Thursday, July 4, 2019

ဆံပင်ဖြူခြင်းမှ ကာကွယ်နိုင်စေဖို့


ဆံပင်ဖြူခြင်းမှ ကာကွယ်နိုင်စေဖို့

ဆံပင်ဖြူခြင်း ဆိုသည်မှာ သဘာဝအားဖြင့် ဆံပင်ဖြူခြင်း နှင့်အရွယ်မတိုင်မီ ဆံပင်ဖြူခြင်းဆိုပြီး နှစ်မျိုးရှိသည်။ သဘာဝအားဖြင့် ဆံပင်ဖြူခြင်းသည် အသက် အရွယ်ကြီးခြင်း၏ လက်္ခဏာတစ်ရပ် ဖြစ်သည်။သို့သော် ယနေ့ခေတ်တွင် အရွယ်မတိုင်မီဆံပင်ဖြူခြင်းသည် အတွေ့ရများနေ၏။ အထူးသဖြင့် စီးပွားရေး လုပ်ငန်းကြီးများကို လုပ်ကိုင်ကြသူများ၊ ရာထူးကြီးကြီးကို လုပ်ကိုင်ကြသူများ၊မျိုးရိုးလိုက်သူများအနေဖြင့် ဆံပင်ဖြူကြသူများသည် နာမကျန်းဖြစ်ခြင်း၊ အပူဓာတ်ပါသော အစားအစာများ အစားများခြင်း၊ ဆေးဝါးများသုံးစွဲခြင်းတို့ ကြောင့်လည်း ဆံပင်ဖြူတတ်သည်။

ဆံပင်ဖြူခြင်းဆိုသည်မှာ အခြားသောဇရာများထက် ပို၍စောကာဖြစ်တတ် သော လဏ္ခာတစ်ရပ်ဖြစ်သည် ။ဆံပင်ဖြူခြင်း အကြောင်းရင်းများမှာ မျိုးရိုးလိုက်ခြင်း၊ စိတ်ဖိစီးမှု ဒေါသ၊ သောကများခြင်း၊ ဆံပင်၏ကျန်းမာ ရေးကိုဂရုမစိုက် ခြင်း၊ အန်္တရာယ်ကင်းသောခေါင်းလိမ်းဆီ များမလိမ်းမိခြင်း၊ ဥတုသုံးပါးတွင် ဦးခေါင်းကိုလုံးဝအကာအကွယ်မပြုခြင်း၊  ရောဂါကြီးတစ်ခု ဖြစ်နေချိန်တွင် သွေးနှင့်မသင့် သောဓာ တုဆေးဝါးတစ်ခုခု စားမိခြင်းတို့ကြောင့် ဖြစ်သည်။


အလုပ်အလွန်အကျွံ လုပ်ခြင်းနှင့် ထိတ်လန့်တုန်လှုပ်ခြင်း များကြောင့် ခန္ဓာကိုယ် ၏ဇီဝကမ္မပြာင်းလဲပြီး ဆံပင်အကာသား (Ctotex) အရွယ်ကိုကြီးစေကာ ရောင်ခြည်ပစ္စည်းများကို နည်းပါးစေ၍ ဆံပင်အရောင်ကို ဖြူစေခြင်းဖြစ်သည်။ ထို့အတူပြင်ပလေ၊ နေရောင်ခြ ည်နှင့်လေပူမှုတ်စက်၊ ရေနွေးဖြင့်ရေချိုးခြင်း၊ ဦးရေပြားနှိပ်နယ်ခြင်းတွေက ဆံပင်အပြင် (Cuticle) ကိုကာကွယ်ပေးသည့် အဆီဓာတ်ကို ထိခိုက်လာပြီး ဆံပင်ဖြူလာခြင်းဖြစ်သည်။

ဆံပင်အရောင်ပေါ် သက်ရောက်သော မယ်လနင်ဆံပင် တွေ၏အမြစ် အိတ်သည် ဦးရေပြား ၏အောက်တွင်ရှိသည် ။အမြစ်အိတ်ထဲက ဆဲလ်များထုတ် လုပ်ပေးသည့် မယ်လနင်ဓာတ်အ နည်းအများပေါ် မူတည်ပြီး ဆံပင်အရောင်များ ပြောင်းလဲသွားခြင်းဖြစ်သည်။ မယ်လနင်ဓာတ်ပုံမှန်ထုတ်ပေးနိုင်လျှင် ဆံပင် အရောင်သည် မည်းနက်နေ မည်ဖြစ်သည် ။ မယ်လနင်ဓာတ်ထုတ်လုပ်မှု ကျဆင်းသွားလျှင် ဆံပင်အရောင် ဖြူသွားမည်ဖြစ်သည်။ မယ်လနင်ဓာတ်ကျဆင်းခြင်း သည် လူတစ်ဦးနှင့်တစ်ဦး မတူညီနိုင်ပါ။

မယ်လနင်ဓာတ်န ည်းသွားခြင်းသည် အများအားဖြင့် အသက်အရွယ်ရလာ ခြင်းနှင့်မျိုး ရိုးဗီဇကြောင့်ဖြစ်သည်။ ထို့အတူ ဆေးလိပ်သောက်ခြင်း၊ စိတ်ဖိစီးမှုများခြင်း တို့ကြောင့်လည်း ဆံပင်ဖြူတတ်သည်။ ဗီတာမင်ဘီတွဲ ချို့တဲ့လို့  ဖြစ်သောသွေးအား နည်းရောဂါများတွင်လည်း မယ်လနင်ဓာတ်န ည်းသွားသည့် အတွက်ဆံ ပင်ဖြူနိုင်သည် ။ သိုင်းရွိုက်ဟော်မုန်း များခြင်းကြောင့် လည်ပင်း ကြီးရောဂါရခဲ့လျှင်လည်း မယ်လနင်ဓာတ်ကျ ဆင်းသွားပြီး ဆံပင်ဖြူသွားနိုင်သည်။

ဗတီလီဂိုဆိုသော အရေပြား တစ်လျှောက်က မယ်လနင်ဓာတ်ထုတ်လုပ်ပေး သောဆဲလ်တွေ ကိုဖျက်ဆီးပစ်သော ရောဂါတွင်လည်း ဆံပင်ဖြူတတ်သည်။ အမျိုးသားများသည် အမျိုးသမီးများထက် ဆံပင်ဖြူသောအရွယ်စောလေ့ရှိ သည်။အမျိုးသားများသည် အသက် ၃၀ အရွယ်တွင် ဆံပင်ဖြူလေ့ရှိပြီး အမျိုးသမီးများသည် ၃၅နှစ်အရွယ်တွင် ဆံပင်ဖြူလေ့ရှိကြသည်။ 

ဆံပင်၏ ကျန်းမာရေးဆိုသည်မှာ ထိုဆံပင် ၏မူမှန်၊ ပုံမှန်၊ ကြီးထွားသန်မာမှု၊ အရောင်အဆင်း ပြောင်လက်မှု၊ ထိုဆံပင်တို့ ၏ သက်တမ်း ကြာရှည်မှုတို့ဖြစ်သည်။ ဆံပင်ကျန်းမာ ရေးကောင်းမွန်စေရန် ခေါင်းလျှော်ရန်လိုအပ်လျှင် ခေါင်းလျှော်ပေးခြင်း၊ ဆီထည့်ရန် လိုအပ်သည့် အချိန်တွင် ဆီထည့်ပေးခြင်း ၊ ခေါင်းဖြီးရန် လိုအပ်သည့်အချိန်တွင် ခေါင်းဖြီးခြင်း တို့ ပြုလုပ်ပေး ရမည်။ လိုအပ်သည့် အချိန်တွင် လိုအပ်ချက်များကို မပြုလုပ်ပါက အားနည်း အားလျော့သော ဆံပင် ဖြစ်သွားမည် ဖြစ်သည်။

အားနည်း အားလျော့လာသော ဆံပင်များသည် မကျန်းမာနိုင်ဘဲ ဆောလျင်စွာ ဖြူကြရသည်။ ထို့အတူ သဘာဝ၏ နေပူ ၊ ရေပူ တို့သည် ဦးခေါင်းကို ဒုက္ခပေးနိုင်သည်။ ယင်းဒဏ်တို့၏ ပထမဆုံး ရလဒ် အနေဖြင့် အရွယ်မတိုင်မီ ဆံပင်ဖြူခြင်းလည်း ဖြစ်တတ်သည်။ နာတာရှည် ရောဂါများတွင် ကြာရှည်စွာ ဆေးဝါးများ စားသုံးရခြင်းကြောင့် လည်း ဆံပင်ကို ဖြူစေသည်။

တိုင်းရင်းဆေးဝါး များသောက်သုံး မည်ဆိုလျှင် ဆီးဖြူသီး ၅ ကျပ်သား၊ သစ်ဆိမ့်သီး ၅ ကျပ်သား ၊ ကြစုသီး ၅ ကျပ်သား ၊ သိန္ဓော ၃ ကျပ်သား ၊ ပျားရည် ၃၀ ကျပ်သား တို့ကို ရောစပ်၍ လက်ဖက်စားဇွန်း တစ်ဇွန်း နံနက်၊ နေ့လယ်၊ ညနေ သုံးကြိမ်သုံးစွဲနိုင်သည်။ ညအိပ်ရာဝင်ချိန်တွင် တိုင်းရင်း ဆေးခန်းသုံး အမှတ်(၁၁) ၄ ကျပ်သားကို ရေအေးဖြင့် သုံးစွဲနိုင်သည်။ ခေါင်းမလျှော်မီ ခေါင်းကို အုန်းဆီစစ်စစ် ၊ ထောလပတ်ရွက်ဆီ များလိမ်းပြီးမှ ခေါင်းလျှော်ခြင်းကို ပြုလုပ်ရမည်။ သဘာဝ ခေါင်းလိမ်းဆီ အဖြစ် ဗြုံးမွေး အခြောက်မှုန့် ၊ ဆီးဖြူသီးအမှုန့် ၊ နှမ်းဆီ နှင့်အုန်းဆီတို့ကို ရောစပ်ကာ ပြုလုပ်၍လည်း ရသည်။

အာယုဗေဒ ဆေးပညာတွင် သိရောဓာရ (Shirodhara) ဦးခေါင်းဆီလောင်းခြင်း ကုထုံး နှင့် နဿ (Nasya) နှာခေါင်းတွင် ဆေးစက်ချသော ကုထုံးတို့သည် အရွယ်မတိုင်မီ ဆံပင်ဖြူခြင်းကို သက်သာစေသည်။ သိရေဓာရ ဆိုသည်မှာ ဆေးအဆီ တစ်မျိုးမျိုးကို သင့်လျောသော အပူချိန်ပေးကာ သိရာဓာရတွင် အသုံးပြုသော ကိရိယာအတွင်း ထည့်ပြီး နဖူးပေါ်သို့ ညင်သာစွာ သွန်းလောင်းသော ကုထုံးဖြစ်သည်။ နဿကမ္မ ဆိုသည်မှာ နှာခေါင်းပေါက်အတွင်း သို့ ဆေးပြုတ်ရည် သို့မဟုတ် ဆေးအဆီကို ဖြည်းညင်းစွာ ထည့်ပေးသည့် ကုထုံးဖြစ်သည်။

အနားယူခြင်း သည်လည်း ဦးရေပြား ကျန်းမာရေးကို အထောက်အကူ ပြုစေသည်။ ခေါင်းလျှော်သည့်အခါ ဓာတုပစ္စည်း များစွာပါဝင်သော ခေါင်းလျှော်ရည် များကို မသုံးဘဲ သဘာဝ ခေါင်းလျှော်ရည် ဖြစ်သည့် တရော်ကင်ပွန်း ခေါင်းလျှော်ရည် ကိုသာ သုံးသင့်သည်။ တရော်ကင်ပွန်းသည် ဦးရေပြားကို အေးပြစေသည်။ ဆံပင်ကို နက်မှောင်စေပြီး သန်စွမ်းစေသော တန်ခိုးထူးလည်း ရှိသည်။ ဆံပင်ဖြူခြင်း မှလည်း ကာကွယ်ပေးသည်။ ခေါင်းလျှော်ရာတွင် ဆံပင်ကို ရေနွေးဖြင့်လျှော်ပြီး ရေအေးခြင့် ဆေးကြောခြင်းသည် ဆံပင်ကို သန်စွန်းစေသော တန်ခိုးထူး ရှိသည်။

အချို့ဆံပင်ဖြဲသူများ အနေဖြင့်လည်း ဓာတုဆေးဝါးများ ပါသော ဆံပင်နက်ဆေး များကို အသုံးမပြုကြဘဲ ဒန်းရွက်ကို အခြေခံပြီး ပြုလုပ်ထားသော ဆံပင်ဆိုးဆေး များဖြင့်သာ ဆိုးသင့်သည်။ ယနေ့ခေတ်တွင် ဆံပင်အလှအတွက် ဆံပင်ဖြောင့်ခြင်း ၊ ဆံပင်ကောက်ခြင်း များ အသုံးပြုနေသော ဆိုးဆေး ၊ ဖြောင့်ဆေး ၊ ကောက်ဆေး များသည် ဆံပင် ဦးရေပြားကို ခြောက်သွေ့ စေပါသည်။ ပြင်းထန်သော ဆံပင်ဆိုးဆေး များကြောင့် ဦးရေပြားတွင် အနာများဖြစ်ပြီး ထိုအနာများသည် ယားန်ာအသွင် ပြောင်းကာ တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားသော အဖွားတစ်ဦး ကိုလည်း မြင်ဖူးသည်။


ဆံပင်ဖြူခြင်းကို ကုသခြင်းထက် ကာကွယ်ခြင်းက ပို၍ ထိရောက်မှု ရှိသည်။ ကြိုတင် ကာကွယ်ရာတွင် ဓာတ်စာသည်လည်း အရေးပါသော အချက်တစ်ချက် ဖြစ်သည်။ နေ့စဉ် စားသောက်သော အစားအစာ များတွင် သံဓာတ် ၊ ကြေးနီဓာတ် ကြွယ်ဝသည့် အစားအစာ များကို စားပေးရမည်။ ကန်စွန်းရွက် ၊ ချဉ်ပေါင်ရွက် ဟင်းနုနယ်ရွက်၊ မုန်လာရွက်၊ ရင်းတိုက်ရွက်၊ သီဟိုဠ်ရွက်၊ ကနဖော့၊ ထိကရုံး၊ ကြာရိုး ၊ ကြာစွယ် ၊ ကြက်ဟင်းခါးသီး ၊ ကင်းပုံရွက် တို့ ဖြစ်သည်။

ရှောင်ရန် အစားအစာများမှာ လက်လုပ်ချဉ်များ ၊ ပူလွန်း စပ်လွန်းသော အစားအစာတို့ ဖြစ်သည်။ နေပူထဲသွားလျှင် ဦးခေါင်းကို ကာလအားလျော်စွာ ကာကွယ်မှု ပြုလုပ်သည့်သည်။ ဤသို့ဖြင့် ဇရာ၏ လက္ခဏာဖြစ်သော ဆံပင်ဖြူခြင်း ကို ကာကွယ်နိုင် ပါကြောင်း ရေးသားလိုက်ရ ပါသည်။


မုဒိတာ (တောင်သာ)
ဓာတ်ပုံ = အင်တာနက်



No comments: