Thursday, July 31, 2008

အချစ်များ မျှဝေနိုင်ပါစေ


အချစ် နဲ့ ကင်းဝေးသူတွေ ဆိုလို့ ကိလေသာ စိတ်ကုန်ခန်းသူ အရိယာ သူတော်စင်များနဲ့ သာသနာ့ ဘောင်အတွင်းက ပုဂ္ဂိုလ် များကလွဲရင် မရှိသလောက်ပဲ ဖြစ်ပါတယ်။ ဒီလိုဆိုရင် တစ်ကယ်ပဲ အချစ်နဲ့ မကင်းနိုင်တဲ့ သူတွေဟာ လောကီ လူသား အားလုံးပဲ ဖြစ်နေကြသလား .. .. .. ?

လူပျိုကြီး၊ အပျိုကြီး ဖြစ်နေကြတဲ့ သူတွေကရော အချစ်နဲ့ မကင်းခဲ့တဲ့ သူတွေပဲလား။ ဒါမှမဟုတ် အချစ်ရဲ့ ဝေဒနာတွေကို ခံစားရမှာ စိုးကြောက်လို့ အချစ်ဆိုတာကို ဥပက္ခောပြု နေလိုက်ကြတာလား .. .. ..?

ဒီနေရာမှာ အချစ်ရဲ့ ဝေဒနာကို ခံစားရမှာ ကြောက်တယ်ဆိုပြီး ကိုယ်မျှော်မှန်းထားသလို တစ်ဖက်သားဆီက တုံ့ပြန်မှု မရခဲ့ရင် တနုံ့နုံ့နဲ့ ခံစားရမယ့် ဝေဒနာကို ကြောက်တာလည်း ဖြစ်နိုင်ပါတယ်။ ချစ်တော့ ချစ်ချင်ပါရဲ့၊ ကြောက်လို့ပါကွဲ့ ဆိုသလို ဖြစ်နေပါတယ်။ ချစ်ချင်တယ် ဆိုကတည်းက ချစ်တတ်တာပဲ ဖြစ်ပါတယ်။ အချစ်ကို ရှင်သန်ကြီးထွားဖို့ ခွင့်မပြုဘဲ ဖိနှိပ်တားမြစ် လိုက်တာကို အချစ်နဲ့ ကင်းတယ်လို့ ပြောလို့ မရနိုင် ပါဘူး။

လူအချင်းချင်း ချစ်ဖို့ အခွင့်မသာ ခဲ့ရတောင်မှ တူ၊ တူမလေးတွေ၊ ဒါမှမဟုတ် အိမ်မွေး တိရစ္ဆာန် တွေဖြစ်တဲ့ ခွေးလေး၊ ကြောင်လေး တွေကိုတော့ ချစ်ကြရသေးတယ်လို့ ထင်ပါတယ်။

အချစ်နဲ့ မကင်းနိုင်လို့ သမီးရည်းစား ဖြစ်လာကြသူတွေ၊ ဘ၀တစ်သက်သာ လက်တွဲသွားဖို့ ကြံရွယ် နေကြသူတွေ၊ လင်ရယ် မယားရယ်လို့ ပေါင်းဖက်ပြီး နေထိုင်ကြတဲ့သူတွေ အကြားမှာ တစ်ယောက်နဲ့ တစ်ယောက် စိတ်သဘောထားချင်း မတိုက်ဆိုင်တာတွေ ရှိတတ်ပါတယ်။ ဒါပေမယ့်လည်း မတူ ခြားနား တာလေး တွေကပဲ ဆွဲဆောင်မှု ဖြစ်လာပြီး သံယောဇဉ် ငြိတွယ် လာကြရတဲ့ သူတွေအဖို့ တစ်ယောက် သဘော တစ်ယောက်အလို ကို ညှိညှိနှိုင်းနှိုင်း နဲ့ အပေးအယူမျှတ အောင်နေသွားမှသာ အိမ်ထောင်သည် ဘ၀ဖြစ်စေ၊ ချစ်သူ ရည်းစား ဘ၀မှာ ဖြစ်စေ သာယာချမ်းမြေ့မှုကို ရရှိနိုင်မှာ ဖြစ်ပါတယ်။

အချစ်နဲ့ ပတ်သက်တဲ့ ပြဿနာ၊ အချစ်နဲ့ ပတ်သက်လို့ ခံစားရတဲ့ ဝေဒနာ ဆိုတာတွေ ကတော့ အသား အရောင် ခွဲခြားမှုတို့၊ ဆင်းရဲ ချမ်းသာ ခွဲခြားမှုတို့၊ ပညာတတ်တာ မတတ်တာအပေါ် ခွဲခြားမှုတို့၊ လူမျိုး ဘာသာ ခွဲခြားမှုတို့ ဆိုတာတွေ မရှိပါဘူး။ လူမျိုးမရွေး၊ ဘာသာမရွေး၊ ဆင်းရဲ ချမ်းသာမရွေး အချစ်နဲ့ ပတ်သက်လာရင် ခံစားကြရတဲ့ ပူပင် သောက ဝေဒနာ တွေကတော့ အတူတူ ပဲဖြစ်ပါမယ်။ ဆုံဆည်းနိုင်တဲ့ အချစ် တွေပဲဖြစ်ပါတယ်။

မဆုံဆည်းနိုင်တဲ့ မျဉ်းပြိုင် နှစ်ကြောင်းလို ဖြောင့်ဖြောင့်ကြီး တန်းနေမယ်၊ ဒါမှမဟုတ် ရထားသံလမ်းလို ဆုံမှတ်မရှိတဲ့ အဖြစ်လို ခံစားရမယ် ဆိုရင်တောင် သူတို့ရဲ့ အချစ်ဟာ ဝေးကွာမသွား နိုင်ပါဘူး။ အမြဲတစ်စေ လက်တကမ်း အကွာမှာပဲ စုံမက် နေကြမှာပါ၊ ချစ်မြဲ ချစ်နေကြမှာပါ။

ချစ်သူတိုင်း ချစ်နိုင်ကြပါစေ၊ ချစ်တိုင်းလည်း ပျော်ရွှင်နိုင်ကြပါစေ…… ။

ဝန်ခံချက် ။ ပုံကို www.linkinn.com မှ ရယူထားပါသည်။

17 comments:

ATN said...

သိပ်ကောင်းတဲ့ စာလေးပါ။
ရင်ဘတ်ထဲ ထည့်ယူသွားတယ် သူငယ်ချင်း

မောင်စေတနာ said...

အချစ်ကို မကင်းနိုင်လို့ အချစ်ကို လိုက်ရှာနေတယ် အစ်ကိုရေ။ တွေ့ရင် လက်တို့လိုက်နော်

မောင်စေတနာ

ကိုရင်နော်ခင်လေးငယ် said...

“ဆုံမှတ်မရှိတဲ့ အဖြစ်လို ခံစားရမယ် ဆိုရင်တောင် သူတို့ရဲ့ အချစ်ဟာ ဝေးကွာမသွား နိုင်ပါဘူး။ အမြဲတစ်စေ လက်တကမ်း အကွာမှာပဲ စုံမက် နေကြမှာပါ၊ ချစ်မြဲ ချစ်နေကြမှာပါ။”

အရမ်းသဘောကျပါတယ်။
ရင်ထဲက ချစ်ခြင်းတွေကို ဘယ်အရာကမှ
ရပ်တန့်စေနိုင်မယ် မထင်ပါဘူး....
ဒီဘဝမှာ ဆုံစည်းခွင့်မရတော့ဖူး ဆိုခဲ့ရင်တောင်..........

Welcome said...

ကိုအောင်သာငယ်--ကျေးဇူးပါ။
ကိုစေတနာ-- ကျွန်တော့်အတွက် အရင်ရှာ လိုက်ဦးမယ်ဗျာ၊ ပြီးမှပေါ့။
ကိုရင်နော်ခင်လေးငယ်-- အစ်ကိုနဲ့ အမလို နားလည်ပေးနိုင်ရင် ကောင်းမယ်ဗျာ ... ကျေးဇူးတင်တယ်...

Nge Naing said...

အချစ်ဆိုတာ လူငယ်တွေအတွက် တင်စားလို့ကတော့ သိပ်ကောင်းတာပေါ့။ ဒါပေမယ့် လက်တွေ့ဘ၀ကို ဖြတ်သန်းတဲ့ အချိန်မှာ အချစ်ထက် နားလည်မှုက ပိုအရေးကြီးတယ်လို့ထင်ပါတယ်။ ချစ်လို့ ညားကြတဲ့သူတွေ တယောက်နှင့်တယောက် နားလည်မှုမရှိတော့ အဲဒီအချစ်ဆိုတာကြီးက ဘယ်နေရာမှာမှ သုံးလို့မရတော့ပဲ ရန်ဖြစ်ကြ ကွဲကြ၊ မိသားစုအသိုက်အမြုံတွေ ပြိုကွဲရတာတွေ အများကြီးရှိသလို တယောက်နဲ့တယောက် တခါမှ မတွေ့ဖူးမမြင်ဖူးပဲနဲ့ မိဘပေးစားလို့ ယူထားကြတဲ့ အထူးသဖြင့် မြန်မာပြည်နဲ့ အိန္ဒိယက စုံတွဲတွေ ယူပြီးမှ တွေ့ကြပေမယ့် တယောက်နဲ့တယောက် နားလည်မှု ရှိကြလို့ တည်မြဲကြပြီး နားလည်မှုကနေ အချစ်ကို ရကြတဲ့ သာဓကအများကြီးရှိပါတယ်။ အချစ်မရှိပဲ ဘ၀နှစ်ခုကို ပေါင်းစပ်လို့ ရပေမယ့် နားလည်မှုမရှိပဲ ဘ၀နှစ်ခုကို ပေါင်းစပ်လို့ မရဘူးဆိုတာ ဖေါ်ပြနေတာဖြစ်ပါတယ်။ ဒါကြောင့် ဘ၀မှာ အချစ်ထက် နားလည်မှုက ပိုအရးကြီးပါတယ်။ ပျော်ရွင်တဲ့ ဘ၀ဆိုတာ နားလည်မှုမရှိပဲနဲ့ မဖြစ်နိုင်ပါဘူး။ နားလည်မှုရှိရှိနဲ့ ငြိမ်းချမ်းသာယာတဲ့ ဘ၀တခုကို တည်ဆောက်နိုင်မယ်ဆိုရင် အချစ်ဆိုတာအလိုလို ဖြစ်လာလိမ့်မယ်လို့ ပူဆွေးသောကကို ဖြစ်စေတဲ့ အချစ်ဆိုတာကို မတွေ့တွေ့အောင် ရှာမယ်ဆိုပြီး အချိန်ဖြုန်းနေသူများ ရှိပါက အကြံပြုချင်ပါတယ်။

Welcome said...

အစ်မငယ်နိုင်ခင်ဗျား..
စိတ်ပူဖော်ရလို့ ၀မ်းသာပါတယ်။ အစ်မရဲ့ သွန်သင်မှုကို ကျေနပ်စွာ လက်ခံပါတယ်။
အချစ်နဲ့ပတ်သက်လာရင် ကျွမ်းကျင်လိမ္မာမှု မရှိသေးတာကိုတော့ ၀န်ခံပါတယ်။ သိချင်တာက အစ