Thursday, June 12, 2008

Vitamin D နှင့် အသက်ရှည်ခြင်းစွမ်းအင်

Vitamin D နှင့် အသက်ရှည်ခြင်းစွမ်းအင်

ကိုယ်ခန္ဓာကို နေရောင်ခြည် ထိခြင်းအားဖြင့် ရရှိသော Vitamin သည် ဆဲလ်များ၊ တစ်ရှူးများ အိုမင်းပျက်စီးမှု Aging Process ကို နှေးကွေးသွားအောင် စွမ်းဆောင်နိုင်ကြောင်း ဆိုကြသည်။

King’s College ၏လေ့လာချက်များအရ သွေးထဲ၌ ဗီတာမင်ဒီ ပမာဏ ပိုများသောအမျိုးသမီး (၂၀၀၀)ကျော် ခန့်၏ DNA များတွင် အိုမင်းရင့်ရော်ခြင်း ပြောင်းလဲမှုများသည် အခြားသူများနှင့်စာလျှင် နှေးကွေးနေကြောင်း တွေ့ရှိရသည်။

ဗီတာမင်ဒီဓာတ်နည်းသော အစားအစာများနှင့် Multiple Sclerosis အဆစ်အမြစ်ရောင် (Rheumatoid Arthritis) ရောဂါများ ဆက်စပ်မှုရှိကြောင်း တွေ့ရှိရသည်။

အိုမင်းရင့်ရော်ခြင်းသည် ဆဲလ်များအတွင်းရှိ Telomere အမျှင်ကလေးများ တိုသွားခြင်းနိုင်ဆိုင်သည်။ ၄င်းအပြင် ဗီတာမင်ဒီအနေဖြင့် နှလုံးရောဂါနှင့် ကင်ဆာရောဂါများအတွက်လည်း အကျိုးရှိသည်ဟု ဆိုသည်။

(စကားချပ်- Blog ညီအစ်မတို့ရေ အိုမင်းရင့်ရော်ခြင်းမှ ကင်းဝေးအောင် အချဉ်များများစားပြီး နေပူပူထဲ လျှောက်လည်ကြ တာပေါ့၊ ဒါမှ အမြဲနုပျိုနေမှာ)

ကိုးကားချက်။ BBC Health News, စရဏမဂ္ဂဇင်းမှ ဒေါက်တာဝင်းအောင်၊ဆေး-၂

No comments: