Wednesday, June 18, 2008

ကွာကွာမားမား Web ကမ္ဘာ (၂၄)



Ivillage.com

NBC ရဲ့ ဝက်ဘ်ဆိုက်ခွဲတစ်ခု ဖြစ်ပြီး တစ်ကမ္ဘာလုံးရှိ အမျိုးသမီးများ အချင်းချင်း ဆက်သွယ်နိုင်အောင် ဖန်တီး ထားတဲ့ မီဒီယာတစ်ခုဖြစ်ပါတယ်။ တစ်ကမ္ဘာလုံး ဝင်ရောက်ကြည့်ရှုတဲ့ အမျိုးသမီး သန်း ၂ဝ လောက်ရှိပါတယ်။ အမျိုးသမီးများနဲ့ ပတ်သက်တဲ့ ကလေးပြုစု စောင့်ရှောက်ရေး၊ ကိုယ်ဝန်ဆောင်ချိန် ကျန်းမာရေး၊ အလှအပနဲ့ ကိုယ်နေဟန်ထား၊ လူမှုဆက်ဆံရေး၊ အစာအဟာရနဲ့ ဖျော်ဖြေရေး ကဏ္ဍများအားလုံးကို ဖော်ပြပေးထား ပါတယ်။ ဝက်ဘ်ဆိုက်အတွင်း message board ကဲ့သို့ social networking tool များ အများအပြား ထည့်သွင်းပေးထား၍ အသုံးပြုသူ အမျိုးသမီးများ အချင်းချင်း အပြန်အလှန် ဆက်သွယ်ခြင်း၊ အကြံဥာဏ်များပေးခြင်း တို့ကိုလည်း ဆောင်ရွက်နိုင်ပါတယ်။ ဒီဝက်ဘ်ဆိုက်ဟာ iVillage UK, iVillage Total Health နဲ့ Astrology.com, GardenWeb, gURL.com စတဲ့ ဝက်ဘ်ဆိုက်မျာကိုလည်း ပိုင်ဆိုင်ပါတယ်။ ဝက်ဘ်ဆိုက် အတွင်း ဗီဒီယိုများ၊ Blog များနဲ့ news links များလည်း ထည့်သွင်းထားပါတယ်။ ညီအစ်မများ အချိန်ရရင် တစ်ချက်လောက် ကလစ်လုပ်လိုက်ယုံပါပဲ။

No comments: