Wednesday, June 25, 2008

ကွာကွာမားမား Web ကမ္ဘာ (၂၈)



Surfline.com

ပင်လယ်ကမ်းခြေဆီ မကြာခဏသွားရောက်ပြီး လှိုင်းစီးသူတွေအတွက် အဓိကရည်ရွယ် လွှင့်တင်ထားတဲ့ ဝက်ဘ်ဆိုက်ဖြစ်ပါတယ်။ ဒီဝက်ဘ်ဆိုက်မှာ လှိုင်းစီးခြင်း ( Surfing ) နဲ့ပတ်သက်ပြီး သိရှိထားသင့်တာတွေကို ဝင်ရောက် လေ့လာနိုင်တဲ့အပြင် အခြားသူများရဲ့ စိတ်လှုပ်ရှားစရာကောင်းတဲ့ အတွေ့အကြုံများကိုလည်း ပါဝင် ခံစားနိုင်မှာဖြစ်ပါတယ်။ ဝက်ဘ်ဆိုက်အတွင်း အများသူငါ တင်ထားတဲ့ ဗီဒီယို clip တွေ၊ လှိုင်းစီးပြိုင်ပွဲများ (surfing contests) ၊ အမှတ်တရ အကြောင်းအရာများ စသဖြင့် ကဏ္ဍအလိုက် ဝင်ရောက်ကြည့်ရှုနိုင်တာဖြစ်ပြီး အခကြေးငွေပေးပြီး အသင်းဝင်ထားသူများ အတွက်လည်း လုပ်ဆောက်ချက် အစုံအလင်ပါရှိတဲ့ သီးသန့်ကဏ္ဍ တစ်ခုကိုလည်း ထည့်သွင်းပေးထားပါတယ်။ ၄င်းပြင် လှိုင်းစီးခြင်းအတွက် လိုအပ်တဲ့ အသုံးအဆောင် ပစ္စည်းကိရိယာများကိုလည်း ရွေးချယ်ဝယ်ယူနိုင်တာ ဖြစ်တဲ့အတွက် ပင်လယ်လှိုင်းစီးလိုသူများ မဖြစ်မနေ ဝင်ရောက် ကြည့်ရှုလေ့လာသင့်တဲ့ အပန်းဖြေစရာ ဝက်ဘ်ဆိုက်တစ်ခုပဲဖြစ်ပါတယ်။

No comments: