အနာဂတ်လှပနိုင်ကြပါစေ
ပန်းတွေ ဖူးရာကနေ ပွင့်ကြတယ်၊ အစွမ်းကုန် လှသွေးကြွယ်ပြီး အချိန်တန်တော့ ညှိုးမယ်။ ကျွန်တော်တို့လည်း နှစ်ဟောင်းကို နှုတ်ဆက်လိုက်တာနဲ့ တစ်နှစ်တော့ ထပ်အိုသွားကြတယ်။ ဒါကြောင့် ဘယ်အရာကမှ ထာဝရ ဆိုတာ မရှိပါဘူး။ မတည်မြဲတဲ့ ကျွန်တော်တို့ လူ့လောကထဲမှာ ရောက်စဉ်ခဏ အဓိပ္ပါယ်ရှိရှိ ဖြတ်သန်းနိုင်ရင်ပဲ အလှတရား ဆိုတာကို တွေ့ရမှာ ဖြစ်တယ်။ အဲဒီ အလှတရား တွေကသာလျှင် ဘဝကို ရှည်ကြာစေပြီး နေပျော်တဲ့ ရှင်သန်မှုကို ဖြစ်စေမှာ အမှန်ပါ။ အဆိုးတွေရော အကောင်းတွေနဲ့ပါ ရောပြွန်းနေတဲ့ နှစ်ဟောင်းကို ပျော်ရွှင်စွာနဲ့ပဲ ဖြတ်ကျော်လာခဲ့တယ်။ ရှေ့မှာ စောင့်နေတဲ့ ကျွန်တော်တို့ ရင်ဆိုင်တွေ့ရမယ့် နှစ်သစ်ကို လှပပြီး အောင်မြင်တဲ့ နေ့သစ်တွေပဲ ဖြစ်စေချင်တာ ဆန္ဒမှန်ပါ။ ဒါကြောင့် နှစ်သစ်မှာ အောင်မြင်လိုသူတွေ အတွက် ရှောင်ကျဉ်ရမယ့် အချက်တွေကို မျှဝေ ပေးလိုက်ပါတယ်။
ပန်းတွေ ဖူးရာကနေ ပွင့်ကြတယ်၊ အစွမ်းကုန် လှသွေးကြွယ်ပြီး အချိန်တန်တော့ ညှိုးမယ်။ ကျွန်တော်တို့လည်း နှစ်ဟောင်းကို နှုတ်ဆက်လိုက်တာနဲ့ တစ်နှစ်တော့ ထပ်အိုသွားကြတယ်။ ဒါကြောင့် ဘယ်အရာကမှ ထာဝရ ဆိုတာ မရှိပါဘူး။ မတည်မြဲတဲ့ ကျွန်တော်တို့ လူ့လောကထဲမှာ ရောက်စဉ်ခဏ အဓိပ္ပါယ်ရှိရှိ ဖြတ်သန်းနိုင်ရင်ပဲ အလှတရား ဆိုတာကို တွေ့ရမှာ ဖြစ်တယ်။ အဲဒီ အလှတရား တွေကသာလျှင် ဘဝကို ရှည်ကြာစေပြီး နေပျော်တဲ့ ရှင်သန်မှုကို ဖြစ်စေမှာ အမှန်ပါ။ အဆိုးတွေရော အကောင်းတွေနဲ့ပါ ရောပြွန်းနေတဲ့ နှစ်ဟောင်းကို ပျော်ရွှင်စွာနဲ့ပဲ ဖြတ်ကျော်လာခဲ့တယ်။ ရှေ့မှာ စောင့်နေတဲ့ ကျွန်တော်တို့ ရင်ဆိုင်တွေ့ရမယ့် နှစ်သစ်ကို လှပပြီး အောင်မြင်တဲ့ နေ့သစ်တွေပဲ ဖြစ်စေချင်တာ ဆန္ဒမှန်ပါ။ ဒါကြောင့် နှစ်သစ်မှာ အောင်မြင်လိုသူတွေ အတွက် ရှောင်ကျဉ်ရမယ့် အချက်တွေကို မျှဝေ ပေးလိုက်ပါတယ်။
(၁) စွန့်စားရန် သတ္တိမရှိခြင်း ( Unwillingness to take risks )
(၂) ဇွဲမရှိခြင်း ( Lack of persistence )
(၃) ချက်ချင်းစိတ်ကျေနပ်မှုကိုသာကြည့်ခြင်း ( Instant gratification )
(၄) ဦးစားပေးရွေးချယ်မှုမရှိခြင်း ( Lack of priorities )
(၅) ဖြတ်လမ်းလိုက်တတ်ခြင်း ( Looking for shortcuts )
(၆) တစ်ကိုယ်ကောင်းဆန်ခြင်း၊ လောဘကြီးခြင်း ( Selfshness and greed )
(၇) ခိုင်မာစွာ ယုံကြည်မှု မရှိခြင်း ( Lack of conviction )
(၈) သဘာဝ၏ ဥပဒေသများ (သဘာဝနိယာမများ)ကို နားမလည်ခြင်း ( Lack of understanding of nature's laws )
(၉) ကြိုတင်ပြင်ဆင်ရန် စိတ်မပါခြင်း ( Unwillingness to plan and prepare)
(၁၀) အကြောင်းပြခြင်း၊ ဆင်ခြေပေးခြင်း ( Rationalizing)
(၁၁) အတိတ်က အမှားများကို သင်ခန်းစာ မယူခြင်း ( Not learning from past mistakes )
(၁၂) အခွင့်အလမ်းကို မမြင်ခြင်း ( Inability to recognize opportunity )
(၁၃) ကြောက်စိတ် ( Fear )
(၁၄) ဗီဇစွမ်းရည်များကို အသုံးမချတတ်ခြင်း ( Inability to use talents )
(၁၅) စည်းကမ်းမရှိခြင်း ( Lack of discipline )
(၁၆) ကိုယ့်ကိုယ်ကိုယ် မြတ်နိုးလေးစား တန်ဖိုးထားမှု မရှိခြင်း ( Lack of self-esteem )
(၁၇) ဗဟုသုတမရှိခြင်း ( Lack of knowledge )
(၁၈) ဒုက္ခရောက်မယ့် ခံယူချက်သဘောထား ရှိခြင်း ( Fatalistic attitudes )
(၁၉) ရည်ရွယ်ချက် ကင်းမဲ့ခြင်း ( Lack of purpose )
(၂၀) သတ္တိမရှိခြင်း ( Lack of courage )
ရှင်သန်နေရသမျှ အချိန်တိုင်းကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနိုင်ကြဖို့ ဆန္ဒပြုပါတယ်။ မွန်မြတ်တဲ့ လူမှုရေး လုပ်ငန်းတွေကို စိတ်အား ထက်သန်စွာနဲ့ တတ်အားသရွေ့ ကူညီဆောင်ရွက် နိုင်သူများ ဖြစ်ကြစေဖို့ ဆန္ဒပြုပါတယ်။ နှစ်သစ်မှာ စာဖတ်သူအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံကြစေဖို့ ဆန္ဒပြုပါတယ်။
ဘ၀အမောတွေ ကြားမှာ ဆင်ခြင်လို့ ပြုံးပျော်နိုင်ကြပါစေ ....



40 comments:
Zayarr said... December 31, 2009 6:31 PM
ကိုဝင်းဇော်
ဆန္ဒတွေ လိုအင်တွေ ထပ်တူထပ်မျှ ရယူပိုင်ဆိုင် နိုင်ပါစေ
လေးစားစွာနဲ့
ဇေယျာ
မိုးသား said... December 31, 2009 6:34 PM
ရည်မှန်းချက်တွေ တစ်လုံးတစ်ခဲတည်း ပြည့်စုံပါစေဗျာ။
(အထူးသဖြင့် မြန်မြန်အိမ်ထောင်ပြုတော့)
မိုဃ်းသား
ဝဿန်ဦး said... December 31, 2009 6:37 PM
ကောင်းတယ်အစ်ကို၊ အမှန်တကယ်လိုက်နာ ကျင့်သုံး ရမဲ့ အချက်တွေပဲ။ လိုက်နာနိုင် မနိုင်တော့ စိတ်ခိုင်ခိုင်ထားမှ ဖြစ်မှာ။ တကူးတက ရှယ်ပေးလို့ ကျေးဇူး
နှစ်သစ်မှာ ပျော်ရွှင်ပါစေ
မြစ်ကျိုးအင်း said... December 31, 2009 8:23 PM
ကိုဝင်းဇော်ရေ နှစ်သစ်မင်္ဂလာဖြစ်ပါစေဗျာ
ဧရာဝတီ said... December 31, 2009 8:46 PM
ကိုဝင်းဇော်ကြီး
မင်္ဂလာနှစ်သစ်ပါ
pandora said... December 31, 2009 10:46 PM
ပျော်ရွှင်အေးချမ်းတဲ့နှစ်သစ်ဖြစ်ပါစေ
နေ့အိပ်မက် said... January 1, 2010 3:08 AM
အဲလိုမျိုးစည်းမျဉ်းသဘောဆောင်တဲ့ အချက်အလက်တွေကို ကြိုက်ဘူး။ ကိုယ်နဲ့ကိုက်တဲ့စည်းမျဉ်းကို ကိုယ်ကိုယ်တိုင်ချပြီး တကယ်လိုက်နာတာက ပိုကောင်းမယ်ထင်တယ်နော်။
လုံမလေး said... January 1, 2010 7:15 AM
မင်္ဂလာရှိသော နှစ်သစ်ဖြစ်ပါစေနော်
မိန်းမအသစ်တဲ့လား တိန်းနဲ့ထိသွားမှာပေါ့
ကာတွန်းထကြလိုလေ :P
သဉ္ဇာအောင် said... January 1, 2010 7:51 AM
မင်္ဂလာရှိသော နှစ်သစ်ဖြစ်ပါစေ ကိုဝင်းဇော်
ဆန္ဒတွေလည်း ပြည့်ဝပါစေနော်
မု;သုင်ခု, said... January 1, 2010 7:56 AM
သယ်ရင်း
နှစ်သစ်မှာ လိုအင်တွေအထပ်ထပ် ပြည့်ပါစေကွာ
လုပ်ငန်းကိုင်ငန်းတွေ အဆင်ပြေ ပါစေကွာ
ရွှေညာသူ said... January 1, 2010 8:10 AM
Happy New Year ကိုဝင်းဇော်
နှစ်သစ်မှာ အောင်မြင်မှုတွေနဲ့ ထုံလွှမ်းနိုင်ပါစေ
ပေးတဲ့ဆုတွေလည်း ပြည့်ပါစေ
ခင်မင်တဲ့
ဒဏ္ဍာရီ said... January 1, 2010 1:02 PM
Happy New Year 2010 !!!!
မင်္ဂလာရှိသော နှစ်သစ်မှာ အောင်မြင်မှုတွေ ထားဝရ ပြည့်ဝနိုင်ပါစေ ကိုဝင်းဇော်......။
မှတ်သားသင့်တဲ့ စကားတွေ အတွက်လည်း ကျေးဇူးတင်ပါတယ်။
ခင်မင်လေးစားလျှက်
စိုင်းနောင့် said... January 1, 2010 2:39 PM
နှစ်သစ်မှာ အသွင်သစ် အမြင်သစ်တွေ အလန်းသစ်တွေနဲ့ အိုကေပါစေဗျာ ...
hlaminnlay said... January 1, 2010 2:44 PM
HAPPY NEW YEAR Ko Win Zaw
Waing said... January 1, 2010 6:14 PM
မြင်သမျှ တွေ့သမျှ ကြားသမျှ အားလုံး အသစ်အသစ်တွေကြီးပဲ အဲ ဒါပေမယ့် ကာတွန်းထဲကလိုတော့ သွားမအော်နဲ့ဦးနော် ခဲစာမိမှာအမှန်ပဲး)
နှစ်သစ်မှာ အမြဲတမ်း ပြုံးပျော် ကြည်နူးနိုင်ပါစေ ကိုဝင်းဇော်ရေ.....
Cherrymaw said... January 1, 2010 7:48 PM
နှစ်သစ်စေတနာတွေအတွက် ကျေးဇူးအထူးပါ
နှင်းဆီနီ said... January 1, 2010 7:51 PM
နှစ်သစ်မှာ လုပ်ငန်းကိုင်ငန်းတွေ အဆင်ပြေပါစေ
(ကျန်းမာရေးဂရုစိုက်ပါ)
မယု said... January 1, 2010 7:53 PM
မောင်လေး ၀င်းဇော်လည်း
အနာဂတ်လှပပါစေ
စေတနာအကျိုးပေး
လက်ငင်းရရှိခံစားနိုင်ပါစေ
မယု
အနမ်း said... January 1, 2010 9:08 PM
နှစ်သစ်မှာ လူသစ်၊ စိတ်သစ်နဲ့ ဘ၀သစ်ကို ခြေလှမ်းပြီး ဆန္ဒအသစ်နဲ့ ကောင်းသော အသစ်အသစ်များရရှိပါစေ။း))
မြတ်မွန် said... January 1, 2010 11:05 PM
နှစ်သစ်မှာ ပိုစ့်ကောင်းလေး တစ်ပုဒ်ဖတ်လိုက်ရပါတယ်ရှင်..။
အကိုရေ မင်္ဂလာနှစ်သစ်ပါရှင်။
မမသီရိ said... January 2, 2010 2:26 PM
လူတိုင်း မှတ်ထားသင့်တဲ့ အဖိုးတန်အချက်ကလေးတွေ
hlaung09 said... January 2, 2010 7:59 PM
စကားလုံးလှလှလေးတွေနဲ့ လူတွေကို ဖမ်းစားမနေနဲ့နော်
လှပတဲ့ အနာဂတ်ကို ပိုင်ဆိုင်နိုင်ပါစေ
ညီမ
မေသူ said... January 2, 2010 8:11 PM
ကိုဝင်းဇော်လည်း ပျော်ရွှင်နိုင်ပါစေ။
အောင်မြင်ချင်သူတွေအတွက် အမှန်တကယ်လိုက် နာသင့်တဲ့ အချက်တွေ ဖြစ်တယ်။
ဥက္ကာ said... January 2, 2010 8:32 PM
Happy new year ကိုဝင်းဇော်
နောက်ကျမှ ရောက်တဲ့အတွက် ဆောဒီးပါ
~ဏီလင်းညို~ said... January 3, 2010 8:45 AM
ကိုဝင်းဇော်ရေ...
