Saturday, June 28, 2008

ကွာကွာမားမား Web ကမ္ဘာ (၃၃)



Science.com

Science သည် သိပ္ပံပညာရပ်အကြောင်း ရေးသားထားသော မဂ္ဂဇင်းဝက်ဘ်ဆိုက်ကြီး တစ်ခုဖြစ်ပြီး စာအုပ် အဖြစ် သာမက Online version အဖြစ်လည်း ဖတ်ရှုနိုင်ပါတယ်။ ဒီမဂ္ဂဇင်းမှာ ဆေးပညာရပ် ဆိုင်ရာ အကြောင်းအရာ တွေကို အများနားလည်အောင် ရှင်းရှင်းလင်းလင်း ရေးသားထားပြီး MP3 ပလေယာ များ အတွက်လည်း အသံထွက် စာအုပ်အဖြစ် နားထောင် ဖတ်ရှုနိုင်ပါတယ်။ Podcast ဖိုင်များကိုလည်း ထည့်သွင်း ပေးထားတယ်။ ဒါ့အပြင် သိပ္ပံနယ်ပယ်ဆိုင်ရာ အလုပ်အကိုင် အခွင့်အလမ်းများ အကြောင်းကိုလည်း ကဏ္ဍ တစ်ခုအဖြစ် ထည့်ပေး ထားပါတယ်။ ဤဝက်ဘ်ဆိုက်ဟာ သိပ္ပံသတင်အချက်အလက်တွေ လေ့လာလို သူများအတွက် မဖြစ် မနေကြည့်ရှုကြရမယ့် အွန်လိုင်းမဂ္ဂဇင်းဖြစ်ပြီး ထုတ်ဝေပြီးသား စာအုပ်များကိုလည်း အွန်လိုင်းအတွင်း မှတ်တမ်း (Archive) အဖြစ် ထည့်သွင်းပေးထားပါတယ်။ ဗဟုသုတရှာမှီးလိုသူ မည်သူမဆို လေ့လာ ဖတ်ရှုသင့်တဲ့ ဝက်ဘ်ဆိုက် ဖြစ်ပါတယ်။

No comments: