Sunday, July 21, 2019

ကလေးငယ်များ ပရိုတိန်းချို့တဲ့ ရောဂါ


ကလေးငယ်များ ပရိုတိန်းချို့တဲ့ ရောဂါ

ပရိုတန်းအင်အား ချို့တဲ့ရောဂါဟာ အသားဓာတ် နဲ့ ကယ်လိုရီ အင်အားဓာတ် ချို့တဲ့လို့ ဖြစ်ပွားတဲ့ အာဟာရ ချို့တဲ့ခြင်း ဖြစ်ပြီး Protein Energy Malnutrition လို့ခေါ်တယ်။ အာဟာရ ချို့တဲ့လွယ်တဲ့ အသက်အုပ်စုက ၅ နှစ်အောက် ကလေးငယ်များ ၊ ကိုယ်ဝန်ဆောင် နို့တိုက် မိခင်များ ၊ ကလေး နီးလွန်းတဲ့ မိခင်များ ၊ သက်ကြီးရွယ်အိုများ ၊ မွေးရာပါ ရောဂါရှိသူများ ဖြစ်နိုင်ပါတယ်။ စီးပွားရေး အဆင်မပြေခြင်း ၊ အာဟာရ အသိပညာ နည်းပါးခြင်း ၊ ဖြည့်စွက်စာ စတင် ကျွေးမွေးမှု နောက်ကျခြင်း ၊ ကျွေးတဲ့ ပမာဏရဲ့ အကြိမ်ရေ မလုံလောက်ခြင်း ၊ ကူးစက်ရောဂါ မကြာခဏ ဖြစ်ပွားခြင်း ၊ ၀က်သက် ၊ တီဘီ ၊ ၀မ်းပျက် ၀မ်းလျှော ၊ ၀မ်းကိုက်ရောဂါ ၊ သန်ကောင်ရောဂါ အမျိုးမျိုး တို့ကြောင့် ဖြစ်သည်။

          ကလေးရဲ့ အသက်အရွယ်အလိုက် ရှိသင့်တဲ့ ကိုယ်အလေးချိန် မရှိခြင်း ၊ ကြုံလှီခြင်း ၊ ပုညှက်ခြင်း တို့ ဖြစ်ပွားနိုင်ပြီး ရောဂါ အလွယ်တကူ ၀င်ရောက်နိုင်တယ်။ အပြင်းအထန် အာဟာရ ချို့တဲ့ရင် အသက်သေဆုံး သည်အထိ ဖြစ်နိုင်တယ်။ ဥာဏ်ရည် ဖွံ့ဖြိုးမှု နိမ့်ကျခြင်းကြောင့် ပညာရည် နိမ့်ကျမှု ဖြစ်ပေါ်နိုင် ပါတယ်။ ဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာ အသက် ၆ လမှ ၅ နှစ်အတွင်း သေဆုံးတဲ့ ကလေးရဲ့ ထက်ဝက်ကျော်ဟာ အာဟာရ ချို့တဲ့မှုနဲ့ ဆက်နွယ်နေတယ်။ ကျန်းမာတဲ့ ကလေးနဲ့ နှိုင်းယှဉ်ရင် အပြင်းအထန် အာဟာရ ချို့တဲ့တဲ့ ကလေးဟာ ရှစ်ဆ ၊ အနည်းငယ် အတော်အသင့် အာဟာရ ချို့တဲ့တဲ့ ကလေးဟာ နှစ်ဆခွဲပိုပြီး ရောဂါပိုး ၀င်ရောက် သေဆုံးနိုင်ပါတယ်။

Saturday, July 13, 2019

လေဖြတ်နိုင်ခြေ ရှေ့ပြေးနိမိတ် (၆) ချက်


လေဖြတ်နိုင်ခြေ ရှေ့ပြေးနိမိတ် (၆) ချက်

လေဖြတ်ခြင်းသည် ကမ္ဘာပေါ်တွင် လူသေဆုံးမှု အများဆုံးရောဂါ ဖြစ်သည်။ လေဖြတ်မည့် ရှေ့ပြေးနိမိတ်များ သိထားလျှင် ကြိုတင်ကာကွယ် ခြင်းဖြင့် လေဖြတ်ခြင်း ရန်မှ ကင်းဝေးနိုင်မည် ဖြစ်သည်။ လေဖြတ်ခြင်း ပုံစံနှစ်မျိုးရှိသည်။ ပထမတစ်မျိုးမှာ သွေးကြောထဲ သွေးခဲများ စုပိတ်ကာ ဦးနှောက်သို့ သွေးစီးဆင်းမှု နည်းသွားခြင်း သို့မဟုတ် လုံးဝရပ်သွားခြင်း ကြောင့် ဦးနှောက်လုပ်ငန်း အချို့ ရပ်ဆိုင်းကာ လေဖြတ်ရခြင်း ဖြစ်သည်။ နောက်ပုံစံ တစ်မျိုးမှာ ဦးနှောက်သွေးကြော ပေါက်ကာ ဦးနှောက် အခြား အစိတ်အပိုင်း များကို သွေးမရောက် တော့ဘဲ ခန္ဓာကိုယ် လုပ်ငန်းများ ရပ်ဆိုင်း သွားခြင်း ဖြစ်သည်။ ယင်း နောက်ဆုံးအဆင့် မရောက်မီ ရုတ်တရက် ဖြစ်တတ်သော ရှေ့ပြေး လက္ခဏာများ သိထားလျှင် လေမဖြတ်အောင် ကာကွယ်နိုင်မည် ဖြစ်သည်။

Thursday, July 4, 2019

ဆံပင်ဖြူခြင်းမှ ကာကွယ်နိုင်စေဖို့


ဆံပင်ဖြူခြင်းမှ ကာကွယ်နိုင်စေဖို့

ဆံပင်ဖြူခြင်း ဆိုသည်မှာ သဘာဝအားဖြင့် ဆံပင်ဖြူခြင်း နှင့်အရွယ်မတိုင်မီ ဆံပင်ဖြူခြင်းဆိုပြီး နှစ်မျိုးရှိသည်။ သဘာဝအားဖြင့် ဆံပင်ဖြူခြင်းသည် အသက် အရွယ်ကြီးခြင်း၏ လက်္ခဏာတစ်ရပ် ဖြစ်သည်။သို့သော် ယနေ့ခေတ်တွင် အရွယ်မတိုင်မီဆံပင်ဖြူခြင်းသည် အတွေ့ရများနေ၏။ အထူးသဖြင့် စီးပွားရေး လုပ်ငန်းကြီးများကို လုပ်ကိုင်ကြသူများ၊ ရာထူးကြီးကြီးကို လုပ်ကိုင်ကြသူများ၊မျိုးရိုးလိုက်သူများအနေဖြင့် ဆံပင်ဖြူကြသူများသည် နာမကျန်းဖြစ်ခြင်း၊ အပူဓာတ်ပါသော အစားအစာများ အစားများခြင်း၊ ဆေးဝါးများသုံးစွဲခြင်းတို့ ကြောင့်လည်း ဆံပင်ဖြူတတ်သည်။

ဆံပင်ဖြူခြင်းဆိုသည်မှာ အခြားသောဇရာများထက် ပို၍စောကာဖြစ်တတ် သော လဏ္ခာတစ်ရပ်ဖြစ်သည် ။ဆံပင်ဖြူခြင်း အကြောင်းရင်းများမှာ မျိုးရိုးလိုက်ခြင်း၊ စိတ်ဖိစီးမှု ဒေါသ၊ သောကများခြင်း၊ ဆံပင်၏ကျန်းမာ ရေးကိုဂရုမစိုက် ခြင်း၊ အန်္တရာယ်ကင်းသောခေါင်းလိမ်းဆီ များမလိမ်းမိခြင်း၊ ဥတုသုံးပါးတွင် ဦးခေါင်းကိုလုံးဝအကာအကွယ်မပြုခြင်း၊  ရောဂါကြီးတစ်ခု ဖြစ်နေချိန်တွင် သွေးနှင့်မသင့် သောဓာ တုဆေးဝါးတစ်ခုခု စားမိခြင်းတို့ကြောင့် ဖြစ်သည်။