Friday, June 27, 2008

ကွာကွာမားမား Web ကမ္ဘာ (၃၂)



Meetup.com

အင်တာနက် ကွန်ရက်ဝက်ဘ် ဆိုသည်မှာ ကမ္ဘာ့ဒေသပေါင်းစုံမှ အရောင်အသွေး၊ အသက်အရွယ်ပေါင်းစုံ ရှိသော လူများကို Chatroom, Message board နဲ့ Online Venue တို့မှာ တွေ့ဆုံ ရင်းနှီးစေသော နည်းပညာ ဖြစ်ပါတယ်။ ဒါပေမယ့် အခုပြောတဲ့ Meetup မှာတော့ အဖွဲ့ဝင်လူအချင်းချင်း တွေ့ဆုံမှုကို ပြင်ပကမ္ဘာရဲ့ အစစ် အမှန်နေရာများ ဖြစ်တဲ့ ဘိုးလင်းကွင်းများ၊ ကော်ဖီဆိုင်များနဲ့ ဘား များတွင် တွေ့ဆုံနိုင်စေရန် ဆောင်ရွက် ပေးတဲ့ ဝက်ဘ်ဆိုက်ပဲဖြစ်ပါတယ်။ Meetup သာမရှိပါက ထိုသို့ အွန်လိုင်းမိတ်ဆွေများဖြစ်မှုကို ပြင်ပကမ္ဘာအထိ ဆွဲဆန့် နိုင်ခြင်းမျိုး ရှိမည်မဟုတ်ပါ။ Meetup က ဖွဲ့စည်းပေးထားတဲ့ ဝါသနာတူအုပ်စုမျာသည်လည်း ပရက်စလေ ချစ်သူ များကအစ ဘုရားမဲ့ ဝါဒီများအလယ်၊ ယိုယိုဝါသနာရှင်များ အဆုံး အမျိုးစုံလင်လှပါတယ်။ ဝက်ဘ်ဆိုက်ကို စံချိန်မီ စီးပွားရေးကုမ္ပဏီ တစ်ခုကဲ့သို့ ဒါရိုက်တာအဖွဲ့ အဆင့်ဆင့်ဖြင့် စနစ်တကျ ဖွဲ့စည်း ထားပြီး အခမဲ့ အဖွဲ့ဝင် ဝင်ရောက်နိုင်ပါတယ်။

No comments: