Tuesday, July 8, 2008

အန္တရာယ်ကင်းကင်း ကိုယ်အလေးချိန် လျှော့ချမယ်

အန္တရာယ်ကင်းကင်း ကိုယ်အလေးချိန် လျှော့ချမယ်

အန္တရာယ်ကင်းကင်းနဲ့ ကိုယ်အလေးချိန် လျှော့ချတဲ့ နည်းလမ်းတွေထဲမှာ တစ်ခုကတော့ ထမင်းမစားခင် နာရီဝက်၊ လေးဆယ့်ငါးမိနစ် လောက်အလိုမှာ သစ်သီး ဖျော်ရည် သောက်တဲ့နည်းလမ်း ဖြစ်ပါတယ်။ သစ်သီး ထဲမှာ ပါဝင်တဲ့ ဖရုတို့စ် (Fructose) သကြားဓာတ်ဟာ ဂလူးကို့စ် ဒါမှမဟုတ် အချိုအတုတွေထက် ခံတွင်း တွေ့မှု ကိုပိုပြီး ထိန်းချုပ်နိုင်တဲ့ အရာဖြစ်ပါတယ်။

ယေးတက္ကသိုလ်က သုတေသီတွေ လေ့လာတွေ့ရှိတာက လူမှုဝန်ထမ်း လုပ်အားပေးတွေကို တစ်ခြားအဖျော် ယမကာ တွေသောက်ပြီးတဲ့နောက် နာရီဝက်မှာ အစာစားဖို့ ပြောပါတယ်။ အဲဒီအခါမှာ သစ်သီးဖျော်ရည် သောက်တဲ့ သူတွေက ၂၀ ရာခိုင်နှုန်း၊ ၄၀ ရာခိုင်နှုန်း၊ ကယ်လိုရီ ပိုနည်းနည်းနဲ့ အဆီးနည်းနည်းကိုသာ စားကြ ပါတယ်။

ဒါပေမယ့် ဂလူးကို့စ်ခေါ် သကြားဓာတ်နဲ့ အချိုကဲထားတဲ့ ဖျော်ရည်သောက်သူတွေက အချိုတုတွေနဲ့ ပြုလုပ် ထားတဲ့ ဖျော်ရည်သောက်သူတွေ ထက် ၁၀ ရာခိုင်နှုန်း လျှော့ပြီး စားကြပါတယ်။ ဒါကြောင့်မို့လို့ ဘလော့ဂ် ဂါ မမ၊ ညီမလေး တို့လည်း ထမင်းမစားခင် သစ်သီးဖျော်ရည်သောက်ပြီးမှ အစားစားမယ်ဆိုရင် မော်ဒယ်လ် လေး တွေလို အဆီကျပြီး ခန္ဓာကိုယ် အချိုးအစား ပြေပြစ် လှပလာမှာ ဖြစ်ကြောင်း အသိပေးလိုက်ပါတယ်။

2 comments:

Nge Naing said...

ထမင်းမစားခင် အရည်တခုခုသောက်တာဟာ သစ်သီးဖျော်ရည်ပဲဖြစ်ဖြစ် ရေပဲဖြစ်ဖြစ် သက်ရောက်မှုက အတူတူပဲဖြစ်တယ်။ ကွာတာက သစ်သီးဖျော်ရည်မှာ ကယ်လိုရီပါပြီး ရေမှာ ကယ်လိုရီမပါဘူး ဒါကြောင့်မို့ သစ်သီးဖျော်ရည်အစား ရေသောက်လို့လည်း ဖြစ်နိုင်ပြီး ပိုပြီးလည်းအကျိုးရှိပါတယ်။ အကြောင်းက သစ်သီးဖျော်ရည်ထဲမှာ ပါတဲ့အချိုဓါတ်က ဆန်၊ဂျုံ နဲ့ အာလူးစတဲု့ တခြား ကာဗွန်ဟိုက်ဒရိတ်တွေလိုပဲ ခန္ဓာကိုယ်ထဲရောက်သွားရင် ဂလူးကိုစ်အဖြစ် အသွင်ပြောင်းသွားပြီး ရေက မပြောင်းဘူး ရေအဖြစ်နဲ့ပဲ ခန္ဓာကိုယ်အနံ့ အဟာရရောက်အောင် ပို့ပေးတယ်။ ခန္ဓာကိုယ်အတွက် လိုအပ်တာထက်ပိုနေတဲ့ ကလူးကိုစ့်တွေကို အသည်းထဲမှာ Glycogen အဖြစ်သိမ်းတယ်။ အစားကြီးတဲ့သူတွေအတွက် ပိုတဲ့ ဂလူးကိုစ့်ကို Glycogen အဖြစ်သိမ်းဖို့တောင် အသည်းထဲမှာ နေရာမဆံ့တော့လို့ ဂလိုင်ဂိုဂျင်ကနေ Fat အဖြစ်ပြောင်းပြီး အရေပြားအောက်တို့ ကလီစာတ၀ိုက်တို့မှာ Fat တွေကို သိမ်းထားရတယ်။ အဲဒီလိုသိမ်းထားလို့ ၀လာတာဖြစ်တယ်။ အ၀မလွန်အောင် ထိန်းထာဟာ ခန္ဓာကိုယ်အချိုးအစား ပြေပြစ်လှပပြီး အ၀တ်အစားဝတ်လို့ ကြည့်ကောင်းရုံသာမက ရောဂါပေါင်းမြောက်များစွာကိုလည်း ကာကွယ်တဲ့အတွက် ကျန်းမာရေးအတွက်လည်း လူတိုင်းထိန်းသိမ်းသင့်ပါတယ်။ ဒီလိုထိန်းသိမ်းတဲ့နေရာမှာ ခန္ဓာကိုယ်ကို သန့်ရှင်းစေဖို့နဲ့ ရောဂါပရ ကင်းစေဖို့ သောက်စရာမှန်သမျှထဲမှာ အသေက်သင့်ဆုံးနဲ့ အကောင်းဆုံးသော အရည်ဟာ ရေသာလျင် ဖြစ်တယ်ဆိုတာ အကြံပြုလိုက်ပါတယ်။

Welcome said...

အစ်မငယ်နိုင်ခင်ဗျား

ဆေးပညာရှုထောင့်ကနေ အသေးစိတ် ဝေဖန်အကြံပြုပေးတဲ့အတွက် ဘယ်လို ကျေးဇူးတင်ရမယ်မသိပါဘူး၊ ဒါပေမယ့် ကျေးဇူးတင်တယ်လို့ပဲ ပြောပါရစေ။ အစ်မရဲ့ ကွန်မင့်က စာဖတ်လူငယ် လူရွယ်တွေ အတွက် အကောင်းဆုံး ဗဟုသုတ ဖြစ်စေပါတယ်။ အဲဒီကွန်မင့်ကတစ်ဆင့် လူတိုင်း ကျန်းမာရေး လိုက်စားပြီး အားလုံး ကျန်းမာနိုင်ပါစေလို့ပဲ ထပ်ဆင့် ဆုတောင်းပေးလိုက်ပါတယ်

လေးစားလျက်
ဝင်းဇော်