Sunday, June 1, 2008

ကွာကွာ မားမား Web ကမ္ဘာ (၂)



W3.vtourist.com
ကမ္ဘာ့ထိပ်တန်းခရီးသွားလမ်းညွှန် ၀က်ဘက်ဆိုက်တစ်ခုဖြစ်တယ်။ ကမ္ဘာအနှံ့ နိုင်ငံပေါင်း ၂၀၀ ကျော်မှ အဖွဲ့ဝင် ပရိသတ် သိန်း ၆၀ ကျော်တဲ့ ဆိုက်ဖြစ်ပါတယ်။ ဘက်လိုက်မှုကင်းတဲ့ သုံးသပ် အကြံပေးချက်တွေကြောင့် နာမည်ကြီးတယ်။ ဟိုတယ်ခများ၊ လေယာဉ်ခရီးစဉ်ဈေးနှုန်းများ၊ Package tour အစီအစဉ်များကိုလည်း ပြည့်စုံအောင် ဖော်ပြထားတယ်။ Go in the Know ဆိုတဲ့ Link ထဲဝင် လိုက်လျှင် ကမ္ဘာအနှံ့မှ ခရီးသွား ၀ါသနာတူ မိတ်ဆွေများနဲ့ တွေ့နိုင်ပါတယ်။ သူငယ်ချင်းသွားလိုတဲ့ နေရာဒေသတွေကို အရင်ရောက်နှင့်ပြီးသူများထံမှ အတွေ့အကြုံနဲ့ အကြံဥာဏ်များကိုလည်း ရယူ နိုင်တယ်။ ဒီဆိုက်ရဲ့ အဓိကအားသာချက်တစ်ခုကတော့ Member များအနေနဲ့ မိမိတို့ရဲ့ ကိုယ်ပိုင် ခရီးသွား အတွေ့အကြုံများ၊ မှတ်တမ်းဓာတ်ပုံများနဲ့ ဆောင်ရွက်/ရှေုာင်ရန် သတိပေးချက်များကို ရေးသား ဖလှယ်ရန် Free space ပေးထားခြင်ဖြစ်တယ်။ အချုပ်အားဖြင့် Virtual Tourist သည် ခရီးသွား လမ်းညွှန်ဝက်ဆိုက်တစ်ခု အဖြစ်သာမက ကမ္ဘာအနှံ့မှ ၀ါသနာသူ မိတ်ဆွေများ စုဝေး တွေ့ဆုံ အကြံဥာဏ် ဖလှယ်နိုင်သော အွန်လိုင်းကလပ် တစ်ခုလည်း ဆိုနိုင်ပါတယ်။

No comments: