Showing posts with label ဘာသာပြန်ဆောင်းပါး. Show all posts
Showing posts with label ဘာသာပြန်ဆောင်းပါး. Show all posts
Saturday, December 5, 2020
ကိုကိုဒီမာ ခေါ် တားမြစ်ထားသော အသီး
ကိုကိုဒီမာ ခေါ် တားမြစ်ထားသော အသီး 
အိန္ဒိယသမုဒ္ဒရာ ထဲတွင် တည်ရှိသော ဆေရှဲလ်စ်ကျွန်းစု များတွင်သာ ပေါက်ရောက်ပြီး ရှားပါးသော အုန်းပင်မျိုးစိတ် ဖြစ်သည့် ကိုကိုဒီမာ ( Coco de mer ) ဟုခေါ်သည့် အခွံမာသီး ပါသော အပင်သည် ဒဏ္ဍာရီ အမျိုးမျိုးနှင့် ယဉ်ကျေးမှု အမွေအနှစ်များ ရှိသည့် ထူးဆန်းသည့် အပင်တစ်မျိုး ဖြစ်သည်။
Monday, November 9, 2020
ကလေးမွေးဖွားမှုကိုပါ ဒုက္ခပေးနေတဲ့ ကမ္ဘာကြီးပူနွေးမှု
ကလေးမွေးဖွားမှုကိုပါ ဒုကပေးနေတဲ့ ကမာကြီးပူနွေးမှု
ကမ္ဘာကြီး ပူနွေးမှုဆိုတာ တဖြည်းဖြည်း နဲ့ သိပ်ကို ကြောက်စရာ ကောင်းတဲ့ အခြေအနေ ဆိုးကြီးအဖြစ်ကို  ရောက်မှန်းမသိ ရောက်လာပါပြီ။ လူတွေက   ဖန်လုံအိမ် ဓာတ်ငွေ့တွေ ထုတ်လွှတ်တယ်။ ကမ္ဘာကြီးက ဖန်ပေါင်းချောင်ထဲ ရောက်နေသလို   အပူချိန်တွေ မြင့်တက်လာတယ်။ အကျိုးဆက်က တောမီးတွေ လောင်တယ်။  ထွက်လာတဲ့ မီးခိုးငွေ့ တွေကြောင့် ကမ္ဘာ့ အပူချိန်ကို  မြင့်တက်စေ ပြန်တယ်။
တောမီး လောင်မှုကြောင့်   သစ်ပင်တွေ ပျက်စီးဆုံးရှုံးပြီး သက်ရှိတွေ အသက်ရှင်သန် ဖို့အတွက်  လိုအပ်တဲ့ အောက်ဆီဂျင် ထုတ်လုပ်မှု နည်းပါးလာပြန်တယ်။ ဂေဟစနစ် တွေလည်း  ပျက်စီးလာပြီး ရာသီဥတုတွေ ကလည်း ကမောက်ကမ ဖြစ်ပြန်ပါတယ်။ ဒီတော့ ကမ္ဘာကြီး ပူနွေးမှုရဲ့ အကျိုးဆက်က  သိပ်ကို ပြင်းထန်လွန်း ပါတယ်။
Wednesday, November 4, 2020
ကလေးအသေမွေးနှုန်း ပိုတိုးလာစေနိုင်တဲ့ ကမ္ဘာ့ကပ်ရောဂါ
ကလေးအသေမွေးနှုန်း ပိုတိုးလာစေနိုင်တဲ့ ကမ္ဘာ့ကပ်ရောဂါ
ကလေးတစ်ယောက်ကို ကိုယ်ဝန်ဆောင်ဖို့ ဆိုရင် စိတ်ပိုင်းဆိုင်ရာ အရရော ၊ ရုပ်ပိုင်းဆိုင်ရာ အရရော များစွာရင်းနှီး ပေးဆပ်ရ ပါတယ်။ ဒီလို ရင်းနှီးပြီးကာမှ မွေးလာတဲ့ ကလေးက အသေ ဖြစ်နေတယ်၊ ဒါမှမဟုတ် ကိုယ်ဝန်ဆောင် နေစဉ်မှာပဲ ကလေးက သေဆုံးသွားတယ် ဆိုရင် ပထမဆုံး ရင်ကွဲမတတ် ခံစားရတာ မိခင်ပါ။ ပြီးမှသာ မိသားစုက ၀မ်းနည်း ပူးဆွေး ရတာ ဖြစ်ပါတယ်။
          ကလေး အသေမွေးတယ် ဆိုတာ ကိုယ်ဝန်အပတ် ၂၀ အောက်ပိုင်းမှာ သေဆုံးတဲ့ ကလေး မွေးဖွားမှုကို ဆိုလိုပါတယ်။ ကိုယ်ဝန်ဆောင် အယောက် ၂၀၀ မှာ တစ်ယောက် က ကလေးအသေ မွေးနိုင်ပါတယ်။
Monday, November 2, 2020
ရာသီစက်ဝန်း ကိုက်ခဲခြင်း ဝေဒနာ
ရာသီစက်ဝန်း ကိုက်ခဲခြင်း ဝေဒနာ
အမျိုးသမီးထုကြီး ၁၀ ဦးတွင် ရှစ်ဦးက ရာသီစက်ဝန်း နာကျင် ကိုက်ခဲခြင်း ဆိုသော ဝေဒနာကို ခံစားကြ ရသည်။ ထိုဝေဒနာ ဖြစ်ရခြင်းမှာ သားအိမ် အတွင်းတွင် ပရော့စတာဂလင်ဒင် ခေါ် မဟော်မုန်း အဆမတန် များပြား လာခြင်းကြောင့် ဖြစ်သည်။ ယင်း အချိန်တွင် ပရိုဂျက် စတိရုန်း ခေါ် မဟော်မုန်း တစ်မျိုး နည်းပါး လာသည်ကို တွေ့ရသည်။ ရာသီစက်ဝန်း နာကျင် ကိုက်ခဲခြင်း ကို Dysmenorrhoea ဟု ခေါ်သည်။
          သားအိမ်နံရံလွှာ တွေကနေ Prostablandin နှင့် Bradykinin ဆိုသော မဟော်မုန်း များ ထုတ်ပေးသည်။ ထိုပစ္စည်း နှစ်မျိုးသည် သားအိမ် ကြွက်သားများကို ညှစ်စေ ၊ ကျုံ့စေခြင်း ကြောင့် သားအိမ် တည်ရှိသော ဆီးစပ်တစ်ဝိုက်မှာ ညှစ်သလို ခံစားရခြင်း ဖြစ်သည်။
Sunday, November 1, 2020
မျှော်လင့်ချက်အတွက် ရှင်သန်နေရဦးမယ့် ဦးနှောက်များ
မျှော်လင့်ချက်အတွက် ရှင်သန်နေရဦးမယ့် ဦးနှောက်များ
နှလုံးခုန် ရပ်သွားတဲ့ လူတစ်ယောက်ကို သေဆုံးသွား သူလို့ ဆေးပညာအရ သတ်မှတ်ပါတယ်။ အဲဒီနောက် မှာတော့ သေသူရဲ့ ဦးနှောက် ကလည်း လျှပ်စီးပတ်လမ်း လည်ပတ်မှု မရှိတော့ဘဲ သေဆုံးသွား ပါတယ်။
          သာမန်အားဖြင့် ဆိုရင်တော့ လူတစ်ဦး သေဆုံးသွားပြီ ဆိုရင် မြေမြုပ်လိုက်မယ်။ မီးသဂြိုဟ် လိုက်မယ်။ သူ့အတွက် ရည်စူးပြီး ကောင်းမှု ကုသိုလ် တစ်ခုခု လုပ်ပေးလိုက်မယ်။ ဒါဆိုရင် လူတစ်ယောက်ရဲ့ ဘ၀ ဇာတ်သိမ်း က ပြီးသွားပါပြီ။
          ကိုယ်ချစ်ခင် မြတ်နိုးရသူ သေဆုံးသွားတဲ့ အတွက်တော့ ကျန်ရစ်သူ တွေက အကြောင်း တိုက်ဆိုင်တိုင်း လွမ်းမိ နေဦးမှာပါ။ ဖြစ်နိုင်ရန် သေဆုံးသွားသူ တွေကို အသက်ပြန်ရှင် လာစေချင်တဲ့ စိတ်က ကျန်ရစ်သူ တွေမှာ အနည်းနဲ့ အများ ရှိကြပါတယ်။
Saturday, October 31, 2020
ခေတ်သစ်ယဉ်ကျေးမှုကြောင့် ပျက်စီးသွားနိုင်တဲ့ အနာဂတ်လေးများ
ခေတ်သစ်ယဉ်ကျေးမှုကြောင့် ပျက်စီးသွားနိုင်တဲ့ အနာဂတ်လေးများ
ယနေ့ခေတ် လူငယ်များ အထူးသဖြင့် အမျိုးသမီးငယ် များမှာ ယောက်ျားသား များနှင့် တန်းတူ ရင်ပေါင်တန်းပြီး အရက်သေစာ သောက်စားခြင်း အမှုကို ပြုလာကြ ပါတယ်။ ယခင်က ကမ္ဘာ့ အရှေ့ခြမ်း ဖြစ်ဖြစ် ၊ အနောက်ခြမ်း ဖြစ်ဖြစ် ကမ္ဘာကြီးရဲ့ ဘယ်နေရာမှာ မဆို နေထိုင်တဲ့ အမျိုးသမီးငယ် ဖြစ်ဖြစ် ၊ အမျိုးသမီးကြီး ဖြစ်ဖြစ် အများစုဟာ အရက်သေစာ ကို သောက်စားခြင်း မရှိကြ ပါဘူး။
          ဒါပေမယ့် ဒီနေ့ခေတ် မှာတော့ အမျိုးသမီးငယ် များဟာ လူငယ် အများစ ပျော်စံရာ ကလပ်များ ထဲမှာသာမက အများပြည်သူ အပန်းဖြေရာ နေရာတွေ ဖြစ်တဲ့ ပန်းခြံလို နေရာမျိုး တွေမှာပါ အရက်သေစာ ကို ပေါ်ပေါ်တင်တင် သောက်စား လာကြပါတယ်။
Tuesday, October 27, 2020
ပလတ်စတစ်အမှုန်များ အန္တရာယ်နှင့် နို့ဘူးစို့ ကလေးငယ်များ
ပလတ်စတစ်အမှုန်များ အန္တရာယ်နှင့် နို့ဘူးစိုကလေးငယ်များ
များသောအားဖြင့်  မိခင်ကို့မထွက်လို့ နို့မစို့ရတဲ့   မွေးကင်းစ ကလေးငယ်တွေ၊ အခြေအနေ အမျိုးမျိုးးကြောင့် မိခင်နို့ မစို့ရတဲ့ ကလေးငယ် တွေဟာ နို့ဘူးကိုပဲ အားကိုးရပါတယ်။ နို့ဘူးထဲမှာတော့ မိခင်နို့ မဟုတ်တဲ့ ဖော်မြလိာု့မှုန့်ဖျော်ရည် တွေသာ ပါဝင်တာပါ။
ဖော်မြလိာု့မှုန့်ကို   ဖျော်ဖိုအတွက် အများအားဖြင့်   လုပ်လေ့လုပ်ထ ရှိတာကို့ဘူးထဲကို့မှုန့်ထည့်မယ်။ ရေနွေးထည့်မယ်။ ပြီးရင်ဖျော်မယ်။ အဲဒီလိုပဲ လုပ်ကြတာပါ။ ဒီလိုမျိုးနည်းနဲ့ ဖျော်လိုက်ခြင်း အားဖြင့် ဘာတွေဖြစ်သွားလဲ ဆိုရငို့ဘူးစို့ ကလေးငယ်ရဲ့ ၀မ်းဗိုက်ထဲ တစ်ရက်ကို မိုက်ခရို ပလတ်စတစ် အမှုန်ပေါင်း တစ်သန်းကျော် ၀င်ရောက်သွား ပါတယ်။
Tuesday, October 20, 2020
လုပ်ငန်းခွင် စိတ်ဖိစီးမှုလျှော့ချဖို့ အလုပ်စားပွဲပေါ် အပင်စိုက်ပါ
လုပ်ငန်းခွင် စိတ်ဖိစီးမှုလျှော့ချဖို့ အလုပ်စားပွဲပေါ် အပင်စိုက်ပါ 
         စိတ်ဖိစီးမှု ဆိုသည်မှာ လူတိုင်းတွင် ဖြစ်လေ့ဖြစ်ထ ရှိသည့် အရာဖြစ်သည်။ လုပ်ငန်းခွင် အတွင်းတွင် ပိုဆိုးသည်။ အလုပ်ရှင်လည်း အလုပ်ရှင် အလျောက် ၊ အလုပ်သမား ကလည်း အလုပ်သမား အလျောက် စိတ်ဖိစီးမှု ကိုယ်စီ ရှိကြစမြဲ ဖြစ်သည်။
          လုပ်ငန်းခွင် စိတ်ဖိစီးမှု၏ ဆိုးရွားသော အကျိုးဆက်မှာ လုပ်ငန်း တိုးတက်မှု မရှိတော့ဘဲ စိတ်ဖိစီးမှုကို မခံနိုင်သူ တချို့မှာ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံ သွားသည် အထိပင် ဖြစ်နိုင်သည်။
Monday, October 19, 2020
မထင်မှတ်ဘဲ စားမိနေသော ပလတ်စတစ်များ
မထင်မှတ်ဘဲ စားမိနေသော ပလတ်စတစ်များ
လူတိုင်း ပလတ်စတစ် များကို သိလျက် နှင့် စားမည် မထင်ပါ။ သို့သော် မထင်မှတ်ဘဲနှင့် စားမိနေသည့် ပလတ်စတစ် ပမာဏ အများအပြား ရှိမည်ဆိုရင် မည်သူမျှ ယုံမည် မဟုတ်ပါ။
          စားမိနေသော ပလတ်စတစ် များမှာ မျက်စိဖြင့် မြင်နိုင်သည့် ပမာဏ မဟုတ်ဘဲ ၅ မီလီမီတာ အောက်ရှိသည့် အရွယ်အစား အလွန် သေးငယ်သော မိုက်ခရို ပလတ်စတစ် များ ဖြစ်သည်။
          ထိုသို့သော ပလတ်စတစ် များကို အလွန် ဝေးလံသော ဒေသရှိ အာတိတ် သမုဒ္ဒရာ ၏ ရေခဲပြင် များမှ တွေ့ရှိရသည်။ သို့သော် ထို ပလတ်စတစ် များမှာ မိမိတို့၏ ခန္ဓာကိုယ် အတွင်း သို့လည်း ရောက်ရှိနေသည်။
Sunday, October 18, 2020
ငွေစက္ကူများ ၊ ဖန်သားပြင်များပေါ်မှာ ၂၈ ကြာရှင်သန်နိုင်တဲ့ ကိုရိုနာဗိုင်းရပ်စ်
ငွေစက္ကူများ ၊ ဖန်သားပြင်များပေါ်မှာ ၂၈ ကြာရှင်သန်နိုင်တဲ့ ကိုရိုနာဗိုင်းရပ်စ် 
ယခင်က အရာဝတ္ထုများ ပေါ်မှာ နိုဗယ် ကိုရိုနာ ဗိုင်းရပ်စ် တည်ရှိနိုင်မှု အခြေအနေနဲ့ ပတ်သက်ပြီး တစ်ယောက် တစ်မျိုး ဆိုသလို ပြောဆိုခဲ့ကြ ပါတယ်။ အခုတော့  သြစတြေးလျ နိုင်ငံမှာရှိတဲ့ ထိပ်တန်း ဇီဝလုံခြုံရေး ဓာတ်ခွဲခန်းရဲ့ ကျေးဇူး ကြောင့် ကိုရိုနာ ဗိုင်းရပ်စ် တည်ရှိနိုင်မှု အခြေအနေနဲ့ ပတ်သက်ပြီး  အသေးစိတ် သိလာ ရပါပြီ။ 
ဓာတ်ခွဲခန်းရဲ့ သုတေသန ပြထုတ်ပြန်ချက် အရဆိုရင် ဒီဗိုင်းရပ်စ်ဟာ ငွေစက္ကများ၊ ဖန်သားပြင် များနဲ့ လူအများစု ထိတွေနေကျ အရာဝတ္ထတွေပေါ်မှာ သီတင်းပတ် လေးပတ် ကြာတဲ့အထိ တည်ရှိ နေနိုင်ပြီး တခြားသူကို ကူးစက်နိုင်စွမ်း ရှိတယ်ဆိုတာ သိလိုက်ရပါတယ်။ 
Sunday, October 11, 2020
ကလေးငယ်တွေက ကိုရိုနာဗိုင်းရပ်ကို အလွယ်တကူ တိုက်ခိုက်နိုင်ရတဲ့ အကြောင်းရင်း
ကလေးငယ်တွေက ကိုရိုနာဗိုင်းရပ်ကို အလွယ်တကူ တိုက်ခိုက်နိုင်ရတဲ့ အကြောင်းရင်း
ယနေ့ကမ္ဘာမှာ ဖြစ်ပွားနေတဲ့ နိုဗယ်ကိုရိုနာ ဗိုင်းရပ်ဟာ ကလေး၊ လူကြီး၊ ကျား၊ မ မရွေးကူးစက် နေတာပါ။ ဘယ်သူ့မျက်နှာ ကိုမှမကြည့်ပါဘူး။ ဒါပေမဲ့လည်း ရောဂါဖြစ်တာချင်း အတူတူ မှာတောင်မှ လူကြီးတွေထက် ကလေးတွေက အဲဒီဗိုင်းရပ်ကို အလွယ်တကူ တိုက်ထုတ် နိုင်တာတွေရပါတယ်။ ဘာကြောင့်ပါလဲ။ ဘာကြောင့်လဲ ဆိုတာကို  သိနိုင်ဖို့ သုတေသီ တွေက လေ့လာမှုတွေ လုပ်ထားတာ ရှိပါတယ်။ ဒါဟာ ကိုဗစ်-၁၉ ရောဂါ  ဖြစ်ပွားသူ ကလေးငယ်တွေနဲ့ အရွယ်ရောက် ပြီးသူတွေ ကြားလုပ်တဲ့ ပထမဆုံး လေ့လာမှု ဖြစ်ပါတယ်။
Wednesday, September 18, 2019
စက္ကန့် ၆၀ အတွင်း အိပ်ပျော်အောင် အိပ်ရအောင်
စက္ကန့် ၆၀ အတွင်း အိပ်ပျော်အောင် အိပ်ရအောင်
ငယ်ငယ်တုန်းက ခေါင်းချရင် အိပ်ပျော်သွားလိုက်တာ မနက်မိုးလင်းတောင် မနည်း ထယူခဲ့ရတယ်။ အသက်ကြီး လာတာနဲ့အမျှ အကြောင်း အမျိုးမျိုးကြောင့် ညညဆိုရင် တော်တော်နဲ့ အိပ်မပျော် တော့တဲ့ ပြဿနာဟာ လူတိုင်း လိုလိုမှာ ရှိလာတယ်။ အကြောင်း တစ်ခုခုကြောင့် ညဘက် တော်တော်နဲ့ အိပ်မပျော်ဘူး ဆိုရင် ကျွန်တော် လုပ်နေကျ နည်းလမ်းလေး တစ်ခုတော့ ရှိတယ်။ လိုက်လုပ်ကြည့်ပါ။ စက္ကန့် ၆၀ အတွင်း အိပ်ပျော်ပါတယ်။ ဒါပေမဲ့ အဲဒီ နည်းလမ်းကို မမျှဝေခင်မှာ အအိပ်မမှန်ရင် ခန္ဓာကိုယ်ကို ဘယ်လောက် ဒုက္ခဖြစ်စေ သလဲဆိုတာ ကိုတော့ ဖတ်ပေးဖို့ အကြံပေးပါရစေ။
Wednesday, April 4, 2018
ဖုန်းအက်ပလီကေးရှင်း တွေကို ဘာကြောင့် အခမဲ့ထုတ်လွှင့်ကြသလဲ ?
ဖုန်းအက်ပလီကေးရှင်း တွေကို ဘာကြောင့် အခမဲ့ထုတ်လွှင့်ကြသလဲ ?
သင်ဟာ မိုဘိုင်းဖုန်း သုံးတယ်ဆိုရင် App တွေ မသုံးမဖြစ် သုံးနေပါတယ်။ သင် ဖုန်းဘေလ်ဖြည့်ဖို့ ၊ Pakcge ၀ယ်ဖို့သုံးတဲ့ App ၊ သင် ဒေတာတွေရှယ်ဖို့ သုံးတဲ့ Zapya၊ သင်သုံးနေတဲ့ Facebook အပြင် ဓာတ်ပုံ တည်းဖြတ်တဲ့ App ၊ ရုပ်သံလိုင်းတွေ ကြည့်လို့ရတဲ့ App တွေစုံလို့ နောက်ဆုံး အဘိဓာန်ကြည်ချင်ရင် တောင် App တစ်ခုခု ရှိနေပါတယ်။ ပြီးတော့ အဲဒီ App အတော်များများဟာ အခမဲ့ပါ။ အသုံးပြုနေရင်း အဆင့်မြှင့်တင် ချင်မှသာ ဒေါ်လာအနည်းငယ် ပေးသွင်းရတာဖြစ် ပါတယ်။ လူတွေဟာ App တွေကို ဘာဖြစ်လို့ အခမဲ့ထုတ်လုပ် နေကြတာပါလိမ့်။
Saturday, January 20, 2018
အသက် ၂၀ ကျော်သူများအတွက် ငွေကြေးစီမံခန့်ခွဲနည်းများ
အသက် ၂၀ ကျော်သူများအတွက် ငွေကြေးစီမံခန့်ခွဲနည်းများ
သင် အသက် ၂၀ အရွယ်မှာ ဘယ်အဆင့်ကို ရောက်နေသလဲ ဆိုတာဟာ သင့်ရဲ့ ကျန်ရှိနေသေးတဲ့ ဘ၀တစ်ခုလုံးအပေါ် အကျိုး သက်ရောက်မှု ရှိသွားနိုင်ပါတယ်။ အသက် ၂၀ ကျော်အရွယ်ဆိုတာ အလုပ်ရခါစ၊ တာဝန်တွေကလဲ သိပ်လေးလေးပင်ပင် မဟုတ်၊ ရတဲ့လစာလေးနဲ့ မုန့်ဝယ်စား၊ လိုချင်တာတွေ ၀ယ်ပြီးပျော်နေလို့ ရသေးတဲ့အရွယ် ဖြစ်ပါတယ်။ သို့သော် ဒီအရွယ်ကတည်းက မိမိငွေကြေးကို စနစ်တကျစီမံခန့်ခွဲ တတ်ပါမှ အသက် ၄၀ ကျော်တဲ့အခါ ကိုယ်ရောက်ချင်တဲ့ အဆင့်ကို ရောက်ဖို့ နီးစပ်ပါလိမ့်မယ်။
Tuesday, November 7, 2017
Bitcoin ဆိုတာ ဘာလဲ . . . . .
Bitcoin ဆိုတာ ဘာလဲ . . . . . 
ကမ္ဘာတစ်ဝန်း အရောင်းအ၀ယ် လောကမှာ နေ့စဉ် ဒေါ်လာ ထရီလီယံနဲ့ ချီပြီး စီးဆင်းနေပါတယ်။ နေရာတစ်နေရာက ဒေါ်လာငွေ ဒါမှမဟုတ် အခြားငွေ နောက် တစ်နေရာကို မှန်ကန်စွာ ရောက်ဖို့ ဘဏ်တွေ၊ Paypal လို ငွေချေစနစ်တွေက ကြားဝင်ဆောင်ရွက် ပေးပါတယ်။ အဲဒီလို ဆောင်ရွက်ပေးတဲ့ အတွက် လွှဲပို့လွှဲယူတဲ့ ငွေကြေးတွေကနေ ရာခိုင်နှုန်းနဲ့ တွက်ချက်ပြီး ၀န်ဆောင်ခ ယူပါတယ်။ အဲဒီ ၀န်ဆောင်ခ ဘယ်လောက်များ သလဲဆိုတာ ဘဏ်တွေရဲ့ ကြွယ်ဝချမ်းသာမှုကို ကြည့်လိုက်ရင် သိနိုင်ပါတယ်။ သို့သော် Bitcoin ပေါ်လာပြီး တဲ့နောက် ဒီအစဉ်အလာဟာ ပြောင်းလဲစပြု လာပါပြီ။
Saturday, November 4, 2017
တတိယအရွယ်နှင့် မျက်စိ ဝေဒနာများ
တတိယအရွယ်နှင့် မျက်စိ ဝေဒနာများ
အသက် ၄၀ ခန့် အရွယ်မှ စတင်သော တတိယ အရွယ်၌ အထွေထွေ ကျန်းမာရေး အားနည်းချက် များကို ကြုံတွေ့ ကြရသည့်နည်းတူ မျက်စိအားနည်းမှုများကိုလည်း မလွဲမသွေ ခံစားကြရမည် ဖြစ်သည်။ ထိုသို့ကြုံတွေ့ ရမည့် အခြေအနေများကို သိရှိကြခြင်း အားဖြင့် ဆောင်ရန်နှင့် ရှောင်ရန် အချက်အလက်များကို သဘောပေါက် နားလည်ကြလျက် အကျိုးများကြ စေခြင်းအလို့ငှာ ဤဆောင်းပါးကို ရေးသားတင်ပြ ရခြင်းဖြစ်သည်။
အရွယ်လွန်ချိန်၌ ကြုံတွေ့ ကြရလေ့ရှိသည့် မျက်စိ ဝေဒနာများကို အောက်ပါအတိုင်း ယေဘုယျအားဖြင့် တွေ့ရပါမည်။
Tuesday, October 31, 2017
ဆံနွယ်အလှထိန်းသိမ်းနည်း
ဆံပင်အလှနှင့် ကျန်းမာရေးကျွမ်းကျင်သူများက ပြောသော ဆံနွယ်အလှထိန်းသိမ်းနည်းများ
ဆံပင်ရှည်ရှည်နဲ့ မိန်းကလေး တစ်ယောက်ဟာ ယောက်ျားလေးတွေရဲ့ အမြင်မှာ ဆွဲဆောင်မှု ရှိနေတတ်တာ သဘာဝပါ။ ကျွန်တော်တို့မှာ အဲဒီလို ဆံပင်ရှည်ရှည်မှ မရှိတာကိုး။ ဒါပေမဲ့ မိန်းကလေးတွေရဲ့ ဆံပင် ပြဿနာတွေကို ထဲထဲဝင်ဝင်သာ သိရင် အဲဒီဆံပင် ရှည်ရှည်တွေကို ကျွန်တော်တို့ ကြိုက်ချင်မှ ကြိုက်ပါလိမ့်မယ်။ ဒီကြားထဲ ထိုင်မရ ၊ ထမရ ၊ သွားမရအောင် ရှည်တဲ့ဆံပင် ပိုင်ရှင်တွေလဲ သူတို့ဆံပင်တွေကို ဘယ်လိုများ ထိန်းသိမ်းကြသလဲ ဆိုတာ တွေးမိသလို ခေါင်းလျှော်တာ ဆိုင်မှာ ပိုကောင်းတယ်ဆိုပြီး ထွက်ထွက်သွားတဲ့ မိန်းကလေးတွေကိုလဲ ယောက်ျားလေးတွေ နားမလည်နိုင်စွာနဲ့ ကြည့်နေတတ်ကြ ပါတယ်။ အဆိုးဆုံးကတော့ ခေါင်းဖြီးပေးပါဦး ၊ ဆီရွှဲနေအောင် လိမ်းပေးပါဦး နဲ့ မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ် လုပ်ပြီး အကူအညီတောင်း လာတဲ့အခါ စိတ်ရှုပ်ရတာ ပါပဲ။
Saturday, October 28, 2017
အက်စစ်ဓာတ်ပါဝင်မှု မြင့်တက်လာသည့် ပင်လယ်ပြင်များ
ပင်လယ်နေ သတ္တ၀ါနှင့်အပင်များကို မျိုးသုဉ်းပျောက်ကွယ် စေနိုင်သည့် အက်စစ်ဓာတ်ပါဝင်မှု မြင့်တက်လာသည့် ပင်လယ်ပြင်များ
ကမ္ဘာပေါ်ရှိ လူသားတိုင်းနှင့် နိုင်ငံအသီးသီးမှ အစိုးရတိုင်းသည် ၄င်းတို့နိုင်ငံ၏ စီးပွားရေးနှင့် စစ်ရေးကိုသာ ရှေ့တန်းတင်လို ကြပြီး နျူကလီးယား ကြောင့် ကမ္ဘာပျက်မည် ဟု အများစုက ထင်မြင် ယူဆ နေကြသည်။ 
ထိုအချက်သည် မှားသည်ဟု မဆိုသာသော်လည်း ကမ္ဘာပျက်နိုင်သည့် နောက်တစ်ချက်က သီးခြား ရှိနေပြန်သည်။ ထိုအချက်မှာ နိုင်ငံအသီးသီးက ဂရုစိုက်၍ မလုပ်မဖြစ် လုပ်ရမည့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပင်ဖြစ်သည်။
Wednesday, October 25, 2017
ကလေးအတွေးနဲ့ မေးလာတတ်တဲ့ ခန္ဓာကိုယ်အကြောင်း
ကလေးအတွေးနဲ့ မေးလာတတ်တဲ့ ခန္ဓာကိုယ်အကြောင်း
ကလေးလေးတွေ တဖြည်းဖြည်းကြီးလာတာနဲ့ အမျှ သူတို့ မေးတတ်တဲ့ စပ်စပ်စုစု မေးခွန်းတွေဟာ တစ်ခါတလေ အလွန်ဖြေရခက်တတ် ပါတယ်။ ဥပမာ ခန္ဓာကိုယ် အကြောင်းတွေ ဖြစ်ပါတယ်။
Thursday, August 6, 2015
ရေခဲရေ ပုံးလိုက်အလောင်းခံရန် စိန်ခေါ်ခဲ့ကြပြီး နောက်ဝယ်
ရေခဲရေ ပုံးလိုက်အလောင်းခံရန် စိန်ခေါ်ခဲ့ကြပြီး နောက်ဝယ်
(Best of ALS Ice Bucket Challenge)
 အရင်နှစ် နွေရာသီတုန်းက Ice-bucket Challenge ဆိုတာ ခေတ်စားခဲ့တယ်။ လူတွေ တစ်ယောက်နဲ့ တစ်ယောက် ရေခဲပုံးကြီးကို ခေါင်းပေါ်ကနေ လောင်းချဖို့ စိန်ခေါ်ကြတာ ဖြစ်ပြီး သာမန်လူထု ကနေ ကမ္ဘာကျော် ပုဂ္ဂိုလ်တွေ ၊ အနုပညာနဲ့ အားကစား အကျော်အမော် တွေကအစ ကျယ်ပြန့်စွာ ပါဝင် ခဲ့ကြတယ်။ အခုလို ရေခဲရေ ပုံးလိုက် အလောင်းခံဖို့ စိန်ခေါ်ခဲ့ ကြတဲ့ နောက်ကွယ်မှာ ကမ္ဘာ လောကကြီး အတွက် ဘာတွေများ အကျိုးရှိသွား ပါလိမ့် ... ။
သင်ကိုယ်တိုင် Ice-bucket Challenge ကို ဘွာခတ် ခဲ့တယ် ဆိုရင်တောင် အနည်းဆုံး လူမှုကွန်ရက် စာမျက်နှာ တွေမှာတော့ အကျော်အမော် ပုဂ္ဂိုလ်တွေ ရေခဲပုံးလိုက် အလောင်းခံ နေပုံတွေကို ကြည့်ခွင့် ရခဲ့မှာပါ။ အဲဒါတွေဟာ တကယ်တော့ မွန်မြတ်ဖွယ် ကောင်းတဲ့ အလှူ အတန်း ပြုတဲ့နည်း တစ်ခုဖြစ်ခဲ့ပြီး ကမ္ဘာ လောကကြီးကို အများကြီး ကောင်းကျိုး ပြုခဲ့ပါတယ်။