ရွှေမြန်မာ
ဘုရားဖက်သော် …
အသက်ရှည်၏။
တရားဖက်သော် …
အမျက်ပြေ၏။
သံဃာဖက်သော်…
အခက်ဝေ၏။
သက်ရှည်မျက်ပြေ
ခက်ဝေလန်းလို့
အေးချမ်းသာယာ
ရွှေမြန်မာဟု
ကမ္ဘာတစ်လွှား
ရှာမှရှားသည့်
တို့များ မြန်မာ ရွှေမြန်မာ။
ကောင်းခြင်းဝေဖြာ
မင်္ဂလာတရားကို
လက်ကိုင်ထား၍
ညီညွတ်ကာ …
တွဲလက်တွေကို
မဖြုတ်စတမ်းကွဲ့
ရှေ့ကိုလှမ်းလို့ ချီတက်မှာ။
ချီတက်မှာ ညီလျက်သာ။ ။
(တက္ကသိုလ် စိုးယဉ်)
3 comments:
မယား ဖက်သော် ရတတ်ပွေ၏။ :P
အားမနာတမ်း မဝေဖန်ဘူးဗျ ကဗျာလေးကို မျဉ်း line လေးတွေနဲ့ဖော်ရေးထားတော့ ကြည့်ရတာတစ်မျိုးလေး ကောင်းတယ်ဗျ
ကြိုက်တယ်...
Post a Comment