Tuesday, October 27, 2020

ပလတ်စတစ်အမှုန်များ အန္တရာယ်နှင့် နို့ဘူးစို့ ကလေးငယ်များ

 

ပလတ်စတစ်အမှုန်များ အန္တရာယ်နှင့် နို့ဘူးစိုကလေးငယ်များ


များသောအားဖြင့်  မိခင်ကို့မထွက်လို့ နို့မစို့ရတဲ့   မွေးကင်းစ ကလေးငယ်တွေ၊ အခြေအနေ အမျိုးမျိုးးကြောင့် မိခင်နို့ မစို့ရတဲ့ ကလေးငယ် တွေဟာ နို့ဘူးကိုပဲ အားကိုးရပါတယ်။ နို့ဘူးထဲမှာတော့ မိခင်နို့ မဟုတ်တဲ့ ဖော်မြလိာု့မှုန့်ဖျော်ရည် တွေသာ ပါဝင်တာပါ။

ဖော်မြလိာု့မှုန့်ကို   ဖျော်ဖိုအတွက် အများအားဖြင့်   လုပ်လေ့လုပ်ထ ရှိတာကို့ဘူးထဲကို့မှုန့်ထည့်မယ်။ ရေနွေးထည့်မယ်။ ပြီးရင်ဖျော်မယ်။ အဲဒီလိုပဲ လုပ်ကြတာပါ။ ဒီလိုမျိုးနည်းနဲ့ ဖျော်လိုက်ခြင်း အားဖြင့် ဘာတွေဖြစ်သွားလဲ ဆိုရငို့ဘူးစို့ ကလေးငယ်ရဲ့ ၀မ်းဗိုက်ထဲ တစ်ရက်ကို မိုက်ခရို ပလတ်စတစ် အမှုန်ပေါင်း တစ်သန်းကျော် ၀င်ရောက်သွား ပါတယ်။


ဒီအချက် ကိုတော့ အိုင်ယာလန် နိုင်ငံ ဒဗ္ဗလင်မြို့ ရှိ ထရီနီတီ ကောလိပ်မှ သုတေသန ပညာရှင်တွေက သုတေသန ပြလေ့လာ ဆန်းစစ်မှုတွေ လုပ်ပြီးမှ ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။   ဒါကိုကြည့်ခြင်း အားဖြင့် မိမိတို့ရဲ့ နေ့စဉ် စားသောက်ကုန် တွေမှာ ပလတ်စတစ် တွေ ဘယ်လောက် တောင်မှ  ပါဝင် နေပြီလဲဆိုတာကို သတိမူမိမှာပါ။

ယနေ့ခေတ်မှာ မိမိတို့လူသား တွေအနေနဲ့     မိုက်ခရို ပလတ်စတစ် ပမာဏ ဘယ်လောက် များများအထိ မသိလိုက် မသိဘာ သာစားသုံး နေရတယ်ဆိုတဲ့ သက်သေပြချက် တွေက တစ်နေ့တခြား များပြား လာပါပြီ။ မိုက်ခရို ပလတ်စတစ် ဆိုတာကတော့ ပလတ်စတစ် ပစ္စည်းတစ်ခုက အစိတ်စိတ် အမြွှာမြွှာ ပြိကွဲသွားပြီးတဲ့ နောက်ဖြစ်ပေါ် လာတဲ့ အမှုန်လေးတွေ ကိုဆိုလိုတာပါ။

ဒီလို အမှုန်လေးတွေရဲ့ အန္တရာယ်ကိုတော့ လူတချို့ ကသာသိရှိ ပါသေးတယ်။ ဒါကြောင့် သုတေသီတွေက သုတေသနတွေ လုပ်ပြီး တွေ့ရှိချက် တွေကို လူအများ သိရှိအောင် ထုတ်ပြန်ပေး နေရတာပါ။ အခု သုတေသန ဆိုရင်လည်း သုတေသီ တွေကို့ဘူးပုံစံ အမျိုးမျိုး အပြင် ပိုလီပရိုပိုင်လင်း နဲ့ လုပ်ထားတဲ့ ကလေးအသုံး အဆောင်ပစ္စည်း တွေရဲ့ မိုက်ခရို ပလတ်စတစ် ပါဝင်မှုနှုန်းကို လေ့လာမှုတွေ လုပ်ပါတယ်။

ပိုလီပရိုပိုင်လင်း ဆိုတာကတော့ အစားအသောက် ထည့်တဲ့ ပလတ်စတစ် ခွက်တွေ ထုတ်လုပ်ရာမှာ   အများဆုံး အသုံးပြတဲ့ ပစ္စည်း ဖြစ်ပါတယ်။ သုတေသီ တွေဟာ သူတို့ရဲ့ သုတေသန အတွက် နို့ဘူးကို ပိုးသတ်ခြင်းနဲ့ ဖော်မြလိာု့မှုန့်ဖျော်စပ်ခြင်း တို့အတွက် ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ရဲ့ ညွှန်ကြားချက် အတိုင်း လုပ်ဆောင်ပါတယ်။ ၂၁ ရက်ကြာ သုတေသန လုပ်ပြီးမှာတော့ အဲဒီို့ဘူးတွေဟာ တစ်လီတာကို မိုက်ခရို ပလတ်စတစ် အမှုန် ၁ ဒသမ ၃ သန်း ကနေ ၁၆ ဒသမ ၂ သန်းအထိ ထွက်လာတာကို တွေ့လိုက်ရ ပါတယ်။

ပြီးတဲ့အခါ သူတို့က ဒီအချက်အလက် တွေကို အသုံးပြုပြီး တစ်ကမ္ဘာလုံး မှာရှိတဲို့ဘူးစို့ ကလေးငယ်တွေ အနေနဲ့   မိုက်ခရို ပလတ်စတစ် တွေကို ဘယ်လောက် အတိုင်းအတာ အထိ စားသုံးမိ နေလဲဆိုတာ တိုင်းတာ တွက်ချက် ပါတယ်။ တိုင်းတာ တွက်ချက်ရာမှာ အခြေခံထားတာ ကတော့ နိုင်ငံတွေရဲ့ မိခင်နို့ တိုက်ကျွေးမှုနှုန်း ဖြစ်ပါတယ်။

အဲဒီလို တွက်ချက်ပြီးတဲ့ အခါ ထွက်ပေါ် လာတဲ့ အဖြေကတောို့ဘူးစို့ ကလေးငယ် တစ်ယောက်ဟာ အသက်တစ်နှစ် အတွင်းမှာ    တစ်ရက်ကို မိုက်ခရို ပလတ်စတစ် အမှုန် စုစုပေါင်း ၁ ဒသမ ၆ သန်းအထိ စားသုံးနေရတယ် ဆိုတာပါပဲ။ွံ့ဖြိုးပြီးနိုင်ငံ တွေမှာဆိုရင် နို့ဘူးစို့ ကလေးငယ်တွေ အနေနဲ့   ပလတ်စတစ် အမှုန်တွေကို စားသုံးရနှုန်း ပိုများ နိုင်တယ်လို့ သုတေသီ တွေက ပြောပါတယ်။

မြောက်အမေရိက ဒေသမှာရှိတဲို့ဘူးစို့ ကလေးငယ်တွေဟာ တစ်ရက်ကို ပလတ်စတစ် အမှုန် ၂ ဒသမ ၃ သန်းစားသုံး နေရပြီး ဥရောပဒေသ မှာတော့ ၂ ဒသမ ၆ သန်းအထိ ရှိတယ်လို့ ဆိုပါတယ်။ ဘာကြောင့်     ဒီလို ပြောရလဲဆိုရင်  ချမ်းသာတဲ့ နိုင်ငံတွေမှာ မိခင်နို့ တိုက်ကျွေးမှု အင်မတန် နည်းပါးလာတာ ကြောင့်ဖြစ်ပါတယ်။

အဓိကကတော့ ပလတ်စတစို့ဘူးတွေကို ပိုးသတ်ခြင်းနဲ့ ရေနွေးပူပူ တွေဟာ မိုက်ခရို ပလတ်စတစ်တွေ ထွက်လာရခြင်းရဲ့ ပင်မ အကြောင်းရင်း ဖြစ်ပါတယ်။ ရေနွေး အပူချိန် ၂၅ ဒီဂရီ စင်တီဂရိတ်မှာ ဆိုရင် တစ်လီတိာု့ဘူးမှာ ပလတ်စတစ် အမှုန် သုည ဒသမ ၆ သန်း ထွက်ရှိပြီး ၉၅ ဒီဂရီ စင်တီဂရိတ်မှာ ဆိုရင်တော့ ပလတ်စတစ် အမှုန် ၅၅ သန်းအထိ ထွက်ရှိနိုင် ပါတယ်။

သုတေသီတွေ အနေနဲ့ အခုလိုမျိုးးသုတေသနကို ထုတ်ပြန်တာဟာ လူတွေအနေနဲ့ မိုက်ခရို ပလတ်စတစ် အန္တရာယ်ကို သတိမူမိ စေဖို့ ဖြစ်ပါတယ်။ မိဘတွေ အနေနဲ့ အစိုးရိမ်လွန် စေဖို့ မဟုတ်ပါဘူး။ ကလေးငယ်တွေ အနေနဲ့    အခုလိုမျိုး များပြားလှတဲ့ မိုက်ခရို ပလတ်စတစ် တွေကို မစားမိစေဖို့ တခြားနည်းလမ်း လေးတွေ သုံးပြီး နို့ဘူးတိုက်နိုင် ပါတယ်။

အဲဒီနည်းလမ်း တွေကတော့ ပိုးသတ် ရေအေးအေးနဲ့ နို့ဘူးကို ဆေးခြင်း၊ ဖော်မြလာ နို့ကို ပလတ်စတစ် မဟုတ်တဲ့ ခွက်ထဲထည့်ပြီး ဖျော်ခြင်း၊ ပြီးမှသာ ဖျော်ထားတဲ့ ဖော်မြလာ နို့ကို နို့ဘူးထဲ ထည့်ခြင်းပဲ ဖြစ်ပါတယ်။

ဒါပေမဲ့     ဒီလိုနည်းလမ်း တွေသုံးပြီး ကလေးကို နို့ဘူးတိုက်ခြင်းက မိုက်ခရို ပလတ်စတစ် တွေကို လုံးဝလျှော့ချ ပေးတာမျိုးတော့ မဟုတ်ပါဘူး။ စားသုံးမိတဲ့ မိုက်ခရို ပလတ်စတစ် ပမာဏကိုသာ လျော့ကျသွား စေတာ ဖြစ်ပါတယ်။

ဒါကြောင့် စားသောက်ကုန် တွေမှာ ပလတ်စတစ်တွေကို အသုံးပြုတာဟာ    အလွန် အန္တရာယ် များတယ်ဆိုတာကို သတိမူမိပြီး ပလတ်စတစ် အစား တခြားနည်းလမ်း တွေကို အသုံးပြမှသာ ကလေးငယ်တွေ အတွက် ဘေးကင်းစိတ်ချ ရမယ် ဆိုတဲ့အကြောင်း ရေးသားတင်ပြ လိုက်ရ ပါတယ်။

 

ထက်မြက်

Ref : TST

ဓာတ်ပုံ - အင်တာနက်

Crd mwd daily


No comments: