Friday, December 25, 2009

ငယ်ငယ်တုန်းခဏ

ငယ်ငယ်တုန်းခဏ

လူတိုင်းအတွက် ကိုယ်တိုင် ဖန်တီးခဲ့တဲ့ မှတ်မှတ်ရရ သမိုင်းလေးတွေ ကိုယ်စီရှိကြမှာပါ။ ဒိုင်ယာရီ အနေနဲ့ မှတ်တမ်း မတင်ဖြစ်ခဲ့ပေမယ့် ဖြတ်သန်းခဲ့တဲ့ ငယ်ဘ၀ တစ်လျှောက်လုံးဟာ ကိုယ်ပိုင်သမိုင်း တွေပဲဖြစ်မယ်လို့ ယုံကြည် မိပါတယ်။ ကိုယ့်ရဲ့ သမိုင်းကြောင်းတွေ လှခဲ့တယ် မလှခဲ့ဘူး ဆိုတာကတော့ ဘ၀ပေး အခြေအနေပေါ်မှာ မူတည်ပါမယ်။ ဒါပေမယ့် အပူအပင် မရှိခဲ့တဲ့ ငယ်ဘ၀ရဲ့ သမိုင်းကတော့ အများအားဖြင့် လှပကြမယ်လို့ မျှော်လင့်မိပါတယ်။

တဂ်ပို့စ်တစ်ပုဒ် ရေးရတော့မယ်ဆိုရင် များသောအားဖြင့် ကိုယ့်ရဲ့ ကိုယ်ရေး အချက်အလက်တွေ တော်တော်များများ ချပြလိုက်တာနဲ့ အတူတူပဲလို့ ထင်မိပါတယ်။ ကျွန်တော့် ငယ်ဘ၀၊ ငယ်အကြောင်း၊ ကျောင်းသားဘ၀နဲ့ ပတ်သက်လို့ လှုပ်ရှားမှုတွေကို တော်တော်များများ ရေးခဲ့ပြီး ဖြစ်ပါတယ်။ ထင်ရှား ကျော်ဇောတဲ့ လူသိသူသိ ပုဂ္ဂိုလ် မဟုတ်တော့ ဖတ်ပျော်တဲ့ အတ္ထုပ္ပတ္တိတော့ ဖြစ်လာမှာ မဟုတ်ပါဘူး။ ဒါပေမယ့် အမှတ်တရ ရှိနေအောင်တော့ ဒီငယ်ဘ၀ဆိုတဲ့ တဂ့်ပို့စ်ကို ရေးဖြစ်ခဲ့ပါတယ်။

ကျောင်းမနေခင် အချိန်ထိတော့ ဝေေ၀၀ါးဝါးမို့ မှတ်မိတာ ဘာမှမရှိခဲ့ပါဘူး။ ငယ်ဘ၀မှာ အမှတ်အရဆုံး နေ့ကတော့ မူလတန်းကျောင်း စတက်တဲ့နေ့ပဲ ဖြစ်ပါတယ်။ အဖိုးနဲ့ အဖွားက ကျောင်းခန်းထဲ အထိ လိုက်ပို့ပြီး ပြန်တော့မယ် လို့ ပြောတဲ့အချိန်မှာ တခြား ကလေးတွေလို ငိုချင်ခဲ့ပေမယ့် မငိုဖြစ်တော့ ရင်ထဲမှာ တင်းကျပ်ကျပ် ဖြစ်ကျန်ခဲ့တယ်။ အိမ်ကလူကြီး တွေနဲ့ ပထဆုံး ခွဲနေရတဲ့ အချိန်မို့ အားငယ်စိတ်တော့ ဖြစ်ခဲ့မိတာ အမှန်ပါ။ ဆရာမက စာတွေ စသင်တော့မှ အဲဒီအားငယ်စိတ်တွေ ပျောက်သွားခဲ့တယ်။ ဒါက ပထမဆုံးရခဲ့တဲ့ အထီးကျန်ခြင်း အတွေ့အကြုံသစ် တစ်ခုပါ။

အဖေနဲ့အမေက တာချီလိတ် မကာဟိုခမ်း ရပ်ကွက်မှာ ရှေးဟောင်းပစ္စည်းနဲ့ မြန်မာလက်မှု လက်လုပ်ထည်တွေ ရွှေချည်ထိုးထည်တွေ ရောင်းတယ်။ ကျွန်တော်က ကျိုင်းတုံ မဟာမုနိဘုရားနဲ့ သိပ်မဝေးတဲ့ လေယာဉ်ကွင်း သွားတဲ့လမ်းမှာ အဖိုးနဲ့အဖွားနဲ့ နေတယ်။ ကျွန်တော့်ထက် ၅ တန်းကြီးတဲ့ ဒေါ်လေး ၂ ယောက်ရှိတယ်။ အုတ်တံတိုင်း မြင့်မြင့်၊ သံပြားတံခါးထူထူ အပိတ်နဲ့ ခြံဝင်းကျယ်ထဲမှာ စည်းကမ်းကြီးပြီး ရှေးရိုးဆန်တဲ့ ဖိုးဖွားတွေနဲ့ကြီးပြင်း လာတာကြောင့် ပြင်ပသူငယ်ချင်းနဲ့ ဗဟုသုတ နည်းခဲ့တယ်။ ကျွန်တော့်ရဲ့ အရင်းနှီးဆုံး အဖော်တွေကတော့ ယိုးဒယားကလာတဲ့ သံပတ်အရုပ်တွေ၊ ဖြုတ်/တပ် ကစားနိုင်တဲ့ ကစားစရာတွေနဲ့ Puzzy အရုပ်ဆက်တဲ့ ပန်းချီကားတွေပဲဖြစ်တယ်။ ဒုတိယ အရင်းနှီးဆုံး ကတော့ အဖိုးရဲ့စာဖတ်ခန်းထဲက စစ်နဲ့ငြိမ်းချမ်းရေးလို ဂန္ထ၀င် စာအုပ်တွေ၊ ကဏ္ဍစုံတဲ့ ဘာသာပြန်စာအုပ်တွေ၊ တစ်ထောင့်တစ်ည ပုံပြင်စာအုပ်တွေ၊ ဆားပုလင်းနှင်းမောင် လို ၀တ္ထုအတွဲလိုက်တွေနဲ့ မြန်မာ့စုံစွယ်ကျမ်း စာအုပ်တွေပဲ ဖြစ်ပါတယ်။ တတိယ အရင်းနှီးဆုံး ကစားဖော်တွေကတော့ အဖိုးရဲ့ တပည့်တွေဖြစ်တဲ့ ကားဆရာတွေ၊ စပါယ်ယာတွေ၊ စက်ပြင်တွေ ဖြစ်ပါတယ်။ (တစ်ချိန်ကျရင် ကျွန်တော့် သင်ဆရာ မြင်ဆရာတွေ ဖြစ်လာမယ့် ကားရဲ့ စက်ပိုင်းဆိုင်ရာ ဆရာတွေ ဖြစ်ပါတယ်) ကျွန်တော် ဆိုးသမျှကိုငြူစူခြင်းမရှိဘဲ ကျွန်တော့်အပေါ် အနွံတာခံခဲ့တဲ့ ကျွန်တော်အကြိုက် လိုက်ပေးတဲ့ ကျွန်တော်ခိုင်းသမျှ အကုန်လုပ်ပေးတဲ့ ကားဆရာအဖွဲ့တွေပဲ ဖြစ်ပါတယ်။ ကျောင်းတက်ရင် အဖိုးကိုယ်တိုင် အဒေါ်တွေနဲ့အတူ ဂျစ်ကားလေးနဲ့ အကြိုအပို့ လုပ်ခဲ့တာကြောင့် ပြင်ပ ပျော်ရွှင်မှု မရခဲ့တဲ့ အထီးကျန်ဆန်မှုကို ထဲထဲဝင်ဝင် ခံစားရခဲ့ပါတယ်။

ငယ်ဘ၀က အရိုးစွဲခဲ့တဲ့ ဒီအထီးကျန်ဆန်မှုရဲ့ နောက်ဆက်တွဲ ရလဒ်ဆိုးကတော့ သူငယ်ချင်း အပေါင်း အသင်းတွေ နည်းပါးခဲ့တယ်။ ကိုယ့်ကြောင့် သူတစ်ပါး နာကျင်ခဲ့တာကိုလဲ ဂရုဏာ မသက်မိတတ်ဘူး။ သူများနဲ့ စကားပြော တော့လည်း အပြော မတတ်တော့ ဘေထုတ်နဲ့ ပစ်ပေါက်လိုက်သလို အဖြစ်မျိုး ခဏခဏ ကြုံခဲ့ရတယ်။ သူတစ်ပါးရဲ့ ပြောစကားတွေနဲ့ အမူအရာကို ဘ၀င်မကျခဲ့ရင် စိတ်အလိုမကျ ဖြစ်ပြီး သူငယ်ချင်း တစ်ယောက်လို မမြင်မိတော့ပါဘူး။ ဒါကြောင့် ကျွန်တော်ဟာ ပေါင်းသင်း ဆက်ဆံရေးဘက်မှာ အားနည်းချက်တွေ ရှိတယ်ဆိုတာကို ၀န်ခံတယ်။ ကျွန်တော် ဖြတ်သန်းခဲ့တဲ့ ကျွန်တော့်ရဲ့ ငယ်ဘ၀ ကတော့ ဒီမျှပါပဲ။ ဇာတ်ပေါင်းလိုက်ရင် ကောင်းတာနည်းပြီး လိုအပ်ချက်က ခပ်များများရယ်ပါ။ တဂ်ထားတဲ့ ညီမငယ် နေ့အိပ်မက် လည်း ကျေနပ် နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။




41 comments:

myawady said...

ငယ်ဘ၀ ဆိုတာ အရွယ်သေးသေးလေးကို ပြောတာ မဟုတ်လား နာလဲ သိတယ်။

Merry X'mas & Happy New Year

myawady said...

ငယ်ဘ၀ ဆိုတာ အရွယ်သေးသေးလေးကို ပြောတာ မဟုတ်လား နာလဲ သိတယ်။

Merry X'mas & Happy New Year

Unknown said...

ငယ်ဘ၀လေး ဖတ်သွားပါတယ်။
ခု ကြီးလာတော့ ရင့်ကျက်သွားပြီလား

ပျော်ရွှင်တဲ့ခရစ်စမတ်ပါနော်

နေ့အိပ်မက် said...

ဘာပဲဖြစ်ဖြစ် ငယ်ငယ်တုန်းကအကြောင်းကိုပြန်စဉ်းစားရင် အမှတ်ရစရာတော့ ဖြစ်နေသေးတာပဲလေ.. ရေးပေးတာ ကျူးဇေး..... ကျေးဇူးအများကြီးတင်ပါကြောင်း

shwezinu said...

တခါတလေတော့ ရိုးရှင်းတဲ့ ဘဝတွေက ကောင်းပါတယ်

ဒဏ္ဍာရီ said...

ငယ်ဘ၀တွေကတော့ ပျော်စရတွေနဲ့ပေါ့နော်... ခင်မင်စရာ ကောင်းတဲ့ သူငယ်ချင်းတွေ ပိုင်ဆိုင်နိုင်ပါစေ..။

ခင်မင်လေးစားလျှက်

မမသီရိ said...

စိတ်ဝင်စားစရာ ငယ်ဘ၀လေးပါပဲ

~ဏီလင်းညို~ said...

ကိုဝင်းဇော်ရေ...
ဒီပို့စ်လေးဖတ်ပြီးတော့ အဲ့ဒီထဲက ကလေးလေးကို ကျွန်တော်တစ်ကယ်သနားသွားတယ်ဗျာ...။ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော်တို့ငယ်ငယ်ကဆို ရွာရိုးကိုးပေါက် လျှောက်သွား..၊ မီးကုန်ယမ်းကုန်ဆော့ခဲ့တာကြောင့်ပါပဲ...။
ခင်မင်တဲ့
ဏီလင်းညို

ပန်းခင်းလေး said...

အစ်ကိုတော်ငယ်ငယ်တုန်းက
ကောင်းကောင်းမကစားရဘုးပေါ့ နော်
ညီမလေးတို့ နဲ့ များ တော်တော်ကွာတာပဲ
ညီမလေးတို့ ဆို မောင်နှမများတော့ 
အပြင်သူငယ်ချင်းတောင်မလိုဘူး
ကိုယ့် အမျိုးနဲ့ ကိုယ် စည်ကားနေတာလေ
အိမ်ရှေ့ မှာ ညီမလေးတို့ မောင်နှမတွေ ထွက်ကစားတိုင်း ရပ်ကွက်ထဲက ကလေးတွေပါ
လာကစားကြတော့  အိမ်ကအဖွားကပြောတယ်
“နင်တို့ တွေ တည်ချက်မလုပ်နဲ့ နော်”ဆိုပြီး
ခဏခဏ လူစုခွဲခံရတာ ...
အဲ့ လိုမျိုး ... :P

ခင်မင်စွာနဲ့ 

ညီမလေး

ပန်းခင်း

Anonymous said...

ကိုဝင်းဇော်

အခုကြီးလာတော့ရော ဘော်ဒါတွေ များရဲ့လား
ရေးတဲ့စာတွေ ဖတ်ရတာတော့ မိတ်ဆွေတွေ တော်၂ လေးများမယ်ထင်ပါတယ်။

ပျော်ရွှင်တဲ့ ခရစ္စမတ်နဲ့ နှစ်သစ် ဖြစ်ပါစေနော်

Unknown said...

စာလေးဖတ်ပြီး ငယ်ကအကြောင်းတွေ ပြန်တွေးမိတယ်
ဆယ်စုနှစ် နှစ်ခုလောက် ကြာခဲ့ပေမယ့် ခဏလေးလို့ပဲထင် ရတယ်၊ ကိုဝင်းဇော်ပြောသလိုပဲ ကိုယ့်သမိုင်းလေးတွေ ဖြစ်ပါတယ်။ ကျေးဇူးပါ

နှစ်သစ်မှာ ပျော်ရွှင်မှုတွေနဲ့အတူ ဘ၀တက်လမ်းတွေ ရယူပိုင်ဆိုင်နိုင်ပါစေနော်

မု;သုင်ခု, said...

ဖတ်သွားတယ် ဘော်ဒါကြီး

flowerpoem said...

ငယ်ဘ၀ကတော့ မျိုးစုံပဲ တစ်ယောက်တစ်မျိုးစီ ဖတ်ရတာကောင်းတယ် ကိုဝင်းဇော်

မု;သုင်ခု, said...

အထီးကျန်တဲ့ အတိတ်ကို ခ၀ါချဖို့ ခုကတည်းက မိသားစု ကြီးကြီးတစ်ခုပိုင်ဆိုင်နိုင်အောင် စီမံကိန်း မြန်မြန်ချသင့်ပြီ။

စိုင်းဆေးနော်

မိုးသား said...

လူတိုင်းက ကိုယ့်သမိုင်းကို ကိုယ်ကိုယ်တိုင် ရေးခဲ့ကြတာ မှန်ပါတယ်။ အထ္တုပ္ပတ္တိ တစ်ပုဒ်မဟုတ်နိုင်ပေမယ့် သမိုင်းစာအုပ်ပါးပါးလေးတော့ ဖြစ်ခဲ့မှာအမှန်ပါ။

ပျော်၇ွှင်ပါစေ

ကာရံမဲ့ said...

ကိုဝင်းဇော်ငယ်ဘဝကို ဖတ်မိတော့ ကိုယ့်ရဲ့ ငယ်ဘဝကို ကိုပြန်စဉ်းစားမိတယ်.။ ဘာမှ မမှတ်မိတော့ဘူး. ဟဲ..ဟဲ... :) :)

Merry Christmas to you!!!

Anonymous said...

လူတစ်ကိုယ် သမိုင်းတစ်ခု ဆိုတာ မှန်ပါတယ်

ပျော်ရွှင်တဲ့ နှစ်သစ်ဖြစ်စေဖို့ ဆန္ဒပြုပါတယ်။

Unknown said...

အစ်ကိုဝင်းဇော်ရဲ့

အထီးကျံဆန်တဲ့ ငယ်ဘ၀လေးကို ဖတ်ပြီး စိတ်မကောင်း ဖြစ်မိတယ်။ ချမ်းသာပြီး စည်းကမ်းကြီးတဲ့ အိမ်မှာ ကလေးဖြစ်ရတာ ပြည့်စုံမှုတွေ ရှိပေမယ့် ခုလို စိတ်ဒဏ်ရာ ရစေတာတော့ မကောင်းဘူးပေါ့နော်။ သိမ့်တို့က မောင်နှစ်မ ၃ ယောက်ရှိတယ်။ ပျော်စရာကောင်းပေမယ့် ခနခန ရန်ဖြစ်လို့ ဖေနဲ့မေနဲ့ စိတ်ညစ်ရတယ်။ အဟဲ

ပျော်ရွှင်ပါစေနော်

Anonymous said...

ခုရော အထီးကျန်သေးလားဗျ
အထီးကျန်မယ်ထင်ရင် အမရှာလိုက်
အဲ အဲ စတာနော်
သူငယ်ချင်းလို မခင်တော့ရင် စိတ်ကောက်လိုက်မှာ

နေနေ

myawady said...

စိတ်ထားကို ဖြူစင်အောင်ထားမယ်ဆိုရင် အရာရာတိုင်း လူတိုင်းနဲ့ အဆင်ပြေမှာပါ။

အထီးကျန်တာတွေ ကုန်ဆုံးနိုင်ပါစေ

Unknown said...

ကိုဝင်းဇော်ရေ ရောက်ပါတယ်
ဘ၀တိုက်ပွဲမှာ အောင်ပွဲအလီလီ ရပါစေနော်

စိုင်းနောင့် said...

ပြန်စဥ်းစားကြည့်တော့ ကိုဝင်းဇော် ငယ်ဘ၀က တစ်ယောက်ထဲ ဆိုတော့ တော်၂လေး ပျင်းစရာကောင်းတာပဲ၊ ဒါပေမယ့် အေးအေးနေတတ် သမားကတော့ အဆင်ပြေမယ် ထင်ပါတယ်။

မြတ်မွန် said...

ကလေးဘဝဆိုတာ ဖြူစင်ဆုံးဘဲ
ငယ်ဘဝကိုရေးမယ်ဆိုရငတော့ ..
ရေလို့မကုန်နိုင်ပါဘူး။
အကိုရေ....လာဖတ်သွားတယ်ရှင့်။

YoungGun said...

ဘာပဲဖြစ်ဖြစ် မတူညီတဲ့ အရောင်တစ်ခုကနေ ငယ်ဘဝကို ဖြတ်သန်းခဲ့တာပဲ..ကျေနပ်စရာပါ။

Unknown said...

နင့်လို တစ်ဦးတည်းသော သားအတွက်တော့ လူကြီးတွေရဲ့ ပူပန်မှုကို တစ်နေ့ နားလည်လာမှာပါ

ပျော်ရွှင်ပါစေ

Unknown said...

မလှပခဲ့ဘူးလို့ ထင်ခဲ့အတိတ်စာမျက်နှာတွေ သမိုင်းမှာ ထားခဲ့ပြီး

လှပတဲ့ အနာဂတ်ကို ပိုင်ဆိုင်နိုင်စေဖို့ အကောင်းဆုံး ဖန်တီးယူနိုင်ပါစေဗျာ

ရွှေအင်းသူ said...

ငယ်ကစည်းကမ်းကြီးခဲ့တာ ခုရော လူလိမ္မာလေးပဲလား

အဖြူရောင်ဒဏ္ဍာရီ said...

အဆိုးထဲကနေ ကောင်းတာကို သင်ခန်းစာယူတတ်ရင် တန်ဖိုးနည်းမယ်မထင်ပါဘူး။

အပေါင်းအသင်းမရှိရင်ပြောနော် မိတ်ဆက်ပေးဖို့ အသင့်ပဲ

နှင်းဆီနီ said...

သီချင်းတွေ နားထောင်ပြီး ငယ်ဘ၀ကို ဖတ်သွားတယ်
ပျော်ရွှင်တဲ့ နှစ်သစ်ဖြစ်ပါစေ

Unknown said...

:)
ရီလည်း ရီချင်တယ်း)
စိတ်လည်းမကောင်းဘူး
ခုကော အထီးကျန်တုန်းပဲလား

ပျော်ရွှင်ပါစေ

ညလင်းအိမ် said...

ကလေးဘ၀ဆိုတာ အပြစ်ကင်းစင်တယ်ဗျာ..
ဘာလုပ်လုပ်လူကြီးတွေကလည်း ခွင့်လွှတ်ကြတာများတယ်လေ...
ဒါကြောင့် ပျော်စရာကလေးဘ၀တွေကို သတိရမိတယ်ဗျာ..
ပျော်စရာမရှိခဲ့လည်း လူတိုင်းမှာတော့ သတိရစရာတွေ ရှိနေမှာပါ..နော့...

Unknown said...

ညအခါ
လသာသာ
ကစားမလား
နားမလား ..

ပြန်သတိရမိတယ်
စိတ်သွားတိုင်းကိုယ်ပါ ပါစေ

Anonymous said...

ကိုဝင်းဇော်ရဲ့ ငယ်ဘ၀လေးကို လားရှိုးသွားတယ်

မငုံ said...

ငယ်ငယ်တုန်းက ဦးချစ်ဖေ ဘ၀ရယ်..ပျော်စရာကောင်းလို့ အောက်မေ့တယ်။ :))

Anonymous said...

လှပတဲ့ အနာဂတ် ပိုင်ဆိုင်နိုင်ပါစေ

Anonymous said...

အဓိပ္ပာယ်ပြည့်စုံတဲ့ နှစ်သစ်ဖြစ်ပါစေနော်

Unknown said...

အပျော်ကျူးခဲ့တဲ့ ငယ်ကအကြောင်းတွေ ပြန်သတိရ စေပါတယ်။ သယ်ရင်းလည်း အဆင်ပြေပါစေ

Unknown said...

နွေရာသီမှာ မယ်ဆိုင်ချောင်းထဲ ရေသွားစိမ်တာ
တံတားပေါ်ကနေ မယ်ဆိုင်ချောင်းထဲ ခုန်ချတာ
cat globe ပေါ်မှာ ဗီဒီယိုသွားကြည့်တာ
အဲဒါတွေ မပါပါလားဟ င့ါညီရ

လှပတဲ့ အနာဂတ်တွေ ပိုင်ဆိုင်ပါစေ

မိုးခါး said...

ခုတော့ ရင့်ကျက်နေပြီ ထင်တာပဲ ..း))
ပျော်ရွှင်ပါစေး)

Beautifulmusic said...

အရမ်းကို ကွာခြားတဲ့ ငယ်ဘ၀ကို ပိုင်ဆိုင်ခဲ့တာပဲ
ထွေးငယ်တုန်းက မိန်းကလေးတန်မဲ့ မျောက်မူးလဲလေ
ထောပတ်ပင်ဆိုရင် ဘယ်သူမှမတက်ရဲတဲ့ ထိပ်ဖျားထိကို ရောက်အောင်တက်တာ (လိုက်တမ်းပြေးတမ်းဆော့တာလေ) :D
နောက်လဲလာဖတ်ပါအုံးမယ်
ထွေးငယ်

ထွေးငယ် said...

ထွေးငယ်ဆီကို အလည်လာမယ်ဆိုရင်
blogspot မှာအကောင့်ပဲရှိပြီး မရေးဖြစ်လို့ပါ