Saturday, June 21, 2008

ကင်ဆာကုဆေးသစ်တွေ့ရှိ

ကင်ဆာရောဂါပြန့်ပွားမှုကို တန့်သွားစေသောဆေးသစ် ရှာဖွေတွေ့ရှိ

Cannabis မှာပါဝင်တဲ့ ဓာတ်ပစ္စည်းတစ်မျိုးဟာ ကင်ဆာဆဲလ်များ ပြန့်ပွားခြင်းကို ဘေးထွက်ဆိုးကျိုးနည်းနည်းနဲ့ ထိရောက်စွာ ဟန့်တားထားနိုင်ကြောင်း အမေရိကန် သုတေသီတွေ တွေ့ရှိထားသည်။ California Pacific Medical Centre Research Institute မှ သုတေသီများ၏တွေ့ရှိချက်များအရ Cannabidol (သို့မဟုတ်) CBD ဓာတ်ပစ္စည်းသည် အဆိပ်အတောက်မဲ့ (Non Toxic)ဆေးအနေဖြင့် လက်ရှိ ဘေးထွက်ဆိုးကျိုးများသော ကင်ဆာဆေးကုသမှု Chemotherapy အား အစားထိုးနိုင်လိမ့်မည်ဟု မျှော်လင့်ထားကြသည်။ Cannabis နှင့် CBD မတူညီချက်မှာ CBD တွင် Cannabis ကဲ့သို့ စိတ်ကြွစေသည့် စွမ်းအင်မပါရှိသည့်အတွက် သုံးစွဲရာတွင် ဥပဒေကို ချိုးဖောက်ရာမရောက်ကြောင်း Molecular Cancer Therapeutic Reports များ၌ ဆိုကြသည်။ CBD ၏ အလုပ်လုပ်ပုံမှာ ကင်ဆာဆဲလ်များ ပြန့်ပွားရန်လိုအပ်သော Gene ဖြစ်သည့် Id-1 Gene ၏ အလုပ်လုပ်ပုံအား ဟန့်တား စေနိုင်ကြောင်း ဆိုကြသည်။ ပြီးခဲ့သော စမ်းသပ်ချက်များအရ CBD သည် ဆိုးရွားသော Brain Cancer ကိုပင် ဟန့်တားနိုင်ကြောင်း ဆိုကြသည်။ နောက်ပိုင်း စမ်းသပ်ချက်များအရ CBD သည် ရင်သားကင်ဆာအတွက် လည်း ထိရောက်မှု ရှိကြောင်း တွေ့ရှိရသည်။

ကိုးကားချက်။ BBC Health News, စရဏမဂ္ဂဇင်းမှ ဒေါက်တာဝင်းအောင်၊ဆေး-၂။

No comments: