အမှန်တရားကိုဖြည့်ဆည်းပါ
အမှန်တရားကို မသိနိုင် မမြင်နိုင်သူဟာ တစ်ကိုယ်ကောင်းဆန်တယ်။
- တစ်ကိုယ်ကောင်းဆန်သူဟာ အလိုလောဘကြီးတယ်။
- တစ်ကိုယ်ကောင်းဆန်သူဟာ တစ်ကိုယ်ရေစည်းကမ်းမရှိဘူး။
- တစ်ကိုယ်ကောင်းဆန်သူဟာ စကားကို ပေါ့ပေါ့တန်တန်ပြောတယ်။
- ဒီလိုလူမျိုးကို ကိုယ်ကျင့်တရား မရှိသူလို့ ခေါ်တယ်။
- ဒီလိုလူမျိုးကို အသိပညာကင်းမဲ့သူလို့လည်း ခေါ်တယ်။
ဆရာသမားရဲ့ ကျေးဇူးသစ္စာကို အခါခပ်သိမ်း စောင့်ထိန်းသူဟာ ဘာသာတရား စိတ်ထက်သန်သူဖြစ်တယ်။
- ဒီလိုလူမျိုးဟာ လေ့လာသင်ယူလိုစိတ် ထက်သန်သူလည်းဖြစ်တယ်။
- ဒီလိုလူမျိုးဟာ စကားပြောရာမှာ၊ အလုပ်လုပ်ရာမှာ တစ်ဖက်သားကို ထောက်ထားစာနာတယ်။
- ဒီလိုလူမျိုးဟာ ဆုံးမသွန်သင်တာကို ခံယူထိုက်တယ်။ အမြင့်ဆုံးသော အမှန်တရားကို ရှာဖွေသူဟာ စာပေကျမ်းဂန်ကို လေ့လာဆည်းပူးတယ်။
သင့်ကိုယ်သင် အပြစ်ကင်းစင် စေနိုင်ဖို့ သင့်အနေနဲ့ သူတစ်ပါးကို အပြစ်ကင်းစင်စေနိုင်ဖို့ အမှန်တရားကို ရှာဖွေပါ။ အမှန်တရားကို ဖြည့်ဆည်းပါ ။။
( Dr. Edith Sebnapper ရဲ့ One In All မှ )
စာရေးလိုတဲ့ စိတ်အင်အား မရှိတော့ ဘလောဂ့်ကို ပစ်ထားမိပါတယ်။ အမျိုးမျိုးသော အကြောင်းကြောင့် သံယောဇဉ်ကြီးတဲ့ ဘလောဂ်ဆီ ခြေဦးမလှည့် ဖြစ်ခဲ့ပါဘူး။ စာအသစ် မရေးနိုင်တော့ အချိန်မှန် ရောက်လာတတ်တဲ့ မိတ်ဆွေ သူငယ်ချင်းတွေကို အားနာမိတယ်။ အကြံကုန်တော့ ကျွန်တော် ငံပြာရည်ကျိုလိုက်ပါတယ်။ အားလုံးကို လေးစားခင်မင်လျက်ပါ။




36 comments:
nay said... February 18, 2010 11:23 AM
Facebook မှာ အသကုန် ကစားနေတာ့ ကိုယ့်ဘလော့ ကိုမေ့နေလောက် ရောပေါ့နော်။ ပြောချင်တော့ဘူး။ လူဆိုးပဲ ဆက်လုပ်ပါ။
သဉ္ဇာအောင် said... February 18, 2010 11:25 AM
ဆားမပါတဲ့ ငံပြာရည် လာသောက်တာ
ကိုယ့်ဖာသာကိုယ် လူပျင်းမဖြစ်အောင် အရင်ကြိုးစားလိုက်အုန်း၊ အဟိ ..
Zayarr said... February 18, 2010 11:28 AM
စာတတ်ပုဂ္ဂိုလ်လေသံနဲ့ပါလား ..
ငါးတွေ အစာတောင်းနေပြီ fishville ကို မြန်မြန်သာ ကြွတော့
စာကောင်းပေမွန်များ စောင့်ဖတ်လျက်ပါ။
theint said... February 18, 2010 11:33 AM
သံယောဇဉ်တော့ မဖြတ်လိုက်ပါနဲ့
လာလာနိုမဲ့သူတွေ အများကြီးရှိတယ်ဆိုတာ မှတ်ထား
ပြန်တွေ့ရလို့ ၀မ်းသာတယ်။
လူဆိုးကြီး
လူပျောက်ကြီး
(နောက်ထပ်ရှိသေးတယ်)
မြတ်မွန် said... February 18, 2010 12:12 PM
တော်တော်ဆိုးတဲ့ အကိုပါပဲ..
ပျောက်နေလိုက်တာ..
ငံပြာရည်ကြော် စားသွားတယ်..။
reenoemann said... February 18, 2010 12:28 PM
စားစရာမရှိလို့ ငံပြာရည်ကျို လာတောင်းတာ အကို
ကျန်းမာပါစ
ဆောင်း said... February 18, 2010 1:02 PM
ငံပြာရည်ကျိုပြီးရင် ပိန်းပေါင်းလုပ်နည်း ရေးပြပါ။ ဘာပိန်းရွက်နဲ့ လုပ်တယ် ဆိုတာမသိလို့ ပိန်းရွက်ပါ ဓါတ်ပုံရိုက်ပေးပါအုန်း
flowerpoem said... February 18, 2010 1:44 PM
ရေးပါ ကိုဝင်းဇော်ရ ကျွန်မတို့ အမြဲလာဖတ်ပါတယ်. ခုငံပြာရည်လည်းကောင်းတယ် မှတ်သားစရာတွေကြီးပဲ ငံပြာရည် အနှစ်တွေပေါ့ ...
ဒဏ္ဍာရီ said... February 18, 2010 3:03 PM
ငံပြာရည်ပဲ ကျိုကျို ဆားပဲ ချက်ချက် ဒီပိုစ့်လေးကတော့ စာသားတွေ အားလုံး တန်ဖိုးရှိတယ် ကိုဝင်းဇော်..။
မှတ်သားစရာ ဝေမျှပေးလို့ ကျေးဇူးတင်ပါတယ်။
ခင်မင်လေးစားလျှက်
ညရဲ့ကောင်းကင် said... February 18, 2010 4:15 PM
ပျောက်နေတုန်းက ပျောက်နေပြီးတော့ ခုမှလာပြီး ဘာမှလာဖားမနေနဲ့ ဘရားသား...
hlaung09 said... February 18, 2010 4:38 PM
ပေါ်တော်မူကြီး
ပျောက်ချက်သားကောင်းလှချည့်လား :)..
မေသူ said... February 18, 2010 4:40 PM
ရှယ်ပေးလို့ ကျေးဇူး
နောင်လဲ အကောင်းစားလေးတွေ ရှယ်ပေးပါအုန်းလို့
ခင်မင်တဲ့
မေသူ
စိုင်းနောင့် said... February 18, 2010 4:42 PM
ဖတ်သွားတယ် ယူသွားတယ် တောရှယ် တောရှယ်
မင်းမဟော် said... February 18, 2010 4:56 PM
ခုမှ လေပြေထိုးမနေပါနဲ့
ပြန်လာလို့ ၀မ်းသာတယ် ။
နွေဆူးလင်္ကာ said... February 18, 2010 6:21 PM
အသစ်တွေ့မှ ရောက်တတ်တဲ့ အကျင့် ဖြစ်နေလို့ ခုမှ ရောက်လာပါတယ်။
Craton said... February 18, 2010 6:26 PM
မှတ်သွားသည်။
~ဏီလင်းညို~ said... February 18, 2010 6:42 PM
ကိုဝင်းဇော်ရယ်...
အတော့ကို ပျောက်နေခဲ့တာနော့....း)
ှုငံပြာရည်ကျို ကောင်းကောင်းလေး...လာမြည်းတယ်ဗျို့...။
ပေးပါဦး အစိတ်သားလောက်....း)
ခင်မင်တဲ့
ဏီလင်းညို
သက်ဝေ said... February 18, 2010 7:50 PM
ဆော့လို့ ဝ တော့မှ စာလာရေးတယ် ဟုတ်လား...
တော်တော်ဆိုးတဲ့ တော်တော်ဆိုးပဲ...း))
ရွာသားလေးဝိုင်တီယူ said... February 18, 2010 8:59 PM
ကိုဝင်းဇော်
ကျနော်ပြောတယ်မဟုတ်လားဗျာ
ပြန်အောင်ဒင်ဗိုလ်လာပြီကွ!
လောဝ်ခမ်း said... February 18, 2010 10:30 PM
ငံပြာရည်တစ်ခွက်လောက်ကျိုပြီး
နောက်ထက် ဘယ်နှလလောက် ထပ်ပျောက်အုန်းမလဲနော်
မောင်အရင်းသာဆိုရင် ဘုထွက်အောင် ခေါက်ပစ်မှာ
myawady said... February 18, 2010 10:33 PM
ဗဟုသုတရစရာ စာတွေ လာဖတ်သွားပါတယ်
မု;သုင်ခု, said... February 18, 2010 10:37 PM
:) :)
ရီချင်တယ်ကွာ
မသက်ဝေ ပြောသလိုပဲ ဖြစ်နေပြီမဟုတ်လား
အဖြူရောင်ဒဏ္ဍာရီ said... February 18, 2010 11:10 PM
လူကြီးလေသံနဲ့ ပြောရရင်
ပြန်တော့လာသေးတာပေါ့ ..... အဟီး
နှင်းဆီနီ said... February 18, 2010 11:13 PM
မကြာမကြာရောက်တယ်
အိမ်ရှင်မရှိတဲ့အချိန်ဆို စိတ်ပူမိတယ်
ခရီးများလွန်နေသလား ပေါ့နော်
နေမကောင်းဖြစ်ပြီး ဆေးရုံများ ပြန်တက်နေသလားပေါ့နော်
ပန်းခင်းလေး said... February 19, 2010 8:29 AM
အိမ်မှာငံပြာရည်ကုန်နေလို့  နဲနဲလာတောင်းတာ
င်္FBထဲမှာပဲ ဂိမ်းဆော့ နေတာတွေ့ တွေ့ နေတယ်နော်
ဂိမ်းလဲဆော့  စာလဲရေးပေါ့
နှစ်ဘက်လုံး ဘယ်သူ့ မှ မျက်နှာသာမပေးနဲ့ 
မျှတမှုရှိပါစေ !
hlaminnlay said... February 19, 2010 9:35 AM
ဒါပဲလား ..
မိုးသား said... February 19, 2010 12:38 PM
ဆားချက်တာပဲကြားဖူတယ်
ခုတော့ ငံပြာရည်ချက် လားတဲ့
မှတ်သားစရာလေးတွေအတွက် ကျေးဇူး
လိုင် said... February 20, 2010 6:03 PM
ကောင်းလိုက်တာ
မှတ်သားသွားပါတယ်
Cherrymaw said... February 21, 2010 12:18 PM
ရောက်တယ် မှတ်သွားတယ် အဆင်ပြေပြီး ပျော်ရွှင်ပါစေ
မယု said... February 21, 2010 12:19 PM
အရောက်လာပါတယ်
ဝဿန်ဦး said... February 21, 2010 2:17 PM
ရင်တွင်းဖြစ်နဲ့
စိတ်ဝင်စားစရာလေးတွေ လုပ်ပါအုန်း
မီးငယ် said... February 22, 2010 9:36 AM
ရှိပြီးသား သံယောဇဉ်ဆိုတာ ပြတ်ဖို့ ဖြတ်နိုင်ဖို့တော့ ခက်သားပါ
ဘာဖြစ်ဖြစ် လုံးဝကြီးတော့ ပစ်မထားလိုက်ပါနဲ့
နေခြည်စုစု said... February 22, 2010 9:38 AM
နေခြည်တို့ကို မေ့သွားပြီထင်နေတာ၊ ဂိမ်းတွေပဲဆော့မနေနဲ့အုန်း၊ ကလေးဆို ခြောက်လိုက်ရင်ကြောက်သွားပေမယ့်၊ လူကြီးကိုတော့ ဘယ်လို ဆုံးမရမယ်မသိ အဟီး
Sai said... February 23, 2010 11:03 AM
Thank .. :)
ရွှေညာသူ said... February 23, 2010 11:06 AM
Reading and Walking in your blogpage ..
be happy forever ...
စိုင်းလောင်မိန်းသက် said... March 2, 2010 3:56 PM
မှတ်သားသွားပါတယ်ဗျာ
Post a Comment