Online Dictionary


Online Dictionary

အင်္ဂလိပ်-မြန်မာ နဲ့ မြန်မာ-အင်္ဂလိပ် နှစ်မျိုးလုံး အသုံးပြုနိုင်တဲ့ Dictionary ဝက်ဘ်ဆိုက် လေးတစ်ခုပါ။ ဒီဆိုက်ကို NyiMyanmar1 Font အသုံးပြု ထားပါတယ်။ NyiMyanmar1.TTF Font ကို ဒီဆိုက်ကပဲ Download လုပ်ပြီး မိမိကွန်ပျူတာရဲ့ C:\WINDOWS\Fonts Folder ထဲ ကော်ပီကူးထည့်ရုံနဲ့ မြန်မာလို အသုံးပြုလို့ ရပါတယ်။ မိမိရှာဖွေတဲ့ စာလုံးရဲ့ အသံထွက်ကိုလည်း Audio, Video တို့နဲ့ အလျဉ်းသင့်သလို အသံ/အရုပ် ထွက်ပေးပါတယ်။ စကားလုံးတွေကို အဆင့်ဆင့် ခွဲခြားစိတ်ဖြာပြီး ပြုစုထားတဲ့အတွက် အဘိဓာန် စာအုပ်တစ်အုပ်နဲ့ မခြားနားလှပါဘူး။ အသုံးတည့်ကြမယ်လို့ မျှော်လင့်ပါတယ်။

http://dictionary.all-channel.com




    17 comments:

  1. ကျေးဇူး လုပ်ကြည့်ဦးမယ်..

  2. အသုံးတည့်တယ်မောင်လေးရေ
    ရှာဖွေတင်ပေးလို့ ကျေးဇူးပါ

    မယု

  3. အသုံးတည့်တယ် ကောင်းမွန်တယ် ကရိကထ မများဘူး

  4. ဂွတ်ထတယ်
    ကောက်စားလုပ်သွားပြီ တာ့တာ

  5. မီးမရရင် အစ်ကိုဝင်းဇော်အိမ်မှာ လာကြည့်မယ်
    လောလောဆယ်တော့ စာအုပ်ပဲ အားကိုးလိုက်အုန်းမယ်

    သဉ္ဇာ

  6. ကိုဝင်းဇော်ရေ...
    တက်ရီမာကာစေး....
    ကျေးဇူးးးး လို့ မလေးရှားလို ပြောတာနော်ဗျ....း))
    ခင်မင်တဲ့
    ဏီလင်းညို

  7. ဆားချက်တယ်ပေါ့
    ကောင်းပါတယ်၊ အွန်လိုင်းသမား တွေအတွက် အသုံးတည့် ပါတယ်။

  8. အွန်လိုင်းအဘိဓာန်တွေ အများကြီးထဲက ဒါလေးက သုံးရလွယ်သားပဲ ယူသွားတယ်နော် ကျေးဇူး

  9. ကောင်းတယ် ကိုဝင်းဇော် အတော်ပဲ . . .

  10. အေးဗျာ သွားကြည့်ဦးမယ်။ ကျနော်က အင်္ဂလိပ်စာ အားနည်းတော့ ကျေးဇူးပါပဲ။ ဂျာနယ်တစ်စောင်မှာ ဖတ်လိုက်ရဖူးတယ် ကျနော်က ဖတ်ဖတ်ပြီးချင်း မှတ်စုထဲ မှတ်မထားတတ်တော့ မေ့သွားတယ်။ အဲလိုပဲ ဘာသာပြန်ဆိုက်ဒ်တစ်ခုလေ ... သူကတော့ စာပိုဒ်တစ်ပိုဒ်လုံးကို ဘာသာပြန်နိုင်တယ်ဆိုပဲ ... အဲဒါလေးကော တွေ့ရင် လက်တို့ပါဦးနော်..

  11. ဒီအဘိဓာန်လေးက ပြည်ပရောက်မြန်မာတွေအတွက် အရမ်းကျေးဇူးများပါတယ်။
    အဲဒီလင့်ခ်လေး ယူထားလိုက်ပြီ။ ကျေးဇူးပါဘဲဗျာ။

  12. ကိုဏီးက မလေးရှားလိုတဲ့ ..
    ကျွန်မက တရုတ်လို ပြောမယ် အကိုရေ......
    感謝你.....

  13. link လေးအတွက်ကျေးဇူး ကိုဝင်းဇော်
    မလာတာကြာသွားပြီနော် စာတွေလာမဖတ်တော့ဘူးလား

    ခင်တဲ့
    ရွှေစင်ဦး

  14. ပျောက်ချက်သားကောင်းလှချည့်လား
    ပုံမှန်အသစ်လာရှာသွားတယ်

  15. ပျောက် .. ပျောက် .. ပျောက်

  16. ဖတ်မှတ်သွားပါတယ်

  17. ဘာဖြစ်လို့ ဖောင့်တွေ တစ်နေရာတစ်မျိုးထွင်ပြီး သုံးကြလဲ သိဘူး။ ယူနီကုတ်သုံးချင်လည်း ရှိပြီးသား သုံးလိုက်ရင် ပြီးရော။ ဘာပဲပြောပြော ဒီဆိုက်လေးက အသုံးဝင်မယ့်ပုံပါပဲ။