Saturday, June 7, 2008

ကွာကွာ မားမား Web ကမ္ဘာ (၁၇)



W3.buddhanet.net


ဗုဒ္ဓဘာသာဆိုင်ရာ အကြောင်းအရာများ၊ သတင်းအချက်အလက်များနဲ့ ဗုဒ္ဓဘာသာနဲ့ ပတ်သက်သော ပညာရေး ဗဟုသုတများကို လေ့လာနိုင်တဲ့ ၀က်ဘ်ဆိုက်ဖြစ်ပါတယ်။ ဒီဝက်ဘ်ဆိုက်ကို သြစတြေးလျ နိုင်ငံရှိ Buddha Dharma Education Association Inc က ၁၉၉၅ ခုနှစ်မှာ လွှင့်တင်ထားတာဖြစ်ပြီး ကမ္ဘာပေါ်ရှိ ဗုဒ္ဓဘာသာများ ဖြစ်သော ထေရ၀ါဒ၊ မဟာယာန၊ တိဗက်၊ ဇင် (Zen) စတဲ့ ဗုဒ္ဓဘာသာ အကြောင်းတွေ ဖော်ပြပေးပါတယ်။ ဒါ့အပြင် ဗုဒ္ဓဘာသာနဲ့ ပတ်သက်တဲ့ အွန်လိုင်း မဂ္ဂဇင်းကဏ္ဍ၊ ဗောဓိပင်၊ ကမ္ဘာ့ဗုဒ္ဓဘာသာလမ်းညွှန်၊ တရားပြဆရာများ၏ နည်းနာများ၊ သတင်းများနဲ့ တရားထိုင်နည်း များကို ဖော်ပြထားပြီး ဗုဒ္ဓဘာသာကို လေ့လာလိုသူများအတွက် မြတ်ဗုဒ္ဓ၏ လမ်းညွှန်ချက်များကို အခြေခံမှစ၍ လေ့လာနိုင်ကြောင်း တွေ့ရှိရပါတယ်။ ဒါ့အပြင် ဗုဒ္ဓဘာသာ ဆိုင်ရာဘွဲ့ယူလိုသူများအတွက် သင်ရိုးများကို အွန်လိုင်းမှပင် လေ့လာနိုင်ပြီး အထက်ပါ အဖွဲ့အစည်းသို့ ဆက်သွယ်လှူဒါန်းလိုသူများအတွက် အွန်လိုင်းမှ တိုက်ရိုက် လှူဒါန်းနိုင်အောင်လဲ စီစဉ်ထားတဲ့ ၀က်ဘ်ဆိုက်ဖြစ်ပါတယ်။ သာဓု ခေါ်နိုင်ကြပါစေ။

No comments: