Friday, June 13, 2008

ကွာကွာမားမား Web ကမ္ဘာ (၂၁)



Freefax.com

ကမ္ဘာအနှံ့ ဖက်စ်ဆာဗာပေါင်းများစွာရှိသော tpc network ၏ လက်အောက် ဝက်ဘ်ဆိုက်ဖြစ်တယ်။ မိခင် အဖွဲ့အစည်း tpc မှာ ကြော်ငြာဝင်ငွေသက်သက်ဖြင့် ရပ်တည်သော အဖွဲ့ဖြစ်တယ်။ ထို့ကြောင့် အင်တာနက် နှင့် ချိတ်ဆက်ထားသော မည်သူ့ကိုမဆို အခမဲ့ ဖက်စ်ပို့စေနိုင်သော ၀န်ဆောင်မှု ပေးနိုင်ခြင်းဖြစ်တယ်။ Fax Machine မရှိဘဲ အခမဲ့ဖက်စ်ပို့နိုင်သည် ဟူသောအချက်က လူများစွာကို ဆွဲဆောင်ထားနိုင်ပြီး ကြော်ငြာစပွန်ဆာ များလည်း အလုံးအရင်းနှင့် ရရှိခဲ့သည်။ ဖက်စ်တစ်စောင်ပို့ချိန် ပျမ်းမျှအနည်းငယ်ခန့် ကြာလေ့ရှိသော်လည်း Local Server ၏ Fax Traffic ပေါ်မူတည်၍ ထို့ထက်လည်း ပိုကြာနိုင်ပါတယ်။ သင့်ဖက်စ် ကို သက်ဆိုင်သူထံသို့ ရောက်သွားကြောင်းကိုလည်း အီးမေးလ်ဖြင့် confirm လုပ်ပေးဦးမည်ဖြစ်တယ်။ ထိုဖက်စ်ကိုလက်ခံ ရရှိသူသည် ကြော်ငြာနှင့်ပေးပို့သူ၊ လက်ခံသူတို့၏ လိပ်စာများ ပါဝင်သော စာရွက်နှင့် အုပ်ထားသည့် ဖက်စ်စာကို ရရှိမည်ဖြစ်ပါတယ်။ ထိုဝန်ဆောင်မှုသုံးရန် အတွက် Member ၀င်ဖို့တော့လိုပါတယ်။ လက်ရှိအချိန်တွင် ကမ္ဘာအနှံ့ ကိုတစ်ရက်လျှင် ဖက်စ်အစောင် သောင်းကျော် အခမဲ့ ပေးပို့လျက်ရှိပါတယ်။ စိတ်ဝင်စားမယ်ဆိုရင် တော့ ဆက်သွယ်လိုက်ပါ။

No comments: