Friday, July 11, 2008

သူနဲ့ ကိုယ်နဲ့


သူနဲ့ ကိုယ်နဲ့

သူက အချစ်အကြောင်းကို စိတ်ဝင်စားတယ်
ကိုယ်က သူ့အကြောင်းကို စိတ်ဝင်စားတယ်

သူက ကိုယ့်အကြောင်းကို အားလုံးသိချင်တယ်
ကိုယ်က သူ့အကြောင်းကို သိနေတယ်

သူက သူ့အကြောင်းကို ဇာတ်နာအောင် ပြောတယ်
ကိုယ်က မျက်ရည်မကျအောင် ထိန်းရတယ်

သူက ဒိုင်ယာရီကို ခပ်စိပ်စိပ် ရေးတယ်
ကိုယ်က ကဗျာကို ခပ်ကျဲကျဲ ရေးတယ်

သူက ပေါ်လီယာနာ ၀တ္ထုကို ကြိုက်တယ်
ကိုယ်က တော်တီလာဖလက် ၀တ္ထုကို ကြိုက်တယ်

သူက အချစ်တွေကို လွတ်ပေးချင်တယ်
ကိုယ်က အချစ်တွေကို လှောင်ထားချင်တယ်

သူက အနာဂတ်အကြောင်းကို ဆွေးနွေးတယ်
ကိုယ်က ပစ္စုပ္ပန်အကြောင်းကို ပန်းချီဆွဲပြတယ်

သူက ပုံပြောတာကို မကြိုက်ဘူး ပြောတယ်
ကိုယ်က ပုံပြောတာကို နားထောင်ချင်တယ်

သူက အခု မကြာခဏ ရစ်ချင်နေတယ်
ကိုယ်က အခု ခဏခဏ မူးချင်နေတယ်

သူက တံခါးကို အမြဲ ပိတ်ထားချင်တယ်
ကိုယ်က လေကောင်းလေသန့်ရှူချင်တယ်

သူက အခု ကျန်ခဲ့တယ်
ကိုယ်က နောက်ဆုံးထွက်လာခဲ့တယ်

(ဘိုသစ်နိုင်)
ကျွန်တော်နဲ့ခွင်ကျ မဟုတ်ပေမယ့် တော်တော်များများလောက်ကို တိုက်ဆိုင်နေလို့ မျှဝေလိုက်ပါတယ်။ ပို့စ်တင်ဖို့ စာမဖတ်အား နိုင်တာကြောင့် နှစ်သက်မိတဲ့ကဗျာလေးကို အားပေးပါအုံးလို့ .. ..

3 comments:

ရွှေပြည်သူ (ShwePyiThu) said...

အရမ်းကို နှစ်သက်မိပါတယ်။ တစ်ပုဒ်လုံး ကြိုက်မိတာကြောင့် ဘယ်နေရာအကြိုက်ဆုံးလဲ ဆိုတာ မပြောတော့ဘူး မောင်လေးဝင်းဇော်ရေ။ မျှဝေပေးတဲ့ မောင်လေးကိုရော မူရင်းရေးသားသူ ကိုဘိုသစ်နိုင်ကိုပါ ကဗျာကောင်းအတွက် ကျေးဇူးတင်ပါတယ်။

လားရှိုးသူ said...

အရမ်းကောင်းတဲ့ ကဗျာလေးဘဲကွယ်။ အားပေးခဲ့တယ်နော်။ အမှန်၂ ခုရဲ့ အမှားပေါ့နော်။

တားမြစ် ထားသော... said...

သူက အခု မကြာခဏ ရစ်ချင်နေတယ်
ကိုယ်က အခု ခဏခဏ မူးချင်နေတယ်
************
ကဲကွက်တိ။