Wednesday, April 4, 2018

ဖုန်းအက်ပလီကေးရှင်း တွေကို ဘာကြောင့် အခမဲ့ထုတ်လွှင့်ကြသလဲ ?


ဖုန်းအက်ပလီကေးရှင်း တွေကို ဘာကြောင့် အခမဲ့ထုတ်လွှင့်ကြသလဲ ?

သင်ဟာ မိုဘိုင်းဖုန်း သုံးတယ်ဆိုရင် App တွေ မသုံးမဖြစ် သုံးနေပါတယ်။ သင် ဖုန်းဘေလ်ဖြည့်ဖို့ ၊ Pakcge ၀ယ်ဖို့သုံးတဲ့ App ၊ သင် ဒေတာတွေရှယ်ဖို့ သုံးတဲ့ Zapya၊ သင်သုံးနေတဲ့ Facebook အပြင် ဓာတ်ပုံ တည်းဖြတ်တဲ့ App ၊ ရုပ်သံလိုင်းတွေ ကြည့်လို့ရတဲ့ App တွေစုံလို့ နောက်ဆုံး အဘိဓာန်ကြည်ချင်ရင် တောင် App တစ်ခုခု ရှိနေပါတယ်။ ပြီးတော့ အဲဒီ App အတော်များများဟာ အခမဲ့ပါ။ အသုံးပြုနေရင်း အဆင့်မြှင့်တင် ချင်မှသာ ဒေါ်လာအနည်းငယ် ပေးသွင်းရတာဖြစ် ပါတယ်။ လူတွေဟာ App တွေကို ဘာဖြစ်လို့ အခမဲ့ထုတ်လုပ် နေကြတာပါလိမ့်။


အများစုက App ထဲမှာ ကြော်ငြာ ထည့်ကြပါတယ်။ App အသုံးပြု သူများလေ၊ ကြော်ငြာကြည့်သူ များလေ၊ ကြော်ငြာခ ရလေပါ။ တချို့ကျတော့ ကြော်ငြာပေါ် မမှီခိုဘဲ Basic Version ကို အခမဲ့ချပေး လိုက်ပါတယ်။ သုံးသူက သဘောကျပြီး အရမ်း လိုချင်လာတဲ့ Feature တွေ အတွက်ကျတော့ အဆင့်မြှင့်တင် ခိုင်းပါတယ်။ ဈေးကလဲ မများပါဘူး။ အတော်များများက သိပ်မစဉ်းစားဘဲ ၀ယ်ယူလေ့ ရှိပါတယ်။ အချို့ App တွေထဲမှာ သုံးနေရင်းနဲ့ ၀ယ်ယူရတာတွေ ရှိပါတယ်။ ဂိမ်း App တွေက အများဆုံးပေါ့။ တချို့ App တွေကတော့ လုပ်ငန်းတွေ၊ ကုမ္ပဏီတွေကနေ တမင်တကာ ထုတ်လွှင့်ထားတဲ့ ကြော်ငြာ သက်သက် App တွေဖြစ်ပါတယ်။ ဆိုလိုရင်း ကတော့ App တွေကို အခမဲ့ ထုတ်လွှင့်ပေး နေတယ် ဆိုပေမယ့် App ပိုင်ရှင်တွေက နည်းအမျိုးမျိုးနဲ့ ငွေတွေဝင် နေတယ်ဆိုတာ ပါပဲ။

ကိုယ်လဲ အလကား သုံးရတာပဲ။ သူတို့ကလဲ ကိုယ့်ဆီကငွေကို ယူတာမဟုတ်ဘူး။ သူ့ဟာသူ ကြော်ငြာခ ရတာပဲ။ ကိစ္စမရှိပါဘူး ဆိုရင် နည်းနည်း သတိထား ရမှာလေးတွေတော့ ရှိနေပါတယ်။ App တွေက သင့်ဆီကနေ ဖုန်းနံပါတ်၊ အီးမေးလ် အဆက်အသွယ် တွေ၊ ဖုန်းအ၀င်အထွက် နံပါတ်တွေ၊ အင်တာနက် ဒေတာ၊ ပြက္ခဒိန် ဒေတာ၊ သင့် တည်နေရာ၊ လျှို့ဝှက် ID တွေ၊ သင် အဲဒီ App ကို ဘယ်လိုသုံးတယ် အစရှိတာတွေ အကုန်လုံး ကို ရသွားနိုင်ပါတယ်။

ဒါတွေကို သူတို့က စုဆောင်းပြီး ဘာဆက်လုပ်ကြ မလဲ။ ထပ်ဆင့်ထပ်ဆင့် ရှယ်ပါတယ်။ သင့်ဆီကို ဒါကြောင့်လဲ App ကြော်ငြာတွေ ရောက်ရောက် လာတာပါ။ အင်တာနက် လောကကြီးက ကျယ်ပြန့် ရှုပ်ထွေးလွန်း လှပါတယ်။ သင့် ကိုယ်ရေးအချက် အလက်တွေဟာ အင်တာနက် လုပ်ငန်းလုပ် နေသူတွေဆီကို ပြန့်သွားနိုင်ပြီး အွန်လိုင်းကနေ ကြော်ငြာမယ့် သူတွေအတွက် လူတွေရှာ နေကြတဲ့ ကုမ္ပဏီတွေ အကြိုက်ပေါ့။ သင့်ဆီက ဘာပါသွား နိုင်သလဲ။ 

အခုနောက်ဆုံး Facebook ကြုံနေရတဲ့ ပြဿနာကို လေ့လာကြည့်ပါ။ လူသန်းပေါင်း ၅၀ ကျော်ရဲ့ ကိုယ်ရေး အချက်အလက် တွေကို တခြားကုမ္ပဏီ တစ်ခုက ဘယ်လို ရသွားတာလဲ။ သူတို့ဆီမှာ အချက်အလက် တွေကို ဖြည့်ပေးဖို့ App တစ်ခုပို့ပေး လိုက်တာပါပဲ။ လူတွေကလဲ ပညာရေးနဲ့ ပတ်သက်တဲ့ စစ်တမ်းဖြစ်နေတော့ အလွယ်တကူ ဖြည့်ပေးလိုက်တယ်။ မူလကျောင်းက ရောင်းမစားခဲ့ပေမယ့် အဲဒီ App ရေးဆွဲတဲ့ ကုမ္ပဏီကတစ်ဆင့် အချက်အလက် ပေါက်ကြားသွား ခဲ့တာဖြစ်ပါတယ်။ App တစ်ခုတည်းကနေ ဒေတာ အဲဒီလောက် ပေါက်ကြားတာပါ။ App လုံးဝမသုံးဘူး ဆိုတဲ့ မိုဘိုင်းဖုန်း အသုံးပြုသူ တစ်ဦးဟာ အနည်းဆုံး ၁၀ ခုတော့ သုံးကို သုံးပါတယ်။ ပြီးတော့ User အများစုက ဖုန်း Setting တွေ ချိန်ညှိတာမျိုး မလုပ်တတ်ကြ ပါဘူး။ ဒီတော့ သင့်ဖုန်းဟာ လောကကြီးနဲ့ တိုးလျှိုပေါက်ကြီး ပွင့်နေတာပေါ့။

ဒါ့ပြင် ဟက်ကာတွေ ဖန်တီးထားတဲ့ App တွေ ရှိပါသေးတယ်။ သင့်ဖုန်းထဲကနေ သင်မရေးမိတဲ့ စာတိုတွေ၊ မက်ဆေ့တွေ ပို့တယ်ဆိုရင် သင့်ဖုန်း၊ သင့်ဒေတာ၊ သင့်အချက်လက် ကျိုးပေါက်မှုကြီးကို ဖြစ်စေတဲ့ Malware တွေ ရောက်နေပါပြီ။ နားလည်တတ်ကျွမ်း တဲ့ဆိုင်မှာ ပြသင့်ပါတယ်။ ဒီအတိုင်း ဆက်ပြီး မသုံးပါနဲ့။ Malware တွေကို ဆိုင်က ရှင်းပေးပါလိမ့်မယ်။ ရှင်းလို့ မရရင် Firmware ပြန်တင်တဲ့အထိ သူတို့ လုပ်ပါလိမ့်မယ်။ မကြာသေးခင်က အနုပညာရှင်တွေရဲ့ Facebook အကောင့်တွေ ဟက်ခံရတာ ကြားမိကြမှာပါ။ ဒီသဘောတွေပါပဲ။

အကောင်းဆုံးက ဖုန်းကိုသုံးတဲ့အခါ Facebook ကနေစပြီး အခြားသော App တွေ အားလုံးရဲ့ Privacy Setting မှာ Share ပိတ်လို့ရတဲ့အပိုင်း မှန်သမျှ ပိတ်ထားဖို့ လိုအပ်ပါတယ်။ App တွေကို အလကား ရတယ်ဆိုပေမယ့် သူ့ကို Download လုပ်တဲ့အခါမှာ ဒေတာကုန်သလို သုံးနေတဲ့ အခါမှာလဲ ကုန်နေတာတွေ အများကြီးရှိသေး တယ်ဆိုတာလဲ မမေ့ပါနဲ့လို့ လေ့လာရေးသား လိုက်ရပါတယ်။

TMK ဘာသာပြန်သည်
ရတနာပုံနေ့စဉ်

No comments: