Sunday, June 1, 2008

ကွာကွာ မားမား Web ကမ္ဘာ (၅)



W3.coolsiteoftheday.com
အင်တာနက်ကို အကြောင်းမယ်မယ်ရရ မရှိဘဲ အပျော်သက်သက် ၀င်ရောက်ကြည့်ရှု မယ်ဆိုရင် ဒီဝက်ဘ်ဆိုက်လေးကို သတိရလိုက်ပါ။ ဒီဆိုက်ဟာ နေ့စဉ်နေ့တိုင်း ၀က်ဘ်ဆိုက်များ အားလုံး နီးပါးကို လေ့လာပြီး တီထွင်ဆန်းသစ်မှု၊ အကြောင်းအရာ၊ ဒီဇိုင်း စသည်တို့ကို အမှတ်ပေးပြီး တစ်နေ့တာ အတွက် အကြောင်းဆုံး ၀က်ဘ်ဆိုက် တစ်ခုကို ရွေးချယ်ပေးခြင်းဖြစ်တယ်။ ဒါအပြင် Site အတွင်း ၀င်ရောက်သူများ၏ မဲဆန္ဒပေါ် မူတည်ပြီး တစ်နှစ်တာအတွက် အကောင်းဆုံး Site ကိုလည်း ရွေးချယ် ပေးသေးတယ်။
Cool Site of the Day တွင် အကောင်းဆုံးဝက်ဘ်ဆိုက်သို့ ၀င်ရမည့် Link အပြင် တခြားသော feature များစွာာလည်း ပါဝင်တယ်။ အွန်လိုင်း မားကက်နဲ့ပတ်သက်တဲ့ အကြံပြုချက်တွေ၊ ၀က်ဘ်ဆိုက်တစ်ခု အောင်မြင်ရာ အောင်မြင်ကြောင်း အကြံပြုချက်တွေကိုလည်း ဖော်ပြထားပါတယ်။ အင်တာနက်ကို အပျော်တမ်း ၀င်ရောက်ကြည့်ရှုသူများ သာမက အင်တာနက်ဝက်ဘ်ဆိုက်များ၏ တိုးတက်ပြောင်းလဲမှုနဲ့ Trend ကို အမြဲမပြတ်လေ့လာလိုသူ Web Developer များလည်း ဒီ Site ကို ၀င်ရောက်လေ့လာသင့်ပါတယ်။

No comments: