Sunday, February 21, 2010

Fresh and Free Utilities



ကွန်ပျူတာအတွက် လိုအပ်တဲ့ Software တွေကို $ နဲ့ ၀ယ်သုံးနိုင်တာ မဟုတ်တော့ Free ရတာလေး တွေကို ရှာဒေါင်းတယ်။ ခုလည်း Fresh and Free Utilities တွေ အများကြီး ရနိုင်တဲ့ ဆိုက်တစ်ခုကို မျှဝေပေးချင်ပါတယ်။ သိပြီးသားဖြစ်ရင် နားလည်ပေး စေချင်ပါတယ်။ ဒီဆိုက်မှာ Software တွေကို အခမဲ့ဒေါင်း နိုင်ဖို့ Register လုပ်ထားရပါမယ်။ ဒါမှလည်း Software အသစ်တင်တိုင်း Register လုပ်ထားတဲ့ User ကိုအမြဲ အသိပေးနေမှာ ဖြစ်ပါတယ်။ သွားရမယ့် လိပ်စာကတော့ http://www.freshdevice.com ဖြစ်ပါတယ်။

-

Thursday, February 18, 2010

အမှန်တရားကိုဖြည့်ဆည်းပါ

အမှန်တရားကိုဖြည့်ဆည်းပါ

အမှန်တရားကို မသိနိုင် မမြင်နိုင်သူဟာ တစ်ကိုယ်ကောင်းဆန်တယ်။
  • တစ်ကိုယ်ကောင်းဆန်သူဟာ အလိုလောဘကြီးတယ်။
  • တစ်ကိုယ်ကောင်းဆန်သူဟာ တစ်ကိုယ်ရေစည်းကမ်းမရှိဘူး။
  • တစ်ကိုယ်ကောင်းဆန်သူဟာ စကားကို ပေါ့ပေါ့တန်တန်ပြောတယ်။
  • ဒီလိုလူမျိုးကို ကိုယ်ကျင့်တရား မရှိသူလို့ ခေါ်တယ်။
  • ဒီလိုလူမျိုးကို အသိပညာကင်းမဲ့သူလို့လည်း ခေါ်တယ်။

ဆရာသမားရဲ့ ကျေးဇူးသစ္စာကို အခါခပ်သိမ်း စောင့်ထိန်းသူဟာ ဘာသာတရား စိတ်ထက်သန်သူဖြစ်တယ်။
  • ဒီလိုလူမျိုးဟာ လေ့လာသင်ယူလိုစိတ် ထက်သန်သူလည်းဖြစ်တယ်။
  • ဒီလိုလူမျိုးဟာ စကားပြောရာမှာ၊ အလုပ်လုပ်ရာမှာ တစ်ဖက်သားကို ထောက်ထားစာနာတယ်။
  • ဒီလိုလူမျိုးဟာ ဆုံးမသွန်သင်တာကို ခံယူထိုက်တယ်။ အမြင့်ဆုံးသော အမှန်တရားကို ရှာဖွေသူဟာ စာပေကျမ်းဂန်ကို လေ့လာဆည်းပူးတယ်။

သင့်ကိုယ်သင် အပြစ်ကင်းစင် စေနိုင်ဖို့ သင့်အနေနဲ့ သူတစ်ပါးကို အပြစ်ကင်းစင်စေနိုင်ဖို့ အမှန်တရားကို ရှာဖွေပါ။ အမှန်တရားကို ဖြည့်ဆည်းပါ ။။

( Dr. Edith Sebnapper ရဲ့ One In All မှ )

စာရေးလိုတဲ့ စိတ်အင်အား မရှိတော့ ဘလောဂ့်ကို ပစ်ထားမိပါတယ်။ အမျိုးမျိုးသော အကြောင်းကြောင့် သံယောဇဉ်ကြီးတဲ့ ဘလောဂ်ဆီ ခြေဦးမလှည့် ဖြစ်ခဲ့ပါဘူး။ စာအသစ် မရေးနိုင်တော့ အချိန်မှန် ရောက်လာတတ်တဲ့ မိတ်ဆွေ သူငယ်ချင်းတွေကို အားနာမိတယ်။ အကြံကုန်တော့ ကျွန်တော် ငံပြာရည်ကျိုလိုက်ပါတယ်။ အားလုံးကို လေးစားခင်မင်လျက်ပါ။

Friday, January 8, 2010

Online Dictionary


Online Dictionary

အင်္ဂလိပ်-မြန်မာ နဲ့ မြန်မာ-အင်္ဂလိပ် နှစ်မျိုးလုံး အသုံးပြုနိုင်တဲ့ Dictionary ဝက်ဘ်ဆိုက် လေးတစ်ခုပါ။ ဒီဆိုက်ကို NyiMyanmar1 Font အသုံးပြု ထားပါတယ်။ NyiMyanmar1.TTF Font ကို ဒီဆိုက်ကပဲ Download လုပ်ပြီး မိမိကွန်ပျူတာရဲ့ C:\WINDOWS\Fonts Folder ထဲ ကော်ပီကူးထည့်ရုံနဲ့ မြန်မာလို အသုံးပြုလို့ ရပါတယ်။ မိမိရှာဖွေတဲ့ စာလုံးရဲ့ အသံထွက်ကိုလည်း Audio, Video တို့နဲ့ အလျဉ်းသင့်သလို အသံ/အရုပ် ထွက်ပေးပါတယ်။ စကားလုံးတွေကို အဆင့်ဆင့် ခွဲခြားစိတ်ဖြာပြီး ပြုစုထားတဲ့အတွက် အဘိဓာန် စာအုပ်တစ်အုပ်နဲ့ မခြားနားလှပါဘူး။ အသုံးတည့်ကြမယ်လို့ မျှော်လင့်ပါတယ်။

http://dictionary.all-channel.com