Sunday, October 25, 2020

မိခင်နို့တိုက်ကျွေးခြင်း နှင့် အကျိုးဆက်များ

 

မိခင်နို့တိုက်ကျွေးခြင်း နှင့် အကျိုးဆက်များ

 


          ယနေ့ခေတ်တွင် သိပ္ပံနှင့် နည်းပညာများ တိုးတက် ထွန်းကား လာသော်လည်း ထိုပညာ များဖြင့် မဖန်တီးနိုင်သော အရာများ ရှိနေသည်။ ထိုအထဲတွင် မိခင်နို့ရည် သည်လည်း တစ်ခု အပါအ၀င် ဖြစ်သည်။ ဆေးသိပ္ပံ ပညာများ မည်မျှပင် တိုးတက် စေကာမူ ယင်း ဆေးပညာ များဖြင့် မိခင်နို့ရည် နှင့် အစွမ်း အာနိသင် တစ်ထပ်တည်း တူညီသော နို့ရည် ကို မဖန်တီး မထုတ်လုပ် နိုင်ပါ။ မိခင်၏ နို့ရည်သည် မေတ္တာ ၊ စေတနာ ၊ ကရုဏာ များဖြင့် ပေါင်းစပ် ထွက်ပေါ်လာသော မိခင်၏ နှလုံးသွေး အဖြူ ပင် ဖြစ်သည်။ သားသမီး ငယ်တို့ သောက်သုံး ရှင်သန် ကြီးထွာရန် အတွက် မိခင်၏ အနီရောင် နှလုံးသွေးရည် များသည် မိခင်၏ မေတ္တာတန်ခိုး ကြောင့် ချိုမြိန်၍ အာဟာရ ပြည့်ဝသော အဖြူရောင် နို့ရည် ဖြစ်သွား ရသည်။


          အချို့သော သူများတွင် ကလေးငယ်ကို မိခင်နို့ချို တိုက်ကျွေးခြင်း နှင့် ပတ်သက်၍ မှားယွင်းသော အတွေးအခေါ် အယူအဆများ လုပ်ရပ် အမှားများ ရှိနေသည်။ မွေးကင်းစ ကလေးငယ်ကို မိခင်နို့ရည် တိုက်ကျွေးခြင်းဖြင့် လုံလောက်သော အာဟာရ မရရှိနိုင် ဟူသော အယူအဆ များဖြစ်သည်။ အမှန်စင်စစ် ကလေးငယ် မွေးစမှ ခြောက်လအထိ မိခင်နို့ရည် တစ်မျိုးတည်း တိုက်ကျွေးရုံဖြင့် လိုအပ်သော အာဟာရဓာတ် ကို ရရှိသည်။ ကလေးငယ် အသက် ၆ လကျော်မှသာ အခြား သင့်တော်သော ဖြည့်စွက်စာများ တွဲဖက် ကျွေးနိုင်သည်။ သို့သော်လည်း မိခင်နို့ရည် ကို ဆက်လက် တိုက်ကျွေး နေရမည် ဖြစ်သည်။ မိခင်နို့ရည် တိုက်ကျွေးရာတွင် မွေးကင်းစ မှ ကလေး အသက် ၂ နှစ် ၊ ၃ နှစ် အထိ တိုက်ကျွေး သင့်သည် ဟု ပညာရှင် များက ဆိုထားသည်။

          ကလေး အသက် ၂ နှစ် ၊ ၃ နှစ် အရွယ်သည် ကြီးထွား ဖွံ့ဖြိုးမှု မြန်ဆန်သည့် အရွယ်ဖြစ်၍ မိခင်နို့ရည် သည် ကလေးငယ် အတွက် များစွာ အထောက်အကူ ဖြစ်သည်။ အဖေ၊ အမေမှန်း သိ၍ နှုတ်မှ ဖေဖေ ၊ မေမေ ဟု မပီကလာ ပီကလာ နှင့် ခေါ်တတ်စ အရွယ် ဖြစ်ရာ နို့ချို တိုက်ကျွေးခြင်း ခံရသော ကလေးသည် မိခင်၏ အကြင်နာ မေတ္တာကို နားလည် သဘောပေါက် သွားစေနိုင်သည်။

          မိခင်နို့ရည်တွင် အာဟာရဓာတ် များနှင့်အတူ ရေဓာတ်လည်း ၈၇ ရာခိုင်နှုန်း ပါဝင်သည်။ ထို့ကြောင့် ကလေးငယ် အတွက် အာဟာရဓာတ် သာမက ရေဓာတ်ကိုပါ ဖြည့်ဆည်း ပေးနိုင်သည်။ ပူပြင်းသော နွေရာသီတွင်ပင် ကလေးငယ် ရေမငတ်နိုင်ပေ။ ထို့ပြင် မွေးကင်းစ ကလေးငယ်များ အသက်ရှင်သန် စေလိုလျှင် မိခင်နို့ရည် ကို တိုက်ဖြစ်အောင် တိုက်ကျွေးရန် လိုအပ်သည် ဟု ဆေးပညာရှင် များက သုတေသန ပြုလုပ်ချက် သက်သေ များဖြင့် တိုက်တွန်း ပြောကြားခဲ့သည်။ ကလေးငယ်ကို မွေးပြီးပြီးချင်း အချိန် တစ်နာရီ အတွင်း မိခင်၏ နို့ဦးရည်ကို တိုက်ကျွေး ခြင်းသည် မွေးကင်းစ ကလေးငယ်များ သေဆုံးမှု နှုန်းကို သိသာစွာ လျော့ကျ စေသည်ဟု ဆိုပါသည်။

          မိခင်နို့ရည်ကို ကလေးငယ်အား တိုက်ကျွေးခြင်းဖြင့် ကလေးငယ် အတွက် ကောင်းမွန်သော စိတ်ပိုင်းဆိုင်ရာ အကျိုးဆက်များ ရရှိစေ နိုင်သည်။ မိခင်က ကလေးငယ်ကို ရင်ခွင်တွင် ယုယ တိုက်ကျွေးလျက် နို့ချို တိုက်ကျွေးစဉ် မိမိ၏ ရင်သွေးကို တစိမ့်စိမ့် ကြည့်ရှုကာ နှလုံးသားမှ အကြင်နာ မေတ္တာဓာတ်များ တဖွားဖွား ပေါ်ပေါက် နေမည် ဖြစ်သည်။ ထို့အတူ ကလေးငယ် ကလည်း မိခင်၏ မေတ္တာ ကရုဏာကို အကြွင်းမဲ့ နားမလည် သည့်တိုင် မိခင်အပေါ် ချစ်ခင် အားကိုးမှုဖြင့် မေတ္တာ သံယောဇဉ် တို့ ပြန်လည် ရစ်ပတ် နှောင်တွယ် နေလိမ့်မည် ဖြစ်သည်။

          မိခင်နှိုရည်သည် ကလေးငယ်ကို အာဟာရ ပေးရုံ သာမက ၀မ်းပျက်ခြင်း ၊ ၀မ်းလျောခြင်း ၊ အသက်ရှူ လမ်းကြောင်း ပိုးဝင်ခြင်း ဆိုင်ရာ ရောဂါများနှင့် အခြား ရောဂါများကို တားဆီး ကာကွယ်ပေး နိုင်သည့် အစွမ်းသတ္တိထူး များရှိသည်။ ကလေးငယ်၏ သွေးသားထဲတွင် မိခင်၏ နို့ရည် အာဟာရများ စီးဝင်လှည့်ပတ် နေပြီဆိုလျှင် ကလေးငယ်၏ ဘ၀တစ်ခုလုံး မဟာတံတိုင်းကြီး ကာရံထား သကဲ့သို့ လုံခြုံ အေးချမ်းနေ ပေသည်။ ထို့ကြောင့် ကလေးငယ် သည် အားငယ် ကြောက်ရွံ့မှုများ ကင်းဝေးကာ မိမိကိုယ်ကိုယ် ယုံကြည့်မှု အပြည့်အ၀ ရှိနေမည် ဖြစ်သည်။

          မိခင်နို့ရည်တွင် ဤသို့သော အာနိသင်ထူးများ ရှိနေသော်လည်း ယခုအခါ ကမ္ဘာပေါ်တွင် အချို့မိခင် များသည် ကျန်းမာရေး ကိစ္စ ၊ အလုပ်ကိစ္စ  ၊ စီးပွားရေးကိစ္စ တို့ကို ရှေ့တန်းတင်ကာ မိမိတို့၏ ကလေးငယ် များကို နို့ချို တိုက်ကျွေးရန် ၀န်လေး နေကြသည်။ မည်သို့ပင်

 

ညွန့်ဝင်း (နတ်တလင်း)

ဓာတ်ပုံ -အင်တာနက်

No comments: