Monday, October 12, 2020

ဗိုင်းရပ်စ်ရောဂါ ကာကွယ်ရေး လက်ဖက်ရည်ကြမ်း သောက်သုံးပေး

 

ဗိုင်းရပ်စ်ရောဂါ ကာကွယ်ရေး လက်ဖက်ရည်ကြမ်းသာက်သုံးပေး 

 


ကျန်းမာရေး ကောင်းခြင်းသည် လူသားတိုင်း အတွက် မရှိမဖြစ် လိုအပ်သည့် အရာဖြစ်သည်။ ကျန်းမာခြင်း၏ အခြေခံ အကြောင်းတရား လးပါး ဖြစ်သော ကံ၊ စိတ်၊ ဥတု၊ အာဟာရ တို့တွင် အာဟာရသည်   ကျန်းမာခြင်း၏ အဓိက အကြောင်းရင်း လည်းဖြစ် ပေသည်။ 

ထိုအာဟာရများ ထဲတွင် လက်ဖက်ရည်ကြမ်း (Green Tea) သည်လည်း တစ်ခု အပါအ၀င် ဖစ်သည်။ အစာလည်းဆေး၊ဆးလည်းအစာ ဆိုသကဲ့သို့ပင် လက်ဖက်ရည်ကြမ်း သည်ဆးတစ်ပါး ဖြစ်သည်။ အမှန်စင်စစ် လက်ဖက် ရည်ကြမ်း သည်  သဘာဝမှ ပေးသောဆးလက်ဆောင် တစ်ခုဖြစ်သည်။ Green Teaသာက်သုံးခြင်းဖြင့် ကျန်းမာရေး အတွက် အကျိုးကျေးဇူး များစွာ ရှိသည့်အပြင် အထူးသဖြင့် အဆုတ်ရောဂါ ဖြစ်ခြင်းကို အတိုင်းအတာ တစ်ခု အထိ ကာကွယ် နိုငကြောင်း သုတေသန တွေ့ရှိချက် အသစ်တစ်ရပ်တွင်  ဖ်ာပြထားသည်။ Green Tea ကို သောက်သုံး ခြင်းဖြင့် ကင်ဆာရာဂါ ကိုတားဆီး နိုင်ကြောင်း  ယခင် သုတေသန ချက်များတွင်လည်း ဖော်ပြခဲ့ပြီး ဖြစ်သည်။

 

လက်ဖက်ရည်ကြမ်း တစ်ခွက်သည် စိတ်တည်ငြိမ် စေ၍   အင်အားကို ဖြစ်စေသည်။ အာရုံစိုက်နိုင်မှု စွမ်းအားကို  တိုးပွားစေသည်။ လက်ဖက်ရည် သောက်၍ မိနစ် ၃၀ ကြာပြီး နာက် ငါးနာရီ သို့မဟုတ် ခြောက်နာရ အလုပ်လုပ် နိုင်စွမ်းရှိသည်။ အဘယ်ကြောင့် နည်း။ သဘာဝ လာကတွင်ရှိသော ဗီတာမင် အားလုံးနီးပါးမျှ လက်ဖက်ရည်တွင် ပါဝင်သော ကြာင့်ဖြစ်သည်။ ထို့ပြင် လက်ဖက်ရည်တွင် ခန္ဓာကိုယ် ဖွဲ့စည်းမှု အတွက် လိုအပ်သောသံဓာတ်ပေါင်း၊ မဂ္ဂနီဆီယမ်၊ မဂ္ဂနိ၊ ဆိုဒီယမ်၊ ဆီလီကွန်၊ ပိုတက်ဆီယမ်၊ ကယ်ဆီယမ်၊ ဖလူအာ၊  အိုင်အိုဒင်း၊  ကြးနီ၊ရွှနှင့် မီးစုန်းဓာတ် များ ပါဝင်သည်။ 

လက်ဖက်ရည်ကြမ်း ဖြစ်စေ၊ လက်ဖက်ရည်ချို ဖြစ်စေ လက်ဖက်ရည် သည် လူကြီးနှင့် ကလေးအတွက်ပါ သင့်လျော် ကောင်းမွန်သည်။ ကလေး တစ်ယောက် ဗီတာမင်မျာျးို့တဲ့သော အခါ မိဘများက ဗီတာမင် အမျိုးမျိုး ပါသောဆးဝါးများကို တိုက်ကျွေးတတ် ကြသည်။ ဤနေရာတွင် အစွမ်းထက်သော လက်ဖက်ရည် သည် အခန့်သင့် ဖြစ်ပေလိမ့်မည်။ တစ်နေလက်ဖက်ရည် သုံးခွက် သို့မဟုတ်လးခွက် တိုက်ခြင်းဖြင့် ဗီတာမင်ဘီ ဓာတ်ကို လိုအပ်သော အတိုင်းအဆ အထိ ရရှိပေသည်။ သို့သော်ဖျာ်နေကျ အချိုးအစား 'အကျရည်' တစ်ဝက် သာ ပါသော လက်ဖက်ရည် ကိုသာ ကလေးများကို တိုက်သင့်သည်။ 

အနောက်တိုင်း   ဆးပညာ အမြင်ဖြင့် လက်ဖက်ရည်ကြမ်း သောက်ခြင်းကိုလ့လာ ကြည့်ပါက ကဖင်းဓာတ်သည်  အစင်းပါ ကြွက်သားတို့ကိုခြယ်လှယ် နိုင်စွမ်းရှိသည်။ ကဖင်းဓာတ်သည်    ဗဟိုအာရုံကြော များကိုလည်း လှုံဆော်တက်ကြွ စေသည်။ အမောပန်း ကိုလည်း ခံနိုင်စွမ်းရှိသည်။ ၎င်းအပြင် နှလုံး၊ ကြွက်သားကြော နှင့် ဆီးရွှင်မှုတို့ကို အားပေးသည်။ လက်ဖက်ရည် ကြမ်းတွင် ပါသော ကဖင်းဓာတ်သည်ကျာက်ကပ် အတွင်း  သွးလှည့်ပတ်မှုကို တိုးတက် ဖြစ်ထွန်း စသည်။ ထို့ကြောင့် ဆီးရွှင်မှုကို ဖြစ်စေသည်။ ထိုသိုဆီးရွှင်မှုကြောင့်သွးတိုးခြင်း ကိုကျဆင်း စပြီးကျာက်ကပ် အားကောင်း လာသည်။ 

လက်ဖက်ရည်ကြမ်း ကို သောက်ခြင်းဖြင့် လူ၏ ကိုယ်တွင်း လှည့်ပတ်လျက် ရှိသောသွးထဲရှိ  ကိုလက်စထရော အဆီဓာတ် ပမာဏကို လျှာ့ချပေး နိုင်သည့် သတ္တိရှိကြောင်းကို သုတေသီ တို့ကတွ့ရှိထားပြီး ဖြစ်သည်။သွးထဲ၌ ကိုလက်စထရော များခြင်းသည် နှလုံးရောဂါနှင့် သွးကြောပိတ် ရောဂါတို့ ဖြစ်ပွားရန် အကြောင်းရင်း တစ်ရပ် ဖြစ်သည်။ 

လက်ဖက်ရည်ကြမ်း သောက်သုံး ပေးခြင်းဖြင့် သွးတွင်းရှိ မကောင်းသည့် ကိုလက်စထရော များကို ပျမ်းမျှ ၁၀ ရာခိုင်နှုန်းခန်လျှော့ချပေး နိုင်သည်ဟု ဆိုထားသည်။ လက်ဖက်ရည်ကြမ်း သာက်ခြင်းသည် ကင်ဆာရောဂါ ကိုပါ ကာကွယ် နိုင်သည်ဟု ဆိုထားသည်။ ၁၉၉၉ ခုနှစ်က ဂျပန် နိုင်ငံတွင် လေ့လာမှုအရ တစ်နေလက်ဖက်ရည် ကြမ်း ၁၀ ခွက်ထက် မနည်း သောက်ခြင်းသည် ကင်ဆာရောဂါ ဖြစ်ပွားမှုကို ဟန့်တားနိုင်သည် ဟု ဆိုသည်။ လက်ဖက်ရည်ကြမ်း သောက်မှုဓလေ့ ကြာင့် နှလုံး ကျန်းမာရေး ကောင်းမွန်သည်။ ထို့ပြင် အဆုတ်ကင်ဆာ ဖြစ်ပွားမှုလျာ့ကျ သွားနိုင်ကြောင်း အမေရိကန်ပြည်ယးတက္ကသိုလ် မှ သုတေသီ များကဆးဘက်ဆိုင်ရာ ဂျာနယ်တွင် ရးသားထား ကြသည်။ 

ယနေကမ္ဘာပေါ်တွင် ကူးစက်ရောဂါများ မဟုတ်သည့် ရောဂါများ (ဥပမာ-သွေးတိုး၊လငန်း၊ ဆီးချိုသွေးချို ၊ နှလုံးသွေး ကြောကျဉ်း) စသည့်ရောဂါ များကြောင့်သဆုံးမှု မြင့်တက် နသည်။ ကမ္ဘာ့ လူဦးရေတွင် လူပေါင်း ၉၄ သန်း သည်သွးပေါင်တက်ခြင်း၊ အစာအစားများ ခင်းတို့ကြောင့် မသေသင့်ဘဲ သေဆုံးခဲ့ ရကြောင်း သိရှိရသည်။ ဆီးချို အမျိုးအစား ()သည် ကမ္ဘာပ်ါတွင် အဖြစ် အများဆုံး ဖြစ်ပြီး  နှစ်စဉ်လူ သုံးသန်းလောက်၏ အသက်ဇီဝန် များကို ခြွေတ် နေသည်။ 

လက်ဖက်ရည်ကြမ်း တွင် ဦးနှောက် ကျန်းမာရးကို အထောက်အကူ ပြသည့် Polyphenol ဓာတုပစ္စည်းများ ပါဝင်ပြီး ဓာတ်တိုးခြင်းကို ဆန့်ကျင်သော အစွမ်းသတ္တိ ရှိသဖြင့် ခန္ဓာကိုယ် တွင်းရှိဆဲလ် များကို ပျက်စီး စေတတ်သော Free Radicals များကို Polyphenol (EGCG) က ဖျက်ဆီး နိုင်ခြင်းကြောင့် လူတို့၏ ကျန်းမာရေး ကိုများစွာ အထောက်အကူ ပြစေပါသည်။ ထို့ပြင် လက်ဖက်ရည်ကြမ်း သောက်ခြင်းဖြင့် ဦးနှောက် မှလည်း ဥာဏ်ခိျု့ယွင်းမှု ကာကွယ်နိုင်ပြီး အယ်ဇိုင်းမား ရောဂါ ဖြစ်ပွားမှုကို ကာကွယ်နိုင် သည်ဟု အမေရိကန် သုတေသန ပညာရှင်များက ဆိုထားကြသည်။ 

ဂျာမန် သုတေသန ပညာရှင်များ ကလည်း လက်ဖက်ရည်ကြမ်း သည် စိတ်လန်းဆန်း မှုကိုဖစ်စေပြီးသွးပေါင်ချိန် တက်ခြင်း ကိုလည်း ထိန်းနိုင်ကြောင်း၊ နှလုံးရောဂါ ဖြစ်ပွားမှု ကိုလည်း အကာအကွယ် ပေးနိုင်ကြောင်း ပြောထားပြီး တစ်ဆက်တည်း လက်ဖက်ရည်ကို နွားနို့နှင့် ရောစပ် သောက်သုံးပါက ကျန်းမာရေး အကျိုး အာနိသင် များကို အဟန့်အတား ဖြစ်စေနိုင်ကြောင်း သတိပေး ပြောကြားထား ပါသည်။ 

ဂျပန်နိုင်ငံမှ သုတေသန ပညာရှင်များ ကလည်း လူပေါင်း ၄၇၂၉ ဦးတို့ကို စစ်တမ်း ထုတ်ကြည့် ရာတွင် လက်ဖက်ရည်ကြမ်း အကြမ်းပန်းကန် ၁၀ လုံးလောက် သောက်လျှင် ဗီတာမင်စီ (၄၀  မှ ၅၀ မီလီဂရမ်) ရရှိသည့်အပြင် အစာအိမ် ကင်ဆာကို တိုက်ခိုက် နိုင်သည့် အခြားဓာတ် များလည်း ရရှိသောကြောင့် အစာအိမ် ကင်ဆာ ဖစ်ပွားမှုနှုန်း ကျဆင်း သွားသည်ဟု ဆိုထားသည်။ 

၎င်းတွင်မက လက်ဖက်ရည်ကြမ်း တွင် ဖလူအိုရိုက် ပါဝင်သဖြင့် လက်ဖက်ရည်ကြမ်း ဖြင့် ပလုတ်ကျင်း ပေးက သွားပိုးစား၊ သွားရောဂါ များကို  ကာကွယ်ပေး နိုင်ကြောင်း ဆိုထားသည်။ အမေရိကန် နိုင်ငံ ဟားဗတ် တက္ကသိုလ်၏ လ့လာမှုများ အရ တစ်နေ့လျှင် လက်ဖက်ရည် ကြမ်းနှင့် လက်ဖက်စိမ်းရည် ငါးခွက်နှုန်းဖြင့် ရက်သတ္တ နှစ်ပတ်ခန့် သောက်ပေး ပါက မသောက်သည့် သူများထက် ဗိုင်းရပ်ပိုး များကို ခုခံတိုက်ခိုက် နိုင်စွမ်း ၁၀ ဆခန့် ပိုမိုသည်။ ဤသည်မှာ လက်ဖက် ရည်ကြမ်းနှင့် လက်ဖက်စိမ်း ရည်များထဲမှ လူ၏ ခုခံအား စနစ်ကို မြှင့်တင်ပေး နိုင်သည့် အမိုင်နို အက်စစ်များကို ရရှိနိုင်ခြင်း ကြောင့် ဖြစ်သည်။

လက်ဖက်စိမ်း ရည်တွင် ဓာတ်တိုး ဆန့်ကျင် ပစ္စည်းတစ်မျိုး ဖြစ်သည့် ဖလေဗိုနွိုက် များစွာ ပါဝင်သဖြင့် ကိုယ်အလေးချိန် ကဆင်းခြင်း အပါအ၀င် ကျန်းမာရေး အတွက်များစွာ အထောက်အကူ ဖြစ်ပါသည်။ ထို့ပြင် ၎င်းတွင် ပါဝင်နေသည့်ပ်ါလီဖီနော် များက အူလမ်းကြောင်း ကျန်းမာရေး အတွက် ကောင်းမွန်ပြီး ဇီဝရုပ်ဖြစ်စဉ် များကိုမြှင့်တင် ပေးနိုင်သည်။ အဆုတ်ကို သန့်စင် ပးနိုင်သော အစားအစာများတွင် လက်ဖက် ရည်ကြမ်းလည်း ပါဝင်သည်။ ယနေ့ခေတ် လူသား တို့သည် အဆုတ် ကျန်းမာပြီး ချွဲသလိပ်များ ကင်းစင်ရန် အတွက် လက်ဖက်ရည် ကြမ်းကို ပိုမို သာက်သုံးရန် လိုအပ်သည်။  မရီလင်း တက္ကသိုလ်၏ လေ့လာမှု များအရ လက်ဖက် ရည်ကြမ်း၊  လက်ဖက်စိမ်းရည် တွင်ပါဝင်သည့် အစွမ်းထက် ဓာတ်တိုးဆန့်ကျင် ပစ္စည်းများသည်  ဗီတာမင်စီ ထက် ပိုမိုအစွမ်းထက် ကြောင်းသိရသည်။

လက်ဖက်ရည်ကြမ်း သည် နှလုံးသွေးကြော ဆိုင်ရာ ကျန်းမာရေးကို ကောင်းမွန်စေပြီး ကင်ဆာရာဂါ အမျိုးမျိုး ကိုလည်း ကာကွယ် ပေးသည်။ ထိုပြင် ၎င်းသည်ရောဂါ ပိုးမွှားများကို တွန်းလှန် ပးနိုင်သော သတ္တိရှိလေသည်။ တရုတ်နိုင်ငံ သုတေသီများ၏ အဆိုအရ လက်ဖက်ရည်ကြမ်း သည် ပျက်စီးနေသည့် အဆုတ်ကို ပြန်လည် ကာင်းမွန် စေနိုင်ပြီး အဆုတ်ကင်ဆာ မဖြစ်ရန်လည်း ကာကွယ်ပေး နိုင်ကြောင်း ရေးသား လိုက်ရပေသည်။  

 

ရွှဒါးမောင်မြင့်ထွန်း

ဓာတ်ပုံ - အင်တာနက်


No comments: