Monday, June 30, 2008

ကွာကွာမားမား Web ကမ္ဘာ (၃၄)


www.e-Books.com

စာကြည့်တိုက် ပိုင်ရှင် စတီဗင်ကိုးလ် က ၂၀၀၀ ပြည့်နှစ်လောက်တွင် စတင်သော ဝက်ဘ်ဆိုက် ဖြစ်ပါတယ်။ ထိုဝက်ဘ်ဆိုက်တွင် အကြောင်းအရာ အလိုက် သီးသန့်လေ့လာ လိုသူများနှင့် သာမန်စာဖတ် ပရိသတ်များ အတွက်ပါ စာအုပ် အမျိုးအစားစုံလင်စွာ စုဆောင်းထားရှိ ပါတယ်။ စာအုပ်ရေ တစ်သိန်းကျော်ကို အခမဲ့ တစ်အုပ်လုံး download လုပ်ယူနိုင်တာက စိတ်ဝင်စားဖို့ ကောင်းတဲ့ ၀န်ဆောင်မှု ဖြစ်ပါတယ်။ အချို့စာအုပ် များကို မူလပေါက်ဈေးထက် များစွာ သက်သာတဲ့ ဈေးနှုန်းနဲ့ ၀ယ်ယူရရှိနိုင်ပါတယ်။ စာအုပ်တစ်အုပ်ချင်းစီ အတွက် အညွှန်းများ၊ ဝေဖန်ချက် များကိုလည်း စုဆောင်းပေးထား တဲ့အပြင် ၀က်ဘ်ဆိုက်ရဲ့ မူပိုင်စာအုပ် ဝေဖန်ချက်များလည်း ပါရှီပါတယ်။ ဤ၀က်ဘ်ဆိုက်မှတစ်ဆင့် ကမ္ဘာတစ်လွှားရှိ စာအုပ်တိုက်များနှင့် ပုံနှိပ် ထုတ်ဝေသူ များ၊ စာရေးဆရာ များသို့ တိုက်ရိုက်ဆက်သွယ် နိုင်ပါတယ်။ ဝက်ဘ်ဆိုက်အတွင်းရှိ စာအုပ် အားလုံး အတွက် နမူနာ စာမျက်နှာများနှင့် အညွှန်းများ အားလုံးကို အခကြေးငွေ ပေးစရာမလိုဘဲ မည်သူ မဆို အခမဲ့ ရယူနိုင်မှာ ဖြစ်ပါ တယ်။ စာအုပ်ထုတ်ဝေရေး လုပ်ငန်းများအတွက်လည်း ကုန်ကျစရိတ် သက်သာတဲ့ ကြော်ငြာမျက်နှာစာ တစ်ခုအဖြစ် ယူဆနိုင်တဲ့ ဝက်ဘ်ဆိုက်ဖြစ်ပါတယ်။

No comments: