Wednesday, June 18, 2008

သဘာဝပရိုတိန်းစွမ်းရည်

သဘာဝပရိုတိန်းတစ်မျိုးသည် နှလုံးဒဏ်ရာဖြစ်မှုကို ကျက်စေနိုင်

သုတေသီများအနေဖြင့် နှလုံးဒဏ်ရာကို ကုစားနိုင်သည့် သဘာဝ ပရိုတိန်းတစ်မျိုးကို တွေ့ရှိထားကြောင်း ဆိုသည်။ Nerve Growth Factor (NGF) ဟုခေါ်သည့် နဗ်ဆဲလ်များ ကြီးထွားမှုကို အားပေးသည့် ပရိုတိန်း က သွေးကြော ပိတ်ခြင်းကြောင့်ဖြစ်သည့် နှလုံးကြွက်သားဒဏ်ရာများကိုလည်း ကျက်စေနိုင်ကြောင်း ဆိုသည်။

Bristol Heart Institute မှ သုတေသီများက NGF အား ကြွက်များ၌စမ်းသပ်ရာတွင် ကျေနပ်ဖွယ်ရာ ရလဒ်များ ရရှိကြောင်းကို Cell Death & Differentiation of Around Reports တွင် ဖော်ပြထားသည်။ ၄င်း စမ်းသပ်ချက် အရ လူသားတို့တွင်လည်း ကုသနိုင်မည်ဟု မျှော်လင့်ကြောင်း ဆိုခဲ့သည်။

နှလုံးရောဂါ Heart Attack ဆိုသည်မှာ နှလုံးကြွက်သားများအား Oxygen နှင့် Nutrients များ သယ်ဆောင်ပေး သည့်သွေးကြောများ ပိတ်ဆို့ခြင်းကြောင့် ဆိုင်ရာကြွက်သားများ အစာငတ် ဒဏ်ရာရ ပျက်စီးပြီး နှလုံးအလုပ် မလုပ်နိုင်တော့သည့် အခြေအနေ Heart Failure ဖြစ်သည်အထိ ဆိုးဝါးနိုင်ကြောင်း သိရှိရပါသည်။

ကိုးကားချက်။ BBC Health News, စရဏမဂ္ဂဇင်းမှ ဒေါက်တာဝင်းအောင်၊ဆေး-၂

No comments: