Saturday, June 7, 2008

ကွာကွာ မားမား Web ကမ္ဘာ (၁၆)


W3.WSJ.com

Wall Street ဂျာနယ်က သူတို့ရဲ့ ၀က်ဘ်ဆိုက်မှာ အခုဆိုရင် လာရောက်ဖတ်ရှုသူပေါင်း တစ်သန်း ကျော်သွားပြီလို့ ကြေညာခဲ့ပါတယ်။ ဒီဝက်ဘ်ဆိုက်ကို အခပေး ကြည့်ရှုနိုင်အောင် တင်ပေးထားတဲ့ ၀က်ဘ်ဆိုက်ဖြစ်တယ်။ လွန်ခဲ့တဲ့ကာလကစလို့ လူအများစုဟာ သတင်းစာ၊ ဂျာနယ်တွေကို ပုံနှိပ် ထုတ်ဝေတဲ့ဘက်ကနေ ခွာလာကြပြီး အခမဲ့ပေးတဲ့ ၀က်ဘ်ဆိုက်တွေနဲ့ အခြားသော မီဒီယာ တွေဘက်ကို အာရုံပိုပြီး စိုက်လာကြတာကို တွေ့ကြရပါတယ်။ လက်ရှိအချိန်မှာ အွန်လိုင်း ဂျာနယ် လောကဟာ လူပြောစရာ ဖြစ်လောက်အောင် အောင်မြင်နေပြီဖြစ်တယ်။

No comments: