Saturday, June 21, 2008

ကွာကွာမားမား Web ကမ္ဘာ (၂၇)



www.poetry.com

အွန်လိုင်းပေါ်ရှိ ကဗျာဝက်ဘ်ဆိုက်များအနက် အကြီးဆုံးဆိုက်တစ်ခုဖြစ်တယ်။ ကမ္ဘာပေါ်ရှိ နာမည်ကျော် ကဗျာဆရာများရဲ့ ကဗျာတွေကို စုစည်းထားရုံမျှမက သင်ကိုယ်တိုင်လည်း ကဗျာဆရာတစ်ယောက် အဖြစ် ကဗျာများကို ပေးပို့နိုင်တယ်။ သင့်အနေနှင့် လစဉ်ကျင်းပသော ကဗျာပြိုင်ပွဲများသို့လည်း ဝင်ရောက်နိုင်ပြီး တစ်နှစ်တာအကောင်းဆုံးကဗျာဆုကို ရပါက ဆုကြေးငွေ အမေရိကန်ဒေါ်လာ တစ်သိန်း ဆွတ်ခူးနိုင်တယ်။ ကဗျာများကို အီးမေးလ်ဖြင့်ပေးပို့ရပြီး နှစ်လအတွင်း ဝက်ဘက်ဆိုက်ပေါ်၌ ဖော်ပြပေးမည်ဖြစ်တယ်။ ထို့အပြင် ဝက်ဘ်ဆိုက်မှာ တင်ထားပြီးဖြစ်တဲ့ မိမိ၏ကဗျာများကိုလည်း ပြန်လည် တည်းဖြတ်ပြင်ဆိုင်နိုင်တယ်။ ဝက်ဘ်ဆိုက်ပေါ်တွင် နေ့စဉ်အကောင်းဆုံးကဗျာ အဖြစ် တင်ဆက်ပေးသော ကဏ္ဍတစ်ခုရှိတယ်။ ကမ္ဘာ့သမိုင်းတွင် ပေါ်ထွက်ခဲ့သော ကဗျာများထဲမှ အကောင်းဆုံး ကဗျာတစ်ရာပုဒ်ကို ဝက်ဘ်ဆိုက်ရဲ့ မူနဲ့ ရွေးချယ်ပြီး ဖော်ပြပေးတဲ့ ကဏ္ဍတစ်ခုလည်းရှိတယ်။ အချစ်ကဗျာများချည်း သက်သက် စုစည်းပေးထားသော ကဏ္ဍလည်းရှိပါတယ်။ ကဗျာဝါသနာရှင်များအတွက် ကဗျာစပ်သည့် နည်းစနစ် အမျိုးမျိုးကိုလည်း ဝင်ရောက်လေ့လာနိုင်တယ်။ မိမိကိုယ်ပိုက် ကဗျာစာအုပ်ထုတ်ပေး လိုသူများ အတွက်လည်း အကြံပေးတဲ့ အခန်းကဏ္ဍတစ်ခုလည်းပါဝင်ပါတယ်။ ဝက်ဘ်ဆိုက်တွင် member အဖြစ် အဖွဲ့ဝင်ပါကလည်း သီးခြားအခွင့်အရေးများ ရရှိဦးမည် ဖြစ်တယ်။ ဒါကြောင့် ကျွန်တော်တို့ ဘလော့ဂ်ဂါ သူငယ်ချင်းတွေထဲက ကဗျာဆုကြေး ကောင်းကောင်းရဖို့ အတွက် ကဗျာတွေပေးပို့ကြဖို့ တိုက်တွန်းပါတယ်။

No comments: