Thursday, June 19, 2008

ကွာကွာမားမား Web ကမ္ဘာ (၂၅)


Wisdomquotes.com


ဗဟုသုတတွေ တစ်လှေကြီး ရရှိနိုင်တဲ့ ဝက်ဘ်ဆိုက်ဖြစ်ပါတယ်။ မှတ်ချက် (ဒါမှမဟုတ်) ကိုးကား ဖော်ပြချက် တွေဟာ မှတ်သားစရာ ကောင်းတယ်လို့ ထင်မြင်လျှင် ၀င်ရောက် ကြည့်ရှုနိုင်ဖို့အတွက် အခန်းကဏ္ဍတွေကို အမျိုးမျိုးခွဲခြား ပြီးတော့ ဝက်ဘ်ဆိုက်ထဲမှာ ဖော်ပြပေးထားပါတယ်။ ပညာရှိတွေ အကြော်အမော် ပုဂ္ဂိုလ်တွေရဲ့ စကားတွေ၊ မှတ်ချက်တွေ ကိုလည်း လေ့လာနိုင်မှာ ဖြစ်တဲ့အတွက် အဲဒီပုဂ္ဂိုလ်တွေရဲ့ သမိုင်းကြောင်းတွေ၊ သူတို့ခေတ်ရဲ့ ယဉ်ကျေးမှု အတွေးအခေါ်တွေနဲ့ လူမှုဘ၀ ရှင်သန် ရပ်တည်ပုံ တွေကို ယှဉ်တွဲ လေ့လာနိုင်ပြီး ဘဝ အသိအမြင်တွေ အတွေးအခေါ် အမြင်သစ်တွေ တိုးပွား ရရှိနိုင်တဲ့ နေရာဖြစ်ပါတယ်။

No comments: