Thursday, February 18, 2010

အမှန်တရားကိုဖြည့်ဆည်းပါ

အမှန်တရားကိုဖြည့်ဆည်းပါ

အမှန်တရားကို မသိနိုင် မမြင်နိုင်သူဟာ တစ်ကိုယ်ကောင်းဆန်တယ်။
  • တစ်ကိုယ်ကောင်းဆန်သူဟာ အလိုလောဘကြီးတယ်။
  • တစ်ကိုယ်ကောင်းဆန်သူဟာ တစ်ကိုယ်ရေစည်းကမ်းမရှိဘူး။
  • တစ်ကိုယ်ကောင်းဆန်သူဟာ စကားကို ပေါ့ပေါ့တန်တန်ပြောတယ်။
  • ဒီလိုလူမျိုးကို ကိုယ်ကျင့်တရား မရှိသူလို့ ခေါ်တယ်။
  • ဒီလိုလူမျိုးကို အသိပညာကင်းမဲ့သူလို့လည်း ခေါ်တယ်။

ဆရာသမားရဲ့ ကျေးဇူးသစ္စာကို အခါခပ်သိမ်း စောင့်ထိန်းသူဟာ ဘာသာတရား စိတ်ထက်သန်သူဖြစ်တယ်။
  • ဒီလိုလူမျိုးဟာ လေ့လာသင်ယူလိုစိတ် ထက်သန်သူလည်းဖြစ်တယ်။
  • ဒီလိုလူမျိုးဟာ စကားပြောရာမှာ၊ အလုပ်လုပ်ရာမှာ တစ်ဖက်သားကို ထောက်ထားစာနာတယ်။
  • ဒီလိုလူမျိုးဟာ ဆုံးမသွန်သင်တာကို ခံယူထိုက်တယ်။ အမြင့်ဆုံးသော အမှန်တရားကို ရှာဖွေသူဟာ စာပေကျမ်းဂန်ကို လေ့လာဆည်းပူးတယ်။

သင့်ကိုယ်သင် အပြစ်ကင်းစင် စေနိုင်ဖို့ သင့်အနေနဲ့ သူတစ်ပါးကို အပြစ်ကင်းစင်စေနိုင်ဖို့ အမှန်တရားကို ရှာဖွေပါ။ အမှန်တရားကို ဖြည့်ဆည်းပါ ။။

( Dr. Edith Sebnapper ရဲ့ One In All မှ )

စာရေးလိုတဲ့ စိတ်အင်အား မရှိတော့ ဘလောဂ့်ကို ပစ်ထားမိပါတယ်။ အမျိုးမျိုးသော အကြောင်းကြောင့် သံယောဇဉ်ကြီးတဲ့ ဘလောဂ်ဆီ ခြေဦးမလှည့် ဖြစ်ခဲ့ပါဘူး။ စာအသစ် မရေးနိုင်တော့ အချိန်မှန် ရောက်လာတတ်တဲ့ မိတ်ဆွေ သူငယ်ချင်းတွေကို အားနာမိတယ်။ အကြံကုန်တော့ ကျွန်တော် ငံပြာရည်ကျိုလိုက်ပါတယ်။ အားလုံးကို လေးစားခင်မင်လျက်ပါ။

36 comments:

Unknown said...

Facebook မှာ အသကုန် ကစားနေတာ့ ကိုယ့်ဘလော့ ကိုမေ့နေလောက် ရောပေါ့နော်။ ပြောချင်တော့ဘူး။ လူဆိုးပဲ ဆက်လုပ်ပါ။

Unknown said...

ဆားမပါတဲ့ ငံပြာရည် လာသောက်တာ
ကိုယ့်ဖာသာကိုယ် လူပျင်းမဖြစ်အောင် အရင်ကြိုးစားလိုက်အုန်း၊ အဟိ ..

Unknown said...

စာတတ်ပုဂ္ဂိုလ်လေသံနဲ့ပါလား ..
ငါးတွေ အစာတောင်းနေပြီ fishville ကို မြန်မြန်သာ ကြွတော့

စာကောင်းပေမွန်များ စောင့်ဖတ်လျက်ပါ။

Unknown said...

သံယောဇဉ်တော့ မဖြတ်လိုက်ပါနဲ့
လာလာနိုမဲ့သူတွေ အများကြီးရှိတယ်ဆိုတာ မှတ်ထား

ပြန်တွေ့ရလို့ ၀မ်းသာတယ်။
လူဆိုးကြီး
လူပျောက်ကြီး
(နောက်ထပ်ရှိသေးတယ်)

မြတ်မွန် said...

တော်တော်ဆိုးတဲ့ အကိုပါပဲ..
ပျောက်နေလိုက်တာ..
ငံပြာရည်ကြော် စားသွားတယ်..။

Ree Noe Mann said...

စားစရာမရှိလို့ ငံပြာရည်ကျို လာတောင်းတာ အကို
ကျန်းမာပါစ

ဆောင်း said...

ငံပြာရည်ကျိုပြီးရင် ပိန်းပေါင်းလုပ်နည်း ရေးပြပါ။ ဘာပိန်းရွက်နဲ့ လုပ်တယ် ဆိုတာမသိလို့ ပိန်းရွက်ပါ ဓါတ်ပုံရိုက်ပေးပါအုန်း

flowerpoem said...

ရေးပါ ကိုဝင်းဇော်ရ ကျွန်မတို့ အမြဲလာဖတ်ပါတယ်. ခုငံပြာရည်လည်းကောင်းတယ် မှတ်သားစရာတွေကြီးပဲ ငံပြာရည် အနှစ်တွေပေါ့ ...

ဒဏ္ဍာရီ said...

ငံပြာရည်ပဲ ကျိုကျို ဆားပဲ ချက်ချက် ဒီပိုစ့်လေးကတော့ စာသားတွေ အားလုံး တန်ဖိုးရှိတယ် ကိုဝင်းဇော်..။

မှတ်သားစရာ ဝေမျှပေးလို့ ကျေးဇူးတင်ပါတယ်။

ခင်မင်လေးစားလျှက်

ညလင်းအိမ် said...

ပျောက်နေတုန်းက ပျောက်နေပြီးတော့ ခုမှလာပြီး ဘာမှလာဖားမနေနဲ့ ဘရားသား...

Unknown said...

ပေါ်တော်မူကြီး
ပျောက်ချက်သားကောင်းလှချည့်လား :)..

Unknown said...

ရှယ်ပေးလို့ ကျေးဇူး
နောင်လဲ အကောင်းစားလေးတွေ ရှယ်ပေးပါအုန်းလို့

ခင်မင်တဲ့
မေသူ

စိုင်းနောင့် said...

ဖတ်သွားတယ် ယူသွားတယ် တောရှယ် တောရှယ်

Unknown said...

ခုမှ လေပြေထိုးမနေပါနဲ့
ပြန်လာလို့ ၀မ်းသာတယ် ။

နွေဆူးလင်္ကာ said...

အသစ်တွေ့မှ ရောက်တတ်တဲ့ အကျင့် ဖြစ်နေလို့ ခုမှ ရောက်လာပါတယ်။

Anonymous said...

မှတ်သွားသည်။

~ဏီလင်းညို~ said...

ကိုဝင်းဇော်ရယ်...
အတော့ကို ပျောက်နေခဲ့တာနော့....း)
ှုငံပြာရည်ကျို ကောင်းကောင်းလေး...လာမြည်းတယ်ဗျို့...။
ပေးပါဦး အစိတ်သားလောက်....း)
ခင်မင်တဲ့
ဏီလင်းညို

သက်ဝေ said...

ဆော့လို့ ဝ တော့မှ စာလာရေးတယ် ဟုတ်လား...
တော်တော်ဆိုးတဲ့ တော်တော်ဆိုးပဲ...း))

Anonymous said...

ကိုဝင်းဇော်

ကျနော်ပြောတယ်မဟုတ်လားဗျာ

ပြန်အောင်ဒင်ဗိုလ်လာပြီကွ!

Unknown said...

ငံပြာရည်တစ်ခွက်လောက်ကျိုပြီး
နောက်ထက် ဘယ်နှလလောက် ထပ်ပျောက်အုန်းမလဲနော်
မောင်အရင်းသာဆိုရင် ဘုထွက်အောင် ခေါက်ပစ်မှာ

myawady said...

ဗဟုသုတရစရာ စာတွေ လာဖတ်သွားပါတယ်

မု;သုင်ခု, said...

:) :)
ရီချင်တယ်ကွာ
မသက်ဝေ ပြောသလိုပဲ ဖြစ်နေပြီမဟုတ်လား

အဖြူရောင်ဒဏ္ဍာရီ said...

လူကြီးလေသံနဲ့ ပြောရရင်

ပြန်တော့လာသေးတာပေါ့ ..... အဟီး

နှင်းဆီနီ said...

မကြာမကြာရောက်တယ်
အိမ်ရှင်မရှိတဲ့အချိန်ဆို စိတ်ပူမိတယ်
ခရီးများလွန်နေသလား ပေါ့နော်
နေမကောင်းဖြစ်ပြီး ဆေးရုံများ ပြန်တက်နေသလားပေါ့နော်

ပန်းခင်းလေး said...

အိမ်မှာငံပြာရည်ကုန်နေလို့  နဲနဲလာတောင်းတာ
င်္FBထဲမှာပဲ ဂိမ်းဆော့ နေတာတွေ့ တွေ့ နေတယ်နော်
ဂိမ်းလဲဆော့  စာလဲရေးပေါ့
နှစ်ဘက်လုံး ဘယ်သူ့ မှ မျက်နှာသာမပေးနဲ့ 
မျှတမှုရှိပါစေ !

Unknown said...

ဒါပဲလား ..

မိုးသား said...

ဆားချက်တာပဲကြားဖူတယ်
ခုတော့ ငံပြာရည်ချက် လားတဲ့
မှတ်သားစရာလေးတွေအတွက် ကျေးဇူး

လိုင် said...

ကောင်းလိုက်တာ
မှတ်သားသွားပါတယ်

Unknown said...

ရောက်တယ် မှတ်သွားတယ် အဆင်ပြေပြီး ပျော်ရွှင်ပါစေ

Anonymous said...

အရောက်လာပါတယ်

Unknown said...

ရင်တွင်းဖြစ်နဲ့
စိတ်ဝင်စားစရာလေးတွေ လုပ်ပါအုန်း

Unknown said...

ရှိပြီးသား သံယောဇဉ်ဆိုတာ ပြတ်ဖို့ ဖြတ်နိုင်ဖို့တော့ ခက်သားပါ
ဘာဖြစ်ဖြစ် လုံးဝကြီးတော့ ပစ်မထားလိုက်ပါနဲ့

Unknown said...

နေခြည်တို့ကို မေ့သွားပြီထင်နေတာ၊ ဂိမ်းတွေပဲဆော့မနေနဲ့အုန်း၊ ကလေးဆို ခြောက်လိုက်ရင်ကြောက်သွားပေမယ့်၊ လူကြီးကိုတော့ ဘယ်လို ဆုံးမရမယ်မသိ အဟီး

Unknown said...

Thank .. :)

Unknown said...

Reading and Walking in your blogpage ..
be happy forever ...

စိုင်းလောင်မိန်းသက် said...

မှတ်သားသွားပါတယ်ဗျာ