နှစ်သစ်မှာ ပျော်ရွှင် ကျန်းမာ အစစ အဆင်ပြေပါစေအစ်ကို....
ခင်မင်တဲ့
ဏီလင်းညို
လောဝ်ခမ်း said... January 3, 2010 11:13 AM
happy new year 4 all
theint said... January 3, 2010 11:14 AM
အဖိုးတန်စကားတွေ ယူသွားပါတယ်
နှစ်သစ်မင်္ဂလာဖြစ်ပါစေ
အဖြူရောင်ဒဏ္ဍာရီ said... January 6, 2010 7:44 AM
;)
ပျော်ရွှင်တဲ့ နှစ်သစ်ဖြစ်ပါစေ
း)
Thet said... January 6, 2010 7:46 AM
စာကောင်းပေမွန်တွေ ဒိထက်ရေးသား မျှဝေနိုင်ပါစေ
shwezinu said... January 6, 2010 12:01 PM
မှန်ပါတယ်ဗျာ
အဖိုးတန်စကားလေးတွေအတွက်ကျေးဇူးပါ
ဒါနဲ့ by the way
မုံလုပ်မကျွေးတော့ဘူးလား
kokomaung.uk said... January 7, 2010 5:01 AM
အလွန်တန်ဖိုးရှိတဲ့ နှစ်သစ်လက်ဆောင်မွန်လေးပါဘဲ။
လိုက်နာကျင့်သုံးဖို့ဘဲ လိုတော့တယ်။
နေခြည်စုစု said... January 7, 2010 11:35 AM
ကိုကိုမောင်ပြောသလိုပါပဲ
ုကိုယ်ကိုယ်တိုင် လိုက်နာဖို့ပဲကျန်တယ်
၂၀၁၀ မှာ ပို့စ်အသစ်တင်ပါအုန်း
နေခြည်
မေဆူးမောင် said... January 7, 2010 11:38 AM
FaceBook မှာပဲ ခြေရှည်ပြီး ဂိမ်းတွေပဲ လှိမ့်ကစား မနေနဲ့ ဘလောဂ့်ကိုလည်း ပြန်ကြည့်အုန်း
ပျော်ရွှင်ပါစေနော်
မိုးခါး said... January 7, 2010 11:41 AM
ချမ်းမြေ့ပျော်ရွှင်ဖွယ် နှစ်သစ်လေး ဖြစ်ပါစေး))
မနန်း said... January 7, 2010 7:56 PM
ပေးတဲ့ဆုတိုင်းပြည့်စေချင်သူပါ
စိုင်းနောင့် said... January 8, 2010 7:04 PM
7th FEB ဘာလုပ်မယ် စိတ်ကူးထားလဲ
ရေပူစမ်းသွားဖို့ ရှိတယ် ဆက်သွယ်ပါ
အိုက်နောင့်
nay said... January 8, 2010 7:08 PM
ဆောင်းတွင်းကြီး ရေပူစမ်းစိမ်တာ ရောဂါကင်းတယ် ဆိုလားပဲ၊ တို့လဲလိုက်မယ် ချန်မထားနဲ့
ပြောပြ ပြောပြ
.. ငှဲ ငှဲ
မင်းမဟော် said... January 9, 2010 12:26 AM
နှစ်ကူးမှာ ဘာမှ မကျွေးပါလားနော်
စောစံ said... January 12, 2010 11:26 AM
တကယ်ကို လိုက်နာဆင်ခြင်သင့်တဲ့ စာသားလေးတွေဗျာ။ ကျွန်တော့်သူငယ်ချင်းတွေကိုလည်း share လုပ်ချင်လို့ ကူးယူခွင့်ပြုပါနော်။
vanko said... January 27, 2010 8:50 PM
ကျေးဇူးတင်တယ် ကိုဝင်းဇော်ရေ့။ အချက် ၂၀ စလုံး ကူးသွားတယ်။ အောင်မြင်ပျော်ရွှင်ပါစေဗျာ။
Post a Comment