Sunday, June 1, 2008

တံခါးပိတ်

တံခါးပိတ်

ချစ်သူထံ ငှက်ပမာ
ပျံလာချင်တယ်လေ့၊
ငှက်ခတ်သူ မုဆိုးညစ်
လေးပစ်တဲ့နေ့။

ချစ်သူ့ထံ ပန်းပမာ
ဆင်လာချင်တယ်လေ့၊
ပိတုန်းညို ဥာဏ်သမား
ပန်းစားတဲ့နေ့။

ချစ်သူ့ထံ ရော်ရွက်ပမာ
ဝဲလာချင်တယ်လေ့၊
လေရူးမောင် လူသွမ်းပျက်
သစ်ရွက်ခူးတဲ့နေ့။

ချစ်သူ့ထံ လမင်းပမာ
သာချင်တယ်ဆိုလေ့၊
ကမ္ဘာမြေ ကိုလူဆိုး
ယုန်ခိုးတဲ့နေ့။

သို့ပါလည်း ချစ်သူဆီ
လာနိုင်ပြီ ဆိုပါတော့၊
ချစ်သူ့ဘုံ တံခါးပိတ်လို့
မီးမှိတ်ပါပေါ့ .. .. .. ။ ။
(တင်မိုး)

7 comments:

nyiyekhaung said...

ချစ်သူကရက်စက်တယ်ဗျာ ဟီးဟီး

Apprenticeship said...

hote pa. yet set tal :(

အညာသား said...

R ဇာနည် လို သီချင်းဆိုပြလိုက်လေဗျာ။
“ဒီတစ်ညတော့ မင်းရင်ခွင်မှာ အိပ်ဘို့ရောက်လာပီ၊ အချစ်လေးရေ..တံခါးဖွင့်ပါကွယ်...” :)

Unknown said...

ပိတ်ထားတဲ့တံခါးက အစောင့်ဆိုးကို ဖယ်ပြီးဝင်မယ်

မွန် said...

လေးချိုးလား ဒွေးချိုးလား မသေချာပေမယ့်
ခုလိုကာရံမိကဗျာ စပ်နည်းမှန်ကဗျာလေးကို
တအားကြိုက်တာပဲ
များများရေးပါနော်

အိမ်မက်သစ် said...

တင်းပလိတ်အစ်ကိုကြီး...မီးမှိတ်ပြီး ဘာဆက်ဖြစ်လာမလဲအစ်ကို....ဟီဟီ....စာမေးပွဲက မပြီးသေးဘူးဗျာ....စာမကျက်ချင်လို့ လျှောက်သွားရင်းရောက်လာတာ....ညောင်းလိုက်တာဗျာ....

Unknown said...

ကဗျာက ချစ်စရာလေးဗျာ။
စကားလုံးတွေက ပျံနေတာပဲ။
ပြန်တင်ပေးတာ ကျေးဇူးဗျာ။