Showing posts with label Bitcoin. Show all posts
Showing posts with label Bitcoin. Show all posts

Tuesday, May 8, 2018

တိုးတက်လာသည့် ခေတ်စနစ်ကြားမှာ သတိပြုရမည့် ဒီဂျစ်တယ်ငွေကြေး


တိုးတက်လာသည့် ခေတ်စနစ်ကြားမှာ သတိပြုရမည့် ဒီဂျစ်တယ်ငွေကြေး

ငွေကြေးသုံးစွဲမှုဆိုင်ရာနည်းပညာ (Financial Technology) များသည် ခေတ်နှင့်အညီ တိုးတက် ပြောင်းလဲလျက်ရှိရာ ရှေးယခင်က ကုန်ပစ္စည်း အချင်းချင်း ဖလှယ်ခြင်းစနစ် သုံးစွဲခဲ့ရာမှ ဖွံဖြိုးတိုးတက် လာသည်နှင့်အမျှ ဒင်္ဂါးပြားများ၊ ငွေစက္ကူများကို တဖြည်းဖြည်း ပြောင်းလဲ သုံးစွဲလာခဲ့ ပါသည်။ ထို့နောက် စဉ်ဆက်မပြတ် ပြောင်းလဲလာခြင်းနှင့်အတူ ငွေကြေးပိုင်းဆိုင်ရာ ဘဏ်လုပ်ငန်းများ ပေါ်ပေါက်လာသောအခါ ငွေကြေးသုံးစွဲမှုမှာလည်း လွယ်ကူမြန်ဆန်ကျယ်ပြန့် လာစေရေးအတွက် အင်တာနက် နည်းပညာကို အသုံးချလာကြပါသည်။ Mobile Banking နည်းပညာများ ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲလာသည်နှင့်အညီ ငွေကြေးသုံးစွဲမှု ဆိုင်ရာ နည်းပညာဖွံ့ဖြိုး တိုးတက်မှုတစ်ခုအနေဖြင့်လည်း အဆင့်မြင့်ကွန်ပျုတာနည်းပညာတစ်ခုဖြစ်သည့် BlockChain နည်းပညာကိုအခြေခံ၍ အသုံးပြုထားသော Cryptocurrency (ခ) Digital Currency ဟု ခေါ်ဆိုကြသည့် ကိုင်တွယ်၍ မရသော ငွေကြေးစနစ် (Digital Money) ဒီဂျစ်တယ်ငွေကြေးတစ်မျိုးမှာ ၂၀၀၉ ခုနှစ်တွင် စတင်ပေါ်ထွက် လာခဲ့ပြီး ကမ္ဘာ့စီးပွားရေး နယ်ပယ်၌ တဖြည်းဖြည်း ပြောင်းလဲ သုံးစွဲလာ နေသည်ကို တွေ့မြင်နေရ ပါသည်။

Sunday, March 18, 2018

ဝေလေလေ - ဘစ်ကွိုင် (Bitcoin)


ဝေလေလေ - ဘစ်ကွိုင် (Bitcoin)

(၁)

Bitcoin ဆိုတာ ဘာလဲလို့ သိပြီးသူတွေ အတွက် ရေးတာဆိုတော့ ဘာလဲလို့ အဓိပ္ပာယ်ဖွင့် မနေတော့ပါဘူး။ မသိသေးသူတွေ အတွက် အနည်းငယ် မိတ်ဆက် ပေးရရင် ဘစ်ကွိုင်ဆိုတာ ဒစ်ဂျစ်တယ်စနစ်နဲ့ လုပ်ထားတဲ့ ငွေကြေးပါ။ ငွေကြေးဆိုပေမယ့် ဘယ် ဗဟိုဘဏ်ရဲ့ ထိန်းချုပ်မှု အောက်မှာမှ မရှိဘူး။ ကြားခံမပါဘဲ၊ ကိုယ့်အချင်းချင်း အပေးအယူ လုပ်နိုင်တယ်။ မှန်၊ မမှန်ကိုလည်း စစ်ဆေးနိုင်တယ်။ တခြား ငွေကြေးတွေ၊ ပစ္စည်းတွေ၊ ၀န်ဆောင်မှုတွေနဲ့ လဲလှယ်နိုင်တယ်။ ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ အထိ ဘစ်ကွိုင်နဲ့ ပေးတာကို လက်ခံတဲ့ လုပ်ငန်းတွေ တစ်သိန်းလောက် ရှိတယ်။ ၂၀၁၇ ခုနှစ်မှာ ဘစ်ကွိုင် အသုံးပြုနေသူတွေ ၃ သန်းကနေ ၆ သန်းလောက် အထိ ရှိနိုင်တယ်လို့ ခန့်မှန်းချက်တွေ ရှိတယ်။ ဘစ်ကွိုင် ကို BT တို့ XBT တို့ ဆိုတဲ့ သင်္ကေတတွေနဲ့ သုံးစွဲ သတ်မှတ်ပြီး တစ်ယူနစ်ရဲ့ တစ်ထောင်ပုံတစ်ပုံ ကနေ တစ်သန်းအထိ ပုံပြီး အရောင်းအ၀ယ် အပေးအယူ လုပ်လို့လည်း ရတယ်။

Tuesday, November 7, 2017

Bitcoin ဆိုတာ ဘာလဲ . . . . .


Bitcoin ဆိုတာ ဘာလဲ . . . . . 

ကမ္ဘာတစ်ဝန်း အရောင်းအ၀ယ် လောကမှာ နေ့စဉ် ဒေါ်လာ ထရီလီယံနဲ့ ချီပြီး စီးဆင်းနေပါတယ်။ နေရာတစ်နေရာက ဒေါ်လာငွေ ဒါမှမဟုတ် အခြားငွေ နောက် တစ်နေရာကို မှန်ကန်စွာ ရောက်ဖို့ ဘဏ်တွေ၊ Paypal လို ငွေချေစနစ်တွေက ကြားဝင်ဆောင်ရွက် ပေးပါတယ်။ အဲဒီလို ဆောင်ရွက်ပေးတဲ့ အတွက် လွှဲပို့လွှဲယူတဲ့ ငွေကြေးတွေကနေ ရာခိုင်နှုန်းနဲ့ တွက်ချက်ပြီး ၀န်ဆောင်ခ ယူပါတယ်။ အဲဒီ ၀န်ဆောင်ခ ဘယ်လောက်များ သလဲဆိုတာ ဘဏ်တွေရဲ့ ကြွယ်ဝချမ်းသာမှုကို ကြည့်လိုက်ရင် သိနိုင်ပါတယ်။ သို့သော် Bitcoin ပေါ်လာပြီး တဲ့နောက် ဒီအစဉ်အလာဟာ ပြောင်းလဲစပြု လာပါပြီ။