Tuesday, October 20, 2020

လုပ်ငန်းခွင် စိတ်ဖိစီးမှုလျှော့ချဖို့ အလုပ်စားပွဲပေါ် အပင်စိုက်ပါ

 

လုပ်ငန်းခွင် စိတ်ဖိစီးမှုလျှော့ချဖို့ အလုပ်စားပွဲပေါ် အပင်စိုက်ပါ 

 


         စိတ်ဖိစီးမှု ဆိုသည်မှာ လူတိုင်းတွင် ဖြစ်လေ့ဖြစ်ထ ရှိသည့် အရာဖြစ်သည်။ လုပ်ငန်းခွင် အတွင်းတွင် ပိုဆိုးသည်။ အလုပ်ရှင်လည်း အလုပ်ရှင် အလျောက် ၊ အလုပ်သမား ကလည်း အလုပ်သမား အလျောက် စိတ်ဖိစီးမှု ကိုယ်စီ ရှိကြစမြဲ ဖြစ်သည်။

          လုပ်ငန်းခွင် စိတ်ဖိစီးမှု၏ ဆိုးရွားသော အကျိုးဆက်မှာ လုပ်ငန်း တိုးတက်မှု မရှိတော့ဘဲ စိတ်ဖိစီးမှုကို မခံနိုင်သူ တချို့မှာ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံ သွားသည် အထိပင် ဖြစ်နိုင်သည်။


          လုပ်ငန်းခွင်တွင် ရှိသူများ အားလုံး စိတ်ဖိစီးမှု ကင်းဝေးမှသာ လုပ်ငန်း စွမ်းဆောင်ရည် ပိုင်းတွင် တိုးတက် လာမည် ဖြစ်သည်။ ထို့ပြင် အလုပ်ကိုလည်း ချစ်ခင်လာပြီး စိတ်ရော ကိုယ်ပါ နှစ်ပြီး လုပ်ကိုင်ကြ မည်ဖြစ်သည်။

          ထို သဘောတရားကို သိရှိထားပြီး လိုနာနေသည့် ကုမ္ပဏီ များမှာ ယနေ့ အချိန်တွင် အောင်မြင်သော ကုမ္ပဏီများ ဖြစ်လာ နေသည်။ ဥပမာ အားဖြင့် Google လိုမျိုး ကမ္ဘာကျော် နည်းပညာ ကုမ္ပဏီကြီး များနှင့် တခြား စီးပွားရေး ကုမ္ပဏီ ကြီးများ ဖြစ်သည်။

ထို့ကြောင့် လုပ်ငန်းခွင် တွင် စိတ်ဖိစီးမှု ကင်းဝေးစေရေးက လုပ်ငန်း အောင်မြင်မှု အတွက် မရှိမဖြစ် အရေးပါသည့် အရာ ဖြစ်လာသည်။ လုပ်ငန်းခွင် စိတ်ဖိစီးမှု လျှော့ချရေး အတွက် လုပ်ဆောင် နိုင်သည့် နည်းလမ်း များစွာရှိသည်။ လုပ်ငန်းခွင် စိတ်ဖိစီးမှု လျှော့ချရေး အတွက် သုတေသန ပညာရှင်များ တွေ့ရှိထားသော အချက် တစ်ချက်မှာ အလုပ် စားပွဲပေါ်တွင် အပင်စိုက်ခြင်း ဖြစ်သည်။

အလုပ်စားပွဲ ပေါ်ရှိ ဘွန်ဆိုင်းပင် သို့မဟုတ် ရှားစောင်းပင် တို့ကို တစ်ခဏမျှ ငေးကြည့် နေရုံဖြင့် စိတ်တည်ငြိမ်မှု ရရှိပြီး လုပ်ငန်းခွင် စိတ်ဖိစီးမှု ကိုလည်း လျော့ကျ စေသည်ဟု သုတေသီ များက ပြောသည်။

ဂျပန် သုတေသီ များက အလုပ်စားပွဲပေါ်တွင် အပင်ငယ် လေးများ ထားရှိ စိုက်ပျိုးခြင်း က လုပ်ငန်းခွင် အတွင်း စိတ်ခံစား မှုကို တိုးတက်မှု ရှိ-မရှိ သိနိုင်စေရန် လက်တွေ့ စမ်းသပ်မှု များ လုပ်ဆောင်သည်။ သုတေသီများက ရုံး အလုပ်သမား တချို့ကို အခန်းတွင်း စိုက်ပျိုးနိုင်သည့် ဘွန်ဆိုင်း ၊ ရှားစောင် သို့မဟုတ် ကိုကဲဒါမာ ကဲ့သို့ အပင်များကို ပေးကာ သီတင်းပတ် လေးပတ်အတွင်း ထိုအပင်များကို ဂရုတစိုက် စောင့်ရှောက် ခိုင်းသည်။

ထို သုတေသနတွင် ဂျပန်ရုံး အလုပ်သမား ၆၃ ဦး ပါဝင်သည်။ ထို ၆၃ ဦးက တစ်ဦးကို အပင်ငယ် တစ်ပင်နှုန်း ယူကာ အလုပ်စားပွဲ ပေါ်တွင် ထားရှိကြသည်။ ၄င်းတို့ အနေဖြင့် အလုပ် လုပ်နေစဉ် အတွင်း ပင်ပန်း လာသည်ဟု ခံစားရသည့် အချိန်တိုင်း အလုပ် စားပွဲပေါ်ရှိ အပင်ငယ်ကို သုံးမိနစ်မျှ ကြည့်ပြီး အနားယူရန် သုတေသီ များက တောင်းဆိုသည်။

ထို့နောက် စိတ်ဖိစီးမှုကို တိုးတာမှု နှစ်ခုဖြစ်သည့် စိုးရိမ် ကြောင့်ကြမှု နှင့် နှလုံးခုန်နှုန်း ပမာဏ တို့ကို နေ့စဉ် ရယူကာ ၀န်ထမ်းများ၏ အပင်များ မစိုက်မီ အခြေအနေ နှင့် နှိုင်းယှဉ် ကြည့်သည်။ ထို သုတေသန မှ ထွက်လာသည့် ရလဒ်မှာ အလုပ်စားပွဲ ပေါ်တွင် အပင်စိုက်ထား သူများအနေဖြင့် စိတ်ဖိစီးမှု သိသိသာသာ လျော့ကျ လာသည်ကို တွေ့ရှိ လိုက်ရခြင်း ပင်ဖြစ်သည်။

လက်ရှိ အချိန်တွင် လူအများစုမှာ လုပ်ငန်းခွင် အတွင်းရှိ အပင်များကြောင့် စိတ်ဖိစီးမှု လျော့ကျ ရခြင်း၏ အကျိုးကျေးဇူးကို အပြည့်အ၀ နားမလည် သေးသည့် အပြင် အသုံးချမှု လည်း မရှိသေးကြောင်း ဟိုဂို တက္ကသိုလ် မှ သုတေသီ ခေါင်းဆောင် မာဆာဟီရို ကိုယိုဒါ က ပြောသည်။

အလုပ်စားပွဲ ပေါ်ရှိ ပစ္စည်းများစွာထဲ ကမှ သဘာဝမှ ဖြစ်သော အပင်က ပေးသည့် စွမ်းအင်တွင် တက်ကြွမှု ၊ လှပမှု ၊ ချစ်ခြင်းမေတ္တာ တို့ကဲ့သို့ စိတ်အေးချမ်းသာ ရသည့် ခံစားမှုများ ပါဝင်သည်။

အလုပ်ပင်ပန်း နွမ်းနယ် နေသည့်အချိန်တွင် အပင်ကို တစ်ချက်မှု ကြည့်လိုက်သည့် အခါ ထိုသို့သော စိတ်ခံစားမှုများ ရရှိသည့် အတွက် အလုပ်ကြောင့် ဖြစ်သော စိုးရမ် ပူပန်မှု များနှင့် ဖိစီးမှုများ အဝေးသို့ လွင့်သွား ရခြင်းပင် ဖြစ်သည်။

 

Ref : Mail Online

Photo Internet

No comments: