Showing posts with label လက်ကိုင်ဖုန်း. Show all posts
Showing posts with label လက်ကိုင်ဖုန်း. Show all posts

Sunday, October 18, 2020

ငွေစက္ကူများ ၊ ဖန်သားပြင်များပေါ်မှာ ၂၈ ကြာရှင်သန်နိုင်တဲ့ ကိုရိုနာဗိုင်းရပ်စ်

 

ငွေစက္ကူများ ၊ ဖန်သားပြင်များပေါ်မှာ ၂၈ ကြာရှင်သန်နိုင်တဲ့ ကိုရိုနာဗိုင်းရပ်စ် 

 


ယခင်က အရာဝတ္ထုများ ပေါ်မှာ နိုဗယ် ကိုရိုနာ ဗိုင်းရပ်စ် တည်ရှိနိုင်မှု အခြေအနေနဲ့ ပတ်သက်ပြီး တစ်ယောက် တစ်မျိုး ဆိုသလို ပြောဆိုခဲ့ကြ ပါတယ်။ အခုတော့  သြစတြေးလျ နိုင်ငံမှာရှိတဲ့ ထိပ်တန်း ဇီဝလုံခြုံရေး ဓာတ်ခွဲခန်းရဲ့ ကျေးဇူး ကြောင့် ကိုရိုနာ ဗိုင်းရပ်စ် တည်ရှိနိုင်မှု အခြေအနေနဲ့ ပတ်သက်ပြီး  အသေးစိတ် သိလာ ရပါပြီ။ 

ဓာတ်ခွဲခန်းရဲ့ သုတေသန ပြထုတ်ပြန်ချက် အရဆိုရင် ဒီဗိုင်းရပ်စ်ဟာ ငွေစက္ကများ၊ ဖန်သားပြင် များနဲ့ လူအများစု ထိတွေနေကျ အရာဝတ္ထတွေပေါ်မှာ သီတင်းပတ် လေးပတ် ကြာတဲ့အထိ တည်ရှိ နေနိုင်ပြီး တခြားသူကို ကူးစက်နိုင်စွမ်း ရှိတယ်ဆိုတာ သိလိုက်ရပါတယ်။ 

Sunday, October 4, 2020

လူအများသတိမထားမိသော လက်ကိုင်ဖုန်းထက်က ပိုးမွှားအန္တရာယ်

 လူအများသတိမထားမိသော လက်ကိုင်ဖုန်းထက်က ပိုးမွှားအန္တရာယ်



မိမိတို့ ပတ်ဝန်းကျင် တွင်ရှိသော အများသုံးပစ္စည်း များ ဖြစ်ကြသည့် မီးခလုတ်များ ၊ တံခါးလက်ကိုင်ဘု များ ၊ ဓာတ်လှေကား အတွင်း အပြင် ခလုတ်များ ၊ ကွန်ပျူတာ လက်ကွက်များ ၊ လှေကား လက်တန်းများ ၊ တီဗွီရီမုခ်များ ၊ ရေခဲသေတ္တာ တံခါး လက်ကိုင်များ နှင့် ငွေကြေးစက္ကူများ စသည်တို့မှ ကူးစက်ရောဂါ ဗိုင်းရပ်စ် ပိုးမွှား အန္တရာယ် ဖြစ်စေနိုင်သည် ကို ကျန်းမာရေး အသိအမြင် ရှိသူတိုင်း သိထားကြပြီး ဖြစ်သည်။



Wednesday, April 4, 2018

ဖုန်းအက်ပလီကေးရှင်း တွေကို ဘာကြောင့် အခမဲ့ထုတ်လွှင့်ကြသလဲ ?


ဖုန်းအက်ပလီကေးရှင်း တွေကို ဘာကြောင့် အခမဲ့ထုတ်လွှင့်ကြသလဲ ?

သင်ဟာ မိုဘိုင်းဖုန်း သုံးတယ်ဆိုရင် App တွေ မသုံးမဖြစ် သုံးနေပါတယ်။ သင် ဖုန်းဘေလ်ဖြည့်ဖို့ ၊ Pakcge ၀ယ်ဖို့သုံးတဲ့ App ၊ သင် ဒေတာတွေရှယ်ဖို့ သုံးတဲ့ Zapya၊ သင်သုံးနေတဲ့ Facebook အပြင် ဓာတ်ပုံ တည်းဖြတ်တဲ့ App ၊ ရုပ်သံလိုင်းတွေ ကြည့်လို့ရတဲ့ App တွေစုံလို့ နောက်ဆုံး အဘိဓာန်ကြည်ချင်ရင် တောင် App တစ်ခုခု ရှိနေပါတယ်။ ပြီးတော့ အဲဒီ App အတော်များများဟာ အခမဲ့ပါ။ အသုံးပြုနေရင်း အဆင့်မြှင့်တင် ချင်မှသာ ဒေါ်လာအနည်းငယ် ပေးသွင်းရတာဖြစ် ပါတယ်။ လူတွေဟာ App တွေကို ဘာဖြစ်လို့ အခမဲ့ထုတ်လုပ် နေကြတာပါလိမ့်။