Sunday, June 1, 2008

ကွာကွာ မားမား Web ကမ္ဘာ (၄)



W3.sportsline.com
အလှဆုံး ၀က်ဘက်ဆိုက်တစ်ခု မဟုတ်ပေမဲ့ ဒီဇိုင်းအထူး ကောင်းမွန်လှပတယ်။ ကြည့်ရှုသူ မျက်စိပသာဒကျ စေရန် စီမံထားတယ်။ ဆိုက်ရဲ့ အပေါ်ဆုံးမှာ အချိန်နဲ့အမျှ Update လုပ်နေတဲ့ Live Scoreboard ရှိပြီး၊ ယဉ်ပြိုင်ခဲ့ပြီးသမျှ အားကစားပြိုင်ပွဲများရဲ့ နောက်ဆုံးရလဒ်ကို တင်ထားတယ်။ espn.com ဆိုက်မှာတောင် ဤကဲ့သို့ အချိန်နဲ့ တစ်ပြေးညီ တင်ဆက်နိုင်မှုမမျိုးမရှိပါ။ ပွဲရလဒ်များ Link များဖြစ်ပြီး ပြိုင်ပွဲအကဲခတ်များဆီသို့ တန်းတန်းမတ်မတ် ရောက်နိုင်၍ အားကစားပွဲများကို ကိုယ်တိုင် ကိုယ်ကျ ကြည့်နေရဘိသကဲ့သို့ တွေ့ကြုံရမည်ဖြစ်သည်။ သို့ရာတွင် ဆိုက်ထဲရှိ အကြောင်းအရာ အများစုတွေဟာ တခြားသော Source များထံမှ ရယူထားခြင်းဖြစ်သည်။ ၀က်ဘ်ဆိုက်၏ ကိုယ်ပိုင် အမြင် ကိုယ်ပိုင်ဟန် တင်ဆက်ထားမှုအနည်းငယ်သာ ရှိသော်လည်း Web Design ကြောင့်သာ အမြင်တင့်တယ်စေပါတယ်။

No comments: