ဆောင်းရာသီဓာတ်စာ ဆေးဖက်ဝင်လိမ္မော်သီး
လိမ္မော်သီးသည် ချိုသော ရှောက်မျိုးနွယ်ဖြစ်ပြီး
တရုတ်နိုင်ငံတွင် ဘီစီ ၂၅၀၀ မှစ၍ စိုက်ပျိုးလာခဲ့ကြ ပါသည်။ ကမ္ဘာပေါ်တွင် လိမ္မော်သီး
မျိုးကွဲပေါင်း မြောက်များစွာ ရှိကြရာ ယေဘုယျအားဖြင့် လိမ္မော်သီးကို အချိုမျိုး၊
အချဉ်မျိုး၊ အခါးမျိုးဟူ၍ တွေ့ရပါသည်။ ယခုအခါ မြန်မာပြည်တွင် လိမ္မော်သီးများကို ၁၂
လရာသီပတ်လုံး မြင်တွေ့ကြရပါသည်။ မြန်မာနိုင်ငံတွင် လိမ္မော်ပင်များကို ရှမ်းပြည်နယ် (တောင်ပိုင်း) ပင်လောင်း၊
အောင်ပန်း၊ နောင်တရား နှင့် ကလောဒေသ တို့တွင် လည်းကောင်း၊ ကယားပြည်နယ် အတွင်း ဘောလခဲမြို့နယ်၊
ဖရူဆိုမြို့နယ်၊ ဒီးမော့ဆိုမြို့နယ် တို့ရှိကျေးရွာ တို့တွင်လည်းကောင်း စီးပွားဖြစ်
သာမက၊ မိသားစုအပိုဝင်ငွေ ရရန် တစ်ပိုင်တစ်နိုင် အဖြစ်ပါ တိုးချဲ့စိုက်ပျိုးလျက် ရှိကြသည်။
အထူးသဖြင့် ဆောင်းရာသီတွင် လှိုင်လှိုင်ပေါပြီး
ရှမ်းပြည် (တောင်ပိုင်း) မှလာသော အရည်ရွှမ်းကာ အရသာလေးသည့် “အောင်ပန်းသီး”၊ အခွံပါးကာ
အရွယ်ငယ်သော်လဲ အစေ့နဲနဲဖြင့် အလွန်ချိုသည့် “ပျားလိမ္မော်”၊ ကချင်ပြည်နယ်
ပူတာအို ဘက်မှထွက်ရှိသော “Gun
Fruit” (ခေါ်) အခွံပါဝါးစားလို့ ရသည့် “လိမ္မော်ငယ်” တို့က
နံမည်ကြီးပါသည်။ လိမ္မော်သီးကို အစာပြေ သွားရည်စာသစ်သီး အဖြစ်စားကြသလို၊ လန်းဆန်း အမောပြေ
ဖျော်ရည်အဖြစ်လည်း သောက်ကြပါသည်။
လိမ္မော်သီးနှင့်ကျန်းမာရေး
၁၀၀ ဂရမ် အလေးချိန်ရှိသော လိမ္မော်သီး လတ်လတ်ဆတ်ဆတ်
တွင် ခွန်အား ၄၇ ကယ်လိုရီ၊ ကဆီဓာတ် ၁၁ ဒသမ ၇၅ ဂရမ်၊ ပရိုတင်း သုည ဒသမ ၉၄ ဂရမ်၊
အဆီဓာတ် သုည ဒသမ ၁၂ ဂရမ်၊ ချေဖျက်လွယ်သော အမျှင်ဓာတ် ၂ ဒသမ ၄၀ ဂရမ်၊ ဖောလိပ် ၃၀ မိုကကဂိုဂရမ်၊
နီအာစင် သုည ဒသမ ၂၈၂ မီလီဂရမ်၊ Pantothenic
အက်ဆစ် သုည ဒသမ ၂၅၀ မီလီဂရမ်၊ Pyridoxine
သုညဒသမ ၀၆ မီလီဂရမ်၊ Riboflavin
သုညဒသမ၀၄ မီလီဂရမ်၊ ဗီတာမင်ဘီ (သီအာမင်) သုည ဒသမ ၁ မီလီဂရမ်၊
ဗီတာမင်စီ ၅၃ ဒသမ ၂ မီလီဂရမ်၊ ဗီတာမင်အေ ၂၂၅ အိုင်ယူ၊ ဗီတာမင်အီး သုည ဒသမ ၁၈
မီလီဂရမ်၊ ပိုတက်စီယမ် ၁၆၉ မီလီဂရမ်၊ ကယ်လ်စီယမ် ၄၀ မီလီဂရမ်၊ ကော့ပါး ၃၉ မိုက်ခရိုဂရမ်၊
သံဓာတ် သုည ဒသမ ၁၀ မီလီဂရမ်၊ မဂနီစီယမ် ၁၀ မီလီဂရမ်၊ မဂ္ဂနီးစ် သုည ဒသမ ၀၂၄
မီလီဂရမ်၊ ဇင့် သုည ဒသမ ၀၈ မီလီဂရမ်၊ ဘီတာကယ်ရိုတင်း ၇၁ မိုက်ခရိုဂရမ်၊
အယ်လ်ဖာကယ်ရိုတင်း ၁၁ မိုက်ခရိုဂရမ်၊ Crypto-xanthin-β
၁၁၆ မိုက်ခရိုဂရမ်၊ လူတိန်း-zeaxanthin
၁၂၉ မိုက်ခရိုဂရမ် တို့  အသီးသီး ပါရှိကြပါသည်။
·
လူတစ်ယောက်၏ တစ်နေ့တာ ဗီတာမင်စီ လိုအပ်ချက် ပမာဏကို
လိမ္မော်သီး ၁၃၀ ဂရမ်မှ ရရှိနိုင်ပါသည်။ လိမ္မော်သီးသည် ဗီတာမင်စီဓာတ် တို့စုဝေးရာ
အရင်းအမြစ်ဖြစ်ပြီး polyphenols
(ခေါ်) ဓာတ်တိုး ဆန့်ကျင်ပစ္စည်း များလဲကြွယ်ဝစွာ ပါရှိခြင်းတို့ကြောင့်
ကိုယ်ခံစွမ်းအား တိုးတက်မြင့်မားကာ အအေးမိ၊ နှာစေး၊ ချောင်းဆိုး၊ တုပ်ကွေးစသော ရာသီဖျားများ
ကူးစက်ခြင်းမှ ကာကွယ်ပေး နိုင်ပါသည်။ ထို့ကြောင့် လိမ္မော်သီးကို ဆောင်းရာသီ
ဓာတ်စာအဖြစ် စားပေးသင့် ပါသည်။
·
The
University of Maryland Medical Center မှ သုတေသနပြုချက် အရ၊ အသီးထဲတွင်
ပါရှိသော ဘီတာ ကယ်ရိုတင်းက ခန္ဓာကိုယ်ထဲရှိ ဆဲလ်များကို မပျက်စီးစေနိုင်ဟု ဆိုပါသည်။
ထို့ပြင် သွေးလွှတ်ကြောများကို ပျော့ပြောင်းစေပြီး အနာကျက်မှုကို မြန်စေသော
အစွမ်းရှိသဖြင့် ကိုယ်တွင်းကိုယ်ပ အနာများကို ပျောက်စေပါသည်။
·
လိမ္မော်သီးထဲတွင် liminoid
ဓာတ်ပေါင်းစု ပါရှိသည့်ပြင်၊ အခွံအောက် လိမ္မော်သီးတွင် ကပ်နေသော ဖော့သား အဖြူရောင်၌
bioflavonoids နှင့်
Pectin ဓာတ်တို့ပါရှိ၏။
ထိုဓာတ်များက သက်စောင့်ဆေးအဖြစ် ကင်ဆာရောဂါ တို့ကို တိုက်ဖျက်ပေး နိုင်သော
အစွမ်းသတ္တိရှိ၍ အစာမျိုပြွန်၊ ခံတွင်း၊ အရေပြား၊ အဆုပ်၊ ရင်သား၊ အစာအိမ် နှင့်
အူမကြီး ကင်ဆာတို့ကို တိုက်ထုတ်ပေး ပါသည်။ ထိုမျှမက လိမ္မော်သီး အသားတွင် ကပ်နေသော
အဖြူရောင် အမျှင်များထဲတွင် alkaloid
synephrine ပါရှိပေရာ၊ ၄င်းက အသည်းမှ ကိုလက်စထရော ထုတ်လုပ်မှုကို
လျော့ချပေးသည့်ပြင် သွေးနှင့် အရေပြားအောက်မှ မလိုလားအပ်သော အဆီများကို စုတ်ထုတ်
ပေးနိုင်စွမ်း ရှိပါသည်။
·
လိမ္မော်သီးအခွံကို နေ့စဉ်နဲနဲစီ စားသုံးပေးခြင်းဖြင့် သွေးထဲရှိ
မကောင်းသော ကိုလက်စထရောလ် (Low
Density Lipoprotein- LDL) ပမာဏ ၃၃ ရာခိုင်နှုန်း လျော့နည်းစေကြောင်း အမေရိကန်
စိုက်ပျိုးရေးဌာန၏ အစီရင်ခံစာ တစ်ခုတွင် ဖော်ပြထားပါသည်။
·
လိမ္မော်သီးထဲတွင် ကယ်လိုရီနဲပါးပြီး ပြည့်ဝဆီနှင့်
ကိုလက်စထရော တို့လုံးဝမပါရှိ သည့်ပြင်၊ ချေဖျက်လွယ်သော အမျှင်နှင့် pectin တို့ ကြွယ်ဝစွာ
ပါရှိသောကြောင့် ခန္ဓာကိုယ် အလေးချိန် ပုံမှန်ထိန်းသိမ်း လိုသူများကို
လွန်စွာကောင်း ကျိုးပြုပေးပါသည်။
·
အသီးထဲတွင် ပါရှိသော alkaline
အစွမ်းက အစာချေစံနစ်ကို တိုးတက်ကောင်းမွန် စေပြီး ၀မ်းချုပ်ခြင်းမှ
ကာကွယ်ပေး၏။ အစာမကျေ၊ လေနာ၊ လေချုပ်နှင့် ခန္ဓာကိုယ်ရှိ အဆိပ်များကို
ဖယ်ရှားစေရန်အတွက် လိမ္မော်သီးကို မခွံမနွှာဘဲ လေးစိပ်ခွဲ၍ အရက်နှင့်စိမ်ပြီး
နည်းနည်းချင်း သောက်ပေးသင့် ပါသည်။ ဝမ်းမမှန်သူများသည် လိမ္မော်ရည် တစ်ဖန်ခွက်စာ ပမာဏကို
မီးနွေးနွေးပြ၍ ဆားပုပ် (ငရုတ်ကောင်းစေ့ခန့်) နှင့် ချင်းခြောက်မှုန့် (တစ်ဇွန်းခန့်)
ထည့်ပြီး အအေးခံသောက်ရုံဖြင့် ဝမ်းမှန်၍ ခံတွင်းပြန်ကောင်း လာစေနိုင်ပါသည်။
·
လိမ္မော်သီးထဲရှိ ပိုတက်စီယမ် အစွမ်းက နှလုံးခုန်နှုန်းနှင့် သွေးဖိအားတို
့ကို မျှချေဖြစ်စေပြီး နှလုံးရောဂါဝေဒနာ တို့ ကို သက်သာစေနိုင်၏။ ဂျပန်နိုင်ငံ
သုတေသန ပညာရှင်များ၏ လေ့လာချက်အရ flavonoids
နှင့် ဗီတာမင်စီ မြင့်မားစွာပါရှိသော လိမ္မော်သီးကို ပုံမှန်စားသုံးသူသည်
သွေးခဲခြင်းမှ ကာကွယ်ပေးကြောင်း၊ ဆံချည်မျှင် သွေးကြောများ ပျော့ပျောင်း၍
နှလုံးသွေးလွှတ်ကြော ကိုလည်း ကျယ်စေကြောင်း၊ ထို့ကြောင့် နှလုံး သွေးကြောကျဉ်း
ဝေဒနာရှင်များ လိမ္မော်သီးကို မှန်မှန်စားပေးသင့် သည်ဟု အကြံပြုထား ပါသည်။
လိမ္မော်သီး အခွံခြောက် ၂ ဂရမ်ခန့် ကို ရေသုံးခွက် တစ်ခွက်တင်ကြို၍ သောက်သုံး ပေးခြင်းဖြင့်
နှလုံးရောဂါ အမျိုးမျိုးကို သက်သာစေပါသည်။
·
ဓာတ်ခွဲစမ်းသပ်ချက် များအရ လိမ္မော်သီးထဲတွင် ပါရှိသော မဂ္ဂနီစီယမ်
နှင့် flavonoid (ခေါ်)
hesperidin တို
့က သွေးပေါင်ချိန်ကို လျော့စေရုံ သာမကေ သွတိုးရောဂါနဲ့ ဆက်စပ်သော ဆီးချိုတို
့ကိုလဲ ဖြစ်မလာစေပါ။
·
သဘာဝ လိမ္မော်ရည်ကို မှန်မှန် သောက်ပေးခြင်းဖြင့် ကျောက်ကပ် ကျောက်တည်ခြင်းကို
ဟန့်တားပေး နိုင်ပါသည်။ အမေရိကန်နိုင်ငံ စုတားပြည်နယ် ဆေးပညာဌာနမှ သုတေသီများ၏ လေ့လာချက်အရ
ဆီးကျောက် တည်သူများ လိမ္မော်ရည် သောက်သုံးခြင်း အားဖြင့် နောက်တဖန် ဆီးကျောက် ပြန်မတည်စေရန်
အထောက်အကူ ပြုကြောင်း တွေ့ရသည်ဟု ဖော်ပြထားပါသည်။
·
လိမ္မော်သီးထဲတွင် ပါရှိသော ကယ်လ်စီယမ် သတ္တုဓာတ်က အရိုးနှင့်
သွားများကို ကျန်းမာကြံ့ခိုင် စေပြီးသွားဖုံး သွေးယိုစီးခြင်း နှင့် ရေစီးကမ်းပြို
ရောဂါတို့ မဖြစ်စေပါ။ ကိုယ်ဝန်ဆောင် မိခင်များ လိမ္မော်သီး စားပေးခြင်းဖြင့်
ကလေးငယ်တွင် မွေးရာပါ အရိုးပျော့ရောဂါ မဖြစ်စေနိုင်ပါ။
·
လိမ္မော်သီးထဲတွင် ပါဝင်သော ဆစ်ထရက် အက်ဆစ်သည်
ပင်ပန်းနွမ်းနယ်မှုကို ဖယ်ရှားပေးနိုင်၏။ ထို့ပြင် ဖောလစ် အက်ဆစ် ပါရှိခြင်းကြောင့်
ဦးနှောက်စွမ်းအားကို တိုးတက်ကောင်းမွန် စေရုံသာမက အသက်အရွယ်ကြီး ခြင်းကြောင့်
မှတ်ဥာဏ် စွမ်းပကားနိမ့်ကျခြင်း နှင့် အာရုံကြော အားနဲခြင်းတို့ကို သက်သာစေပါသည်။
အထူးသဖြင့် ဂျပန်နိုင်ငံမှ ထွက်ရှိသော satsuma
အမျိုးအစား လိမ္မော်သီးထဲတွင် beta-cryptoxanthin
ဓာတ်တို့ ပေါကြွယ်ဝသဖြင့် DNA
ပျက်စီးခြင်းကို လျော့ချပေးသည့်ပြင် ဦးနှောက် အမြှေးပါးရောင်ခြင်းနှင့်
ဦးနှောက်ဇရာ အကြိုရောဂါတို့ ကိုလျော့ချပေး ပါသည်။
·
အာရုံကြော အားနည်းခြင်း နှင့် အာရုံစူးစိုက်နိုင်မှု အားနည်းခြင်းတို့
အတွက် လိမ္မော်ပွင့် ခြောက်ကို တစ်နေ့ နှစ်ကြိမ်မှန်မှန် စားလျှင်
အကြောအားကောင်းပြီး မှတ်ဥာဏ်တိုး စေနိုင်၏။ သွေးလေ ညီညွတ်၍ ဦးနှောက်
ကြည်လင်လန်းဆန်း စေရန်အတွက် လိမ္မော်ရွက် ၅၀ ခန့်ကို စပျစ်ဝိုင်သို့ မဟုတ် ခေါင်ရည်ဖြင့်
နေ့တစ်ဝက် စိမ်ပြီးနောက် ယင်းအရွက်များကို ပျားရည် ၅၀ ကျပ်သား ထည့်ထားသော အိုးထဲသို့
ပြောင်းထည့်ကာ မီးမျှဉ်းမျှဉ်းဖြင့် အရောင်ပြောင်းလာ အောင်ကျို၍၊ တစ်နေ့လျှင်နှစ်ကြိမ်
လ္ဘက်ရည်ဇွန်း တစ်ဇွန်းခန့် သောက်ပေးနိုင်ပါသည်။
·
လိမ္မော်သီးထဲရှိ သကြားဓာတ်သည် သဘာဝ အချိုဓာတ်ဖြစ်၏။ ထို့ပြင်
အသီး၌ပါဝင်သည့် အမျှင်များသည်လည်း သကြားစုပ်ယူမှုကို လျော့နည်း စေသောကြောင့်
လိမ္မော်သီး စားသုံးခြင်းအားဖြင့် သွေးအတွင်းရှိ သကြားဓာတ်ကို လျင်မြန်စွာ မတက်နိုင်ပေ။
ထို့ကြောင့် လိမ္မော်သီးသည် ဆီးချိုသွေးချိုရာဂါ သည်များနှင့် ခန္ဓာကိုယ်ဝဖြိုးသူ များနှင့်သင့်လျော်၏။
ဂျပန်နိုင်ငံသုတေသီ များ၏ လေ့လာချက်အရ လိမ္မော်သီးကို ပုံမှန်စားသုံးသူသည် ဆီးချိုရောဂါ
မဖြစ်ပွားဟု ဆိုပါသည်။ (သို့ သော် အချိုဓာတ်များသော
ပျားလိမ္မော်တို့ ကိုမဆိုလိုပါ)
·
လိမ္မော်ရည်ကို ရက်သတ္တ တစ်ပတ်လျှင် လေးကြိမ်မျှ
သောက်သုံးခြင်းဖြင့် Rheumatoid
(ခေါ်) ရိုးဆက်ရောင်ရမ်းနာ များနှင့် အဆစ်အမြစ် အကြောအခြင် ကိုက်ခဲခြင်းတို့ ကို
ကာကွယ်ပေး နိုင်ပါသည်။
·
လိမ္မော်သီးကို မှန်မှန်စားပေးခြင်းဖြင့် အမျိုးသားများအတွက်
ကျန်းမာသော သုက်ကောင်များ ထုတ်လုပ်မှုကို အားပေးပြီး အမျိုးသမီးများ အတွက်
ကလေးမီးဖွား ခြင်းကြောင့် သုက်ကောင်များ ပျက်စီးခြင်းမှ ကာကွယ်ပေး ပါသည်။
·
လိမ္မော်သီးထဲတွင် beta-carotene
(ခေါ်) ဗီတာမင်အေဓာတ် ပါရှိပေရာ အမြင်အာရုံနှင့် ဆက်စပ်လျှက်ရှိသော mucus membranes များကို
ကောင်းစွာ တည်ဆောက်စေကာ မျက်စိ ကျန်းမာရေးကို များစွာ အထာက်အကူ ပေးပါသည်။
·
အသီးထဲတွင် ဘီတာမင်ဘီ-၆ ပါရှိပြီး ဟေမိုဂလိုဘင်ကို
ကောင်းစွာ ထုတ်လုပ်ပေးသောကြောင့် ခန္ဓာကိုယ်အနှံ့  အောက်ဆီဂျင် ပြတ်လပ်ခြင်း မဖြစ်စေတော့ပေ။
ထို့ကြောင့် ကိုဗစ်-၁၉ ကာလတွင် ဆေးဖက်ဝင် လိမ္မော်သီးကို ပိုစားသင့် ပေသည်။
·
ကလေးငယ်များတွင် ဖြစ်လေ့ရှိသော ၀က်သက်ရောဂါ နှင့် အသက်ရှု လမ်းကြောင်းပြသနာ
ရောဂါများအတွက် လိမ္မော်သီးက ကောင်းကျိုးပြု၏။ လိမ္မော်ပွင့် ၃၀ ကျပ်သားကို ရေ၃ပိသာနှင့်
တစ်ညစိမ်ပြီး နောက်တစ်နေ့ နံနက်တွင် ပေါင်းအိုးဖြင့်ပေါင်း၍ ပေါင်းခံရည် စုထားပြီးနောက်
ထမင်းစားဇွန်းဖြင့် ၅ ဇွန်းမှ ၁၀ ဇွန်းခန့်နေ့စဉ် တိုက်ပေးခြင်းဖြင့် သူငယ်နာ အကြောဆွဲရောဂါ
ကို သက်သာပျောက်ကင်း နိုင်ပါသည်။
·
လိမ္မော်သီးသည် အရောင်ကျစေသည့် အာနိသင်ရှိသဖြင့်
ပန်းနာရင်ကျပ်၊ တီဘီအဆုတ်နာ တို့အတွက် ကောင်းကျိုးပြု၏။ ထို့ပြင် ချောင်းခြောက်၊
အဆုတ်ရောင်ခြင်း၊ လေပြွန်ရောင်ခြင်း၊ လည်ချောင်းနာခြင်း၊ ချောင်းဆိုး၍
လည်ချောင်းနာခြင်း တို့ကိုလဲ ပျောက်ကင်းစေပါသည်။ ချောင်းဆိုးသူများ လိမ္မော်ရွက်
လေး၊ ငါးရွက်ခန့်ကို ဆူအောင်ကျိုပြီး နောက်မီးဖိုမှချ၍ ငါးမိနစ် ခန့်အဖုံးအုပ်ထားပါ။
ထို့ နောက် အရွက်များကို ဖယ်ရှားပြီး ခပ်နွေးနွေးအရည် ကိုတစ်နေ့ သုံးကြိမ်သောက် ပေးခြင်းဖြင့်
သက်သာပျောက်ကင်း စေနိုင်ပါသည်။
·
လိမ္မော်သီး၌ ပါဝင်သော ကယ်လ်ဆီယမ်ဓာတ် သည် လူ့ခန္ဓာကိုယ်
ဖွဲ့စည်းမှုစံနစ် အတွင်းရှိ အက်ဆစ်ပြင်း (Alkaline
Mineral) တို့ကို ပျက်ပြယ် သွားစေနိုင်သည့် အဆိပ်ပြေဆေး တစ်မျိုးဖြစ်သဖြင့်
သွေးသစ်၊ သွေးသန့် တိုးပွားစေနိုင်၏။
·
လိမ္မော်သီးကို နေ့စဉ်စားသုံးသူ ၁၀၇၃ ဦးအားလေ့လာခဲ့ရာ
ထိုသူများတွင် အသည်းနှင့် ပတ်သက်သည့် ရောဂါများ ဖြစ်ပွားမှုမတွေ့ရှိ ရကြောင်း၊
ထို့အတူ အသည်းရောဂါ ဖြစ်ပွားနေသူများအား လိမ္မော်သီး ပုံမှန်စားသုံး စေခြင်းဖြင့်
ရောဂါဖြစ်ပွားမှု သိသိသာသာ လျှော့ကျသွားကြောင်း၊ အသည်းကင်ဆာ၊ အသည်းကြီးခြင်းနှင့်
အသည်းတွင် ဖြစ်ပွားတတ်သော ရောဂါများကို ထိရောက်စွာ ကာကွယ်တားဆီး နိုင်ကြောင်း၊
ဆေးလိပ်နှင့် အရက်တို့ကြောင့် ဖြစ်ပွားတတ်သော အသည်းရောဂါများ အနေဖြင့်
လိမ္မော်သီးပုံမှန် စားသုံးပါက အကျိုးကျေးဇူးများစွာ ရရှိမည်ဖြစ်ကြောင်း
ဂျပန်သုတေသန ပညာရှင်များက အတည်ပြု ထောက်ခံထား ပါသည်။
·
လိမ္မော်သီး တစ်နေ့တစ်လုံး သို့မဟုတ် လိမ္မော်ရည်
တစ်နေ့တစ်ဖန်ခွက် သောက်သုံးလျှင် ငှက်ပျောသီး စားသကဲ့သို့ပင် အူရောဂါ၊
အစာအိမ်ရောဂါနှင့် အစာအိမ်ကင်ဆာ ဖြစ်ရန် အခွင့်အလမ်းလည်း နည်းစေသည့်ပြင်
ခံတွင်းကောင်း၍ အစာကြေ၊ ဝမ်းမှန်စေ၏။ ဝမ်းပျက်ဝမ်းလျှောဖြစ်ပါက လိမ္မော်သီးကို
ဆေးအဖြစ် စားသုံးနိုင်ပါသည်။ ဝမ်းလျှောဝမ်းပျက် သူများ လိမ္မော်ခွံအမှုန့်နှင့်
စပျစ်စေ့အမှုန့် ဆတူရော၍ တစ်နေ့သုံးကြိမ် လက်ဘက်ရည်ဇွန်း တစ်ဇွန်းသောက်ပြီး
သက်သာပျောက် ကင်းနိုင်ပါသည်။ လေထိုးလေအောင့် သူများ လိမ္မော်ပင်အခေါက် အနည်းငယ်ကို
သုံးခွက်တစ်ခွက်တင် ကျို၍ တစ်နေ့ နှစ်ကြိမ် သောက်ခြင်းဖြင့် သက်သာ ပျောက်ကင်းပြီး
ဝမ်းတွင်းရှိ တုတ်ကောင်၊ သန်ကောင်များ ကိုပါ ကျစေနိုင်ပါသည်။
·
လိမ္မော်သီး၏ အခွံရနံ့ကိုယူကာ ဟင်းခတ် အမွှေးအကြိုင်၊
အိမ်သုံးဆေးဝါးများ နှင့် aromatherapy
(ခေါ်) ရနံ့ကုထုံးတို့တွင် ထဲ့သွင်း အသုံးပြုကြ ပါသည်။
·
လိမ္မော်ပွင့်ထဲတွင် Neroli(ခေါ်)
ရနံ့သင်းဆီတစ်မျိုး ပါရှိပေရ အမူးအမော်ပြေစေ၏။ နာမည်ကျော် အော်ဒီကလုံး ရေမွှေးဖော်စပ်ရာ၌
ထိုလိမ္မော်ပွင့်ဆီကို ထည့်သွင်း အသုံးပြုကြ ပါသည်။
လိမ္မော်ဆီနှင့်ကျန်းမာရေး
လိမ္မော်ခွံ၌ ရနံ့သင်းသော Limonenဆီအပြင်၊
ဂလူးကို့စ် နှင့် တင်နင်ဓာတ်များ ပါရှိပါသည်။ မိမိနေအိမ်၌ လိမ္မော်ခွံကို
အဆီထုတ်ပြီး ဆေးဖော်နိုင်ပါသည်။ လိမ္မော်ခွံကို ပါးပါးလှီးပြီး နေရာင်ခြည်
တိုက်ရိုက်မကျဘဲ၊ အရိပ်ရသော နေရာတွင် အခြောက်ခံပြီးနောက် အုန်းဆီသို့မဟုတ် နှမ်းဆီဖြင့်
ဆီစိမ်၍ထည့်ထားပါ။ ရွှေဝါရောင် လိမ္မော်ဆီအဖြစ် ပြောင်းလဲသွားပါမည်။ ထိုလိမ္မော်ဆီ၏
ဆေးစွမ်းကား အံ့မခန်းအသုံးဝင်၏။ လိမ္မော်ပွင့်မှ ထုတ်ယူရရှိသော အဆီကလည်း
အမူးအမော် အတွက် အလွန်ကောင်း၏။
·
AIDS ဝေဒနာရှင်များ၏ လျှာ၌ဖြစ်သော မှက်ခရုနာ များအတွက်
လိမ္မော်ဆီကို နားကျပ်သော ဂွမ်းစနှင့်တို့၍ သုတ်လိမ်းပေးခြင်းဖြင့်
ပျောက်ကင်းနိုင်ပါသည်။
·
ခွဲစိတ်ထားသော ချုပ်ရိုးမှ ပြည်ပြန်တည်ပြီး
မပျောက်ကင်းသော အနာများပေါ်တွင်၊ ကွမ်းရွက်မီးကင်၍ လိမ္မော်ဆီ သုပ်လိမ်းပြီး
ကပ်ထားခြင်းဖြင့် ပျောက်ကင်းနိုင်၏။ (ရေလုံးဝမထိစေရပါ) ဤနည်းအတိုင်း နှစ်ရက် တစ်ခါ
အသစ်လဲပေးပါ။
·
ဆီပူလောင်နာ၊ ရေနွေးပူလောင်နာ၊ စက်ပစ္စည်းကြောင့် ပူလောင်နာ..စသည့်
အပူလောင်ခြင်း အမျိုးမျိုးတို့ အတွက် လိမ္မော်ဆီ ရွှဲရွှဲစွတ်ပေးခြင်းဖြင့် ယူပစ်သလို
ပျောက်ကင်း စေပါသည်။ အမာရွတ်မကျန်၊ အပူလောင် အရည်ကြည်ဖုများ လဲမထွက်စေပါ။
(ငှက်ပျောရွက်တွင် လိမ္မော်ဆီသုတ်၍ အသုံးပြုနိုင်ပါက ပိုမိုအစွမ်းထက်၏)
·
ဝဲနှင်းခူ အစို/အခြောက် များအတွက် ကွမ်းရွက်မီးကင်၍ လိမ္မော်ဆီတို
့ပြီး အနာပေါ် ကပ်ထားခြင်းဖြင့် ပျောက်ကင်းနိုင် ပါသည်။ (ရေလုံးဝမထိစေရပါ)
·
ရင်ကျပ်သောအခါ၊ လိမ္မော်ဆီ၊ ကွမ်းရွက်သထ္ထုရည်၊ ပရုပ်ဆီသို
့မဟုတ်လင်ဇီး အနည်းငယ်ထည့်၍ ရင်ဘတ်နှင့် တစ်ကိုယ်လုံးကို ခပ်ပါးပါး လိမ်းပေးခြင်းဖြင့်
လက်ငင်းကောင်းကျိုး ပြုပါသည်။ (ကလေးသူငယ် များရော၊ လူကြီးများပါ သုံးစွဲနိုင်၏)
·
အကြောတင်း၊ အကြောရောင်၊ အကြောက်တက် စသည့် အကြောဝေဒနာ အမျိုးမျိုးတို
့အတွက် လိမ္မော်ဆီကို ပရုပ်ဆီလင်ဇီး (ဆေးအပူ) အနည်းငယ်ရော၍
လိမ်းပေးနိုင်ပါသည်။
·
အစာအိမ်နာ နှင့် ဗိုက်နာခြင်းများ အတွက် လိမ္မော်ဆီကို
လိမ်းပေးခြင်းဖြင့် သက်သာပျောက်ကင်း နိုင်ပါသည်။ အင်အားတိုးပွား၍ အစာကြေ စေရန် အတွက်လည်း
လိမ္မော်ဆီကို သောက်လို့ ရပါသည်။
·
နေလောင်၍ အသားအရည် မွဲခြောက်ခြင်းနှင့် မစိုပြေခြင်းတို
့အတွက် လိမ္မော်ဆီ လိမ်းပေးခြင်းဖြင့် အသားအရည် ၀င်းပ၍ ဖြူစင်လှပ လာစေနိုင်၏။
·
ရေယုံနာ၊ ကျီးကန်းးပါးစပ် အနာများကို လိမ္မော်ဆီရွှဲရွှဲ
သုတ်လိမ်းပေးခြင်းဖြင့် ပျောက်ကင်းနိုင်၏။
·
လိမ္မော်ဆီက ပိုးမွှားများကို သေစေကာ၊ သန့်ရှင်းစင်ကြယ် စေသော
အာနိသင်ရှိသဖြင့် လိမ္မော်ဆီဖြင့် ပြုလုပ်သော ကိုယ်တိုက် ဆပ်ပြာများ
ထုတ်လုပ်နေကြပါပြီ။
လိမ္မော်သီးနှင့်အသားအရည်ထိန်းသိမ်းနည်း
·
လိမ္မော်သီးထဲတွင် ဗီတာမင်စီဓာတ် ကြွယ်ဝကာ မလိုလားအပ်သော free
radicals များကိုလဲ တိုက်ထုတ် ပေးခြင်းကြောင့် မှန်မှန်စားပေးခြင်းဖြင့်
အရေးအကြောင်းများကို ပြေပျောက်စေပြီး အရွယ်တင်နုပျို စေပါသည်။
·
လိမ္မော်ရည်ကို သခွားသီးဖျော်ရည် နှင့်ရောစပ်ကာ
ဂျင်းအနဲငယ်ထဲ့၍ သောက်ပေးပါက အသားအရေ တင်းရင်း စိုပြည်လာစေ ပါသည်။
·
မကြာခဏ ၀က်ခြံပေါက်ပြီး အသားအရေ မညက်ညောသူ များသည်၊ ညအိပ်ယာ
ဝင်ခါနီးတိုင်း၊ လတ်ဆတ်သော လိမ္မော်သီးခွံကို ချိုးညှစ်၍ ထွက်လာသော ချွေးရည်ကို
ဆားနဲနဲထဲ့ပြီး သနပ်ခါးရည်ကျဲဖြင့် မျက်နှာအနှံ့ လိမ်းပေးခြင်းဖြင့် အသားအရေ
ချောမွေ့လာစေ၏။
·
အသားပပ်ခြင်း၊ အသားကြမ်းခြင်း တို့ အတွက်၊ လိမ္မော်ခွံကို
ညှစ်၍လိမ်းပေးနိုင်၏။
·
တင်းတိပ် ပေါက်သူများသည် လိမ္မော်ခွံကို မီးဖြင့်ခေတ္တမျှ အပူပေးပြီးနောက်
ညှစ်၍ရသော ချွေးရည်ဖြင့် တင်းတိပ်ပေါက်သော နေရာတွင် အသာအယာ ပွတ်ပေးခြင်းဖြင့်
သက်သာ ပျောက်ကင်းစေနိုင်၏။
·
မျက်နှာ၊ ခြေ၊ လက်တို့တွင် အဖြူ၊ အနီ၊ အနက် စသော အကွက်များ ထွက်ပါက
လိမ္မော်ခွံကို နေရိပ်၌ ခြောက်သွေ့အောင် လှန်း ပြီး ရေဖြင့်သွေးလိမ်းပေးပါ။ တစ်နေ့သုံးကြိမ်
ခပ်ထူထူလိမ်းပေးရုံမျှဖြင့် ပျောက်ကင်းစေနိုင်၏။
·
ဆံရင်းအစပ် ဦးရေပြား အနှံ့ယားနာ ပေါက်သူများအတွက်
လိမ္မော်ရွက်ကို ထုထောင်း၍ပျားရည်နှင့် ရောစပ်ပြီး လိမ်းပေးခြင်းဖြင့် သက်သာ ပျောက်ကင်းစေ၏။
·
ခြေသည်း၊ လက်သည်း ပိုးကိုက်ခံရသူများ နှင့် ပွေး၊ နှင်းခူ၊
ညှင်းပေါက်သူများ စိတ်မပူပါနှင့်။ ထိုပွေးကွက် များကို လိမ္မော် ခွံနှင့် အသာအယာ ခြစ်ပေးပြီးနောက်
လိမ္မော်ခွံ လတ်လတ်ဆတ်ဆတ် ကိုအရည်ညှစ် လိမ်းပေးခြင်းဖြင့် အနာ တဖြည်းဖြည်း ပါးလာပြီးလုံးဝ
ပျောက်ကင်းစေ နိုင်၏။
သတိပြုရန်
(က) အချဉ်ဓာတ်ကဲသော လိမ္မော်သီးကို
အလွန်အကျွံ စားလျှင် အသီးထဲရှိ citrus
များကခန္ဓာကိုယ် ထဲရှိ ကယ်လ်စီယမ်ကို ဆုံးရှုံးစေသောကြောင့် အရိုးနှင့် သွားများကို
ပျက်စီးစေနိုင် သည့်ပြင်၊ အပူကန်လာပြီး အာခံတွင်းနှင့် သွားဖုံးတဝိုက် တို့ တွင်
ရောင်ရမ်းနာ ဖြစ်စေတတ်၏။ ထို့ ကြောင့် အချဉ်ဓာတ်ကဲသော လိမ္မော်သီးမျိုးကို
တစ်နေ့တစ်လုံးသာ စားသင့်၏။ (ခ) ပင်လယ်စာများကို
လိမ္မော်သီးနှင့် တွဲဖက်၍စားသင့်၏။ အဘယ်ကြောင့် ဆိုသော် ပင်လယ် စာထဲမှ Histamine ဓာတ်များက
ခန္ဓာကိုယ်နှင့် နှုတ်ခမ်းတလျှောက် အဖုအပိန့်များ ထွက်လာပြီး ယားယံတတ်ခြင်းကို
လိမ္မော်သီး၏ Antibistmi
သတ္တိက အကာအကွယ် ပေးနိုင်ပါသည်။(ဂ) ပျားလိမ္မော်ကဲ့သို့ အချိုဓာတ်များသော လိမ္မော်သီးကို
အလွန်အကျွံ စားပါက သလိပ်ကပ်၊ ချောင်းဆိုး၍ ကိုယ်ပူစေတတ်၏။ ထိုအချိုသီးမျိုးကို
ဆားအနည်းငယ်နှင့် တို့၍စားလျှင် သလိပ်ရွှင်၍ ဆီးများစေပါသည်။ (ဃ) အသီးမှတိုက်ရိုက်ဖျော်သော
လိမ္မော်ရည်သည် ကျန်းမာရေးအတွက် လွန်စွာ အထောက်အကူပြု ပါသည်။ သို့ သော် လိမ္မော်ရည်ကို
ကြာရှည်ခံစေရန် သကြား/ဆော်ဒါ တို့ထဲ့ကာ ပြုပြင်ထားသော လိမ္မော်ရည် ပုလင်းများတွင် fructose အက်ဆစ် ပါရှိပေရာ၊
အလွန်အကျွံ သောက်ပါက ခန္ဓာကိုယ်ထဲရှိ ယူရစ်အက်ဆစ် ပမာဏကို တိုးပွားစေသဖြင့်
ဂေါက်ရောဂါ ဖြစ်စေတတ်၏။(င) စိုက်ခင်းများတွင် ပိုးသတ်ဆေးများ ပက်ဖျန်းလေ့ရှိရာ၊
ဈေးမှဝယ်လာသော လိမ္မော်သီးတို့ ကို မစားသုံးမီ ဦးစွာပထမ ရေစင် စင်ဆေးကြောသင့် ပါသည်။
ဖြစ်နိုင်လျှင် အော်ဂဲနစ်သီးတို့ ကိုသာ ရွေးချယ်ဝယ်ယူပါ။ (စ) လိမ္မော်သီး စားပြီးနောက်၊
တနာရီအတွင်း နွားနို့ မသောက်ပါနှင့်။ အကြောင်းမှာ နွားနို့၌ ပါဝင်သည့် ပရိုတင်းများက
လိမ္မော်သီးထဲတွင် ပါရှိသော အချဉ်ဓာတ် အက်ဆစ်နှင့် ပေါင်းစပ်ပြီး ခဲသွားသောအခါ
အစာကြေနိုင်မှု နှောင့်နှေးစေပြီး၊ အစာထဲက အာဟာရ စုပ်ယူမှုကိုပါ ထိခိုက်စေနိုင်သော ကြောင့်
ဖြစ်ပါသည်။
မှတ်ချက်
(က) အသီးကို ကိုင်ကြည့်သောအခါ အခွံပြောင်တင်းကာ အလေးချိန်စီးပြီး
ရနံ့ ပိုမွှေးသော အသီးသည် အရည်ရွှမ်း၊ အရသာလဲ ပိုချိုပါသည်။ အနာအဆာ ရှိသောအသီးများနှင့်
အခွံခြောက်ပြီး မလတ်ဆတ်သော အသီးများကို ရှောင်ပါ။(ခ) လိမ္မော်သီး လတ်လတ်ဆတ်ဆတ် ကို
ဖျော်ရည်ညှစ်သောက်မည် ဆိုပါက အရည်ညှစ်ပြီး ချက်ချင်း သောက်သင့်ပါသည်။ ချက်ချင်း မသောက်ဖြစ်သေး
ပါက လေတိုက်စားမှုကြောင့် ဗီတာမင်စီ ဆုံးရှုံးတတ်ပါသည်။ အကုန်မသောက်နိုင်ဘဲ ကျန်သော
ဖျော်ရည်ကို ရေခဲသေတ္တာထဲတွင် သိမ်းထားသင့်၏။ (ဂ) လတ်ဆတ်သော အသီးများသည်
အခန်းအပူချိန်တွင် နှစ်ပတ်မျှ အထားခံပါသည်။ အကယ်၍ ကြာကြာခံ စေရန်အတွက်
ရေခဲသေတ္တာထဲတွင် သိမ်းလိုပါက ဦးစွာ အသီးကို ရေခြောက်နေအောင် သုတ်ပါ။ လိမ္မော်သီးတို
့ကို အိတ်ဖြင့် အထူးတလည် သိမ်းဆည်းစရာ မလိုပါ။ ချွေးထွက်ပြီး ပုပ်လွယ်ပါသည်။
အချုပ်အားဖြင့် ဆိုသော် သဘာဝသီးနှံ မြောက်များစွာ ရှိသည့်အနက်မှ
လူသားတို့အတွက် ဘက်စုံ ကောင်းမွန်သော အသီးတစ်မျိုး ပြပါဆိုလျှင် လိမ္မော်သီးကို
လက်ညှိုးထိုးပြမိမှာ ဧကန်မလွဲပါ။ အနံ့အရသာနှင့် ပြည့်စုံသော လိမ္မော်သီးကို
တစ်နှစ်ပတ်လုံးလိုလို ရရှိနိုင်ပြီး အလွယ်တကူ အခွံနွှာစားနိုင်သဖြင့် လူကြိုက် အများဆုံးနှင့်
ပေါ်ပြူလာအဖြစ်ဆုံး သီးနှံများထဲတွင် လိမ္မော်သီးလည်း တစ်မျိုး အပါအ၀င်ဖြစ် ပါသည်။
လိမ္မော်သီးသည် ခံတွင်းတွေ့စေသော သီးနှံဖြစ်သဖြင့် လူကြီး၊ လူငယ် အရွယ်သုံးပါး မရွေး
ကြိုက်နှစ်သက်ကြ ပါသည်။ ထို့ပြင် လိမ္မော်သီး၏ အားသာချက်မှာ အခြားသော အသီးများထက်
အဆုတ် ကျန်းမာရေးကို လွန်စွာ ကောင်းကျိုးပြုသဖြင့် ကိုဗစ်-၁၉ ရောဂါဖြစ်ပွား နေသောကာလမှာ
ဆေးဖက်ဝင် ဆောင်းရာသီ သီးနှံအဖြစ် ပို၍ စားသုံး သင့်ပါကြောင်း။။
စေတနာများစွာ
ဆောင်းပါးရှင် ပေါက်ပေါက် ရေးသားသည်။
No comments:
Post a Comment