Showing posts with label လောကနီတိ. Show all posts
Showing posts with label လောကနီတိ. Show all posts

Sunday, October 22, 2017

ကောင်းကျိုးကိုယ်၌တည်ပါစေ (သို့မဟုတ်) လူ့တန်ဖိုး


ကောင်းကျိုးကိုယ်၌တည်ပါစေ (သို့မဟုတ်) လူ့တန်ဖိုး

မြန်မာအဘိဓာန်တွင် တန်ဖိုးဟူသော ဝေါဟာရကို ပစ္စည်းတစ်ခုခုကို ရောင်းဝယ်ရန် သတ်မှတ်ထားသော ငွေ ၊ ကျသင့်သော အခ ဟုလည်းကောင်း ၊ ကျေးဇူးဂုဏ် ၊ အဖိုးတန်မှုဟု လည်းကောင်း အဓိပ္ပာယ် ဖွင့်ဆိုထားသည်။ " မီးတိုင်ငယ်လည်း သူ့အရွယ်နှင့်အစွယ်နှင့် ၊ စံပယ်ဦးလည်း သူ့ဂုဏ်ထူးနှင့် ငုံဖူးနှင့် " ဆိုသလို မီးတိုင်ငယ်၏ တန်ဖိုးသည် အလင်းရောင် ၊ စံပယ်ဖူး၏ တန်ဖိုးသည် သင်းပျံ့သောရနံ့ ဖြစ်ကြောင်း ပေါ်လွင်၏။ ပတ်ဝန်းကျင်ရှိ အရာဝတ္ထု ၊ ဒြပ်ရှိ ၊ ဒြပ်မဲ့များ၏ တန်ဖိုးကို တိတိကျကျ သတ်မှတ်၍ ရနိုင်သော်လည်း လူ့တန်ဖိုးကိုမူ အတိအကျ သတ်မှတ်ရန် မလွယ်ကူပေ။ လူအများက တန်ဖိုးရှိသူ ၊ တန်ဖိုးမဲ့သူ ဟူ၍ သတ်မှတ်သုံးနှုန်း နေသည့်တိုင် မည်သည့်အရာဖြင့် တိုင်းတာခြင်း ကိုမူ ဂဃနဏ မသိကြချေ။ မိမိတို့၏ လုပ်ရပ်တစ်ခုကြောင့် တန်ဖိုးရှိသူတစ်ဦး ဖြတ်တတ်သလို တန်ဖိုးမဲ့သူ အဖြစ်သို့လည်း ကျရောက်သွားတတ်သည်။ လူ့ဘ၀တစ်ခုကို ရရှိချိန်တွင် ဘ၀ အနှစ်သာရ ပြည့်ဝစေရေး အတွက်ဆိုလျှင် လူ့တန်ဖိုး ကို နားလည်ပြီး နားလည်ထားသည့် အတိုင်း ကျင့်ကြံအားထုတ် ဆောင်ရွက်ရေးမှာ လူသားအားလုံး အတွက် အခြေခံ လိုအပ်ချက်ပင် ဖြစ်ပေသည်။

Sunday, July 20, 2008

အသားစားသူ (နှင့်) အရိုးဝါးသူ


အသားစားသူ (နှင့်) အရိုးဝါးသူ

တစ်နေ့ နံနက်တွင် ကြက်သားသည် ဒေါ်ဆွဲဆိုင်သို့ ဈေးဝယ်သူ အမျိုးသမီး နှစ်ယောက် ၀င်လာသည်။

တစ်ယောက်က အသက်(၅၀)ခန့်၊ အသားဖြူဖြူ၊ ၀၀ရုပ်ရည် သန့်သန့်၊ အကောင်းစား နိုင်ငံခြားဖြစ် ပါတိတ် ၀မ်းဆက်ကို ၀တ်ထားသည်။ လက်ဝတ် ရတနာများမှာ နံနက်ခင်း နေရောင် ခြည်အောက်တွင် ဖိတ်ဖိတ် တောက် နေသည်။ သူ့နောက်မှ အသက်(၂၀)ခန့် အမျိုးသမီး ငယ်လေး တစ်ဦးက နိုင်ငံခြားဖြစ် ပလပ်စတစ် ဆွဲခြင်းကို ဆွဲပြီး လိုက်ပါလာသည်။ အိမ်ဖော်မလေး ဖြစ်ဟန်တူသည်။

နောက်ဈေးဝယ် အမျိုးသမီး တစ်ယောက်ကတော့ အသက်(၄၀)ကျော်ခန့်၊ ပိန်ပိန် မဲမဲခြောက်ခြောက်၊ အ၀တ်အစား ခပ်နွမ်းနွမ်း၊ လက်ထဲတွင် ကျွတ်ကျွတ်အိပ် တစ်လုံးကို ကိုင်လာသည်။

ဒေါ်ဆွဲ ။ လာအစ်မတို့ ကြက်သားတွေလတ်တယ်၊ ကောင်းတယ်နော်။ ဟု ဒေါ်ဆွဲက ပျူပျူငှာငှာ ခေါ်လိုက်သည်။

၀၀အမျိုးသမီးက အဲဒီကြက် တစ်လောက်လုံးရဲ့ အသားတွေကို လိုချင်တယ်။ အရိုးမပါစေနဲ့နော် ဟု ဆိုလိုက် သဖြင့် ...

ဒေါ်ဆွဲ ။ ရမယ်--ရမယ်၊ စိတ်သာချ ဟုဆိုကာ သွတ်လက်စွာဖြင့် အသားများနွှာပြီး ချိန်ပေးလိုက်သည်။

၀၀ အမျိုးသမီးကြီးသည် တစ်တောင်ခန့်ရှိ ပိုက်ဆံအိတ်ကြီးထဲမှ အနွမ်းဆုံး ပိုက်ဆံများကို ရွေးပြီးပေးကာ ပြန်ထွက်သွားသည်။ ဒေါ်ဆွဲသည် ကျန်ဈေးဝယ်တစ်ဦးကို ကြည့်လိုက်ပြီး ..

ဒေါ်ဆွဲ ။ ဒီအစ်မကကော ဟု မေးလိုက်သည်။ ပိန်ပိန် အမျိုးသမီးက

ခုနက ကျန်ခဲ့တဲ့ ကြက်ရိုးတွေ လိုချင်ပါတယ်။ ချိန်ပေးပါ ဟု ဆိုသဖြင့် ဒေါ်ဆွဲက အရိုးများကိုချိန်ပေးလိုက်သည်။ ထိုအမျိုးသမီးသည် ကျွတ်ကျွတ်အိတ် ထဲသို့ အရိုးများကို ထိုးထိုး ထောင်ထောင် ထည့်ပြီး ကျသင့်ငွေကို ပေးကာ ပြန်ထွက်သွားပါသည်။

ဒေါ်ဆွဲသည် ငွေများကို ရေတွက်ကြည့်နေရင်း ပြောလိုက်သည့်စကားမှာ

ဒေါ်ဆွဲ ။ အင်း… တစ်ယောက်ကတော့ အသားတွေချည့် စားပြီး ၀တုတ်ပြဲနေတာပဲ၊ ဟိုတစ်ယောက်ကျတော့ အရိုးတွေပဲ ၀ါးနေလို့လား မသိဘူး။ ပိန်ကပ်နေတာပဲ။ အင်း ငါကတော့ အသားရော၊ အရိုးပါ ရောင်းလိုက်ရလို့ နေ့တွက်ကိုက်ပါပြီ။ လောကကြီးဟာ ဘယ်နေရာမှ မတူညီပါလားနော် … ဟူ၍ ဖြစ်ပါသည်။

မောင်အေးနှစ်(ပညာရေး)တင်ပြသည်။

Friday, May 2, 2008

မနေသင့်တဲ့အရပ်

မကြိုက်ဘဲ နေရတဲ့အရပ်
မချစ်ဘဲ နေရတဲ့အရပ်
မိတ်ဆွေ မရှိတဲ့အရပ်
ပညာတတ်တွေ မရှိတဲ့အရပ် မှာ
တစ်နေ့၊ တစ်ရက်တောင် မနေသင့်ပါ . . ။

လောကမှာလေ...

လ မရှိတဲ့ ည . . .
လှိုင်းမရှိတဲ့ ပင်လယ် . . .
ကြာ မရှိတဲ့ ကန် . . .
လင်မရှိတဲ့ မိန်းမတို့ဟာ
မတင့်တယ် မသာယာပါ . . . ။

Thursday, April 10, 2008

လူမိုက်

လူမိုက်ဟာ ကိုယ်မိုက်တယ်လို့ သိရင်
လူကောင်းဖြစ်နိုင်တယ်။

လူမိုက်ဟာ သူ့ကိုယ်သူ
လူကောင်းပါလို့ ပြောနေသရွေ့
လူမိုက်ပဲဖြစ်နေပါမယ်။

မိတ်ဆွေ

တောထဲက သစ်မြစ် သစ်ဖုတွေဟာ လူနာအတွက် အကျိုးပြုပါတယ်။
အနာရောဂါဟာ လူနာရဲ့ ရန်သူဖြစ်တယ်။
ကိုယ့်အကျိုးမပြုတဲ့ ဆွေမျိုးထက်
ကိုယ့်အကျိုးပြုတဲ့ သူစိမ်းဟာ
ကိုယ့်အတွက် မိတ်ဆွေဖြစ်တယ် . . . ။

blogger ကြီး၂ ငယ်၂ ရွယ်၂ ပျို၂ အို၂ အားလုံး.......