Friday, September 29, 2017

ခွန်အားကြီးမားသော ကမျဉ်းကောင် များ



ကမျဉ်းကောင် တို့သည် သင်၏အိပ်ရာထဲ၌ အစက်ချလိုက်သည့် အစက်ကလေးထက်ပင် ပို၍ သေးငယ်သည်။ ၄င်းတို့မှ ခွန်အားကြီးသော ကမျဉ်းကောင် များ ( Mighty Mites) ဖြစ်ကြသည်။

ကမျဉ်းကောင် အမျိုးမျိုးရှိရာတွင် အချို့ ကမျဉ်းကောင် သည် ဆံပင်၏ အရင်းပိုင်း၌ တွယ်ကပ်၍ နေသည်။ ၄င်းတို့သည် အလွန့်အလွန် သေးငယ်ကြပြီး ဆံပင်ပေါ်တွင် သွားလာကြကာ လူ၏ မျက်နှာပေါ် သို့လည်း ရောက်လာတတ်သည်။ အထူးသဖြင့် ညဘက်အိပ်ချိန်တွင် ၄င်းတို့သည် မျက်နှာပေါ်တွင် ပျော်ပါးကြသည်။ ထို့နောက် ဆံပင်များ ရှိရာသို့ ပြန်သွားကြသည်။


Thursday, September 28, 2017

#Shisha နှင့် သင့်ကျန်းမာရေး




ခုနောက်ပိုင်း ကျွန်တော်တို့ night out သွားရင် Bar တွေ club တွေမှာ Shisha ကိုလွယ်လွယ် ကူကူနှင့် ဝယ်ယူသောက်သုံး လို့ရပါတယ် ။

Cigarette လိုမဟုတ်ဘဲ အနံ့လေးတွေကလဲ မွှေးမွှေးသင်းသင်းလေးတွေဆိုတော့ လူကြီးလူငယ် ကျား မ မရွေး စမ်းသပ်သောက်သုံးဖို့ ဝန်မလေးကြဘူးပေါ့ ဒါပေမယ့် ကျွန်တော်တို့ သောက်သုံးနေတာတွေက ကျန်းမာရေးနဲ့ ညီညွတ်ရဲ့လား ခန္ဓာကိုယ်ကို ဘယ်လိုအကျိုးသက်ရောက်မှုတွေရှိလဲ ဆိုတာတွေလဲ သိထားဖို့အလွန်အရေးကြီးတယ်လို့ ကျွန်တော် ထင်မြင်မိတယ်။