Tuesday, June 17, 2008

ကွာကွာမားမား Web ကမ္ဘာ (၂၃)



Globalincidentmap.com

တစ်နေရာမဟုတ် တစ်နေရာမှာ မငြိမ်းချမ်းမှုတွေ၊ သွေးထွက်သံယို မှုတွေ အမြဲဖြစ်နေတဲ့ ဒီကမ္ဘာကြီးမှာ သင့်အားလပ်ရပ် အပန်းဖြေခရီးစဉ်ကို လုံခြုံစိတ်ချရမှု အပြည့်ရှိအောင် ဘယ်လိုရွေးချယ်ရေးဆွဲမလဲ။ ဟိုတယ် ဘွတ်ကင်လုပ်တာတွေ၊ တိုးရစ်လမ်းညွှန် စာအုပ်ကိုဖတ်တာ နောက်ဆုံး အိမ်မှာကျန်ခဲ့တဲ့ အချစ်တော် ကြောင်ကလေး၊ ခွေးကလေးတွေကို အစာကျွေးဖို့ စီစဉ်ခဲ့တာ စတဲ့ ကိစ္စတွေနဲ့ လုံလောက်ပြီလား။ တကယ်တော့ ပြီးပြည့်စုံပြီး အစွန်းအထင်းကင်းတဲ့ အပန်းဖြေခရီးစဉ် ဖြစ်ဖို့အတွက် ကြိုတင်ပြင်ဆင်စရာ အရေးကြီးဆုံး အချက် တစ်ချက်ကျန်ပါတယ်။ မိတ်ဆွေသွားလည်မယ့် ဒေသအပါအ၀င် အနီးအနား ဒေသတွေနဲ့ ကျန်တစ်ကမ္ဘာလုံး ဘယ်နေရာမှာ ဘယ်လို ဘေးအန္တရာယ်မျိုးတွေ ကျရောက်နေတယ်ဆိုတာ ဖော်ပြပေးတဲ့ ဒီဝက်ဘ်ဆိုက်ကို ၀င်ရောက်ကြည့်ရှုဖို့ အထူးလိုအပ်ပါတယ်။ ဒီဝက်ဘ်ဆိုက်မှာ အကြမ်းဖက် တိုက်ခိုက်မှုနဲ့ သွေးထွက်သံယိုဖြစ်မှု၊ အခြား သံသယဖြစ်ဖွယ် ဘေးအန္တရာယ်ကိစ္စတွေကို အဓိက ဖော်ပြပေးထားပါတယ်။ မြေပုံနဲ့ ဖော်ပြပေးတဲ့ အတွက် အချိန်အလိုက်၊ နေရာဒေသအလိုက်နဲ့ ဘေးအန္တရာယ်မျိုးစုံကို ဖော်ပြထားတာမို့ အကြောင်းအမျိုးမျိုးနဲ့ ဖြတ်သန်းသွားလာ ကြမယ့်သူများအတွက် မရှိမဖြစ် အရေးပါတဲ့ ၀က်ဘ်ဆိုက်တစ်ခု ဖြစ်ပါတယ်။

No comments: