတယ်။




နှစ်ပေါင်း ၂၀၀ ကျော်ခဲ့ပြီဖြစ်တဲ့ လီယိုတော်စတွိုင်း၏ စစ်နှင့်ငြိမ်းချမ်းရေး သည် နောင်တွင်လည်း ကာလ အတိုင်း အတာ မည်မျှကြာသည်အထိ အဓွန့်ရှည်ပြီး ပိုမိုပြည့်စုံတဲ့ ဘာသာပြန်ဆို ထုတ်ဝေနေကြ ဦးမည် မသိနိုင်ပါ။


ဝန်ခံချက် ။ ၂၀၀၇ နှစ်၊ အောက်တိုဘာလထုတ် Newsweek မဂ္ဂဇင်းနှင့်၊ ၂၀၀၈ ခုနှစ်၊ ဇန်န၀ါရီလထုတ် ငွေတာရီ မဂ္ဂဇင်း မှ တက္ကသိုလ်လှကြွယ် ရေး စစ်နှင့်ငြိမ်းချမ်းရေး တို့မှ ကောက်နုတ်တင်ပြပါသည်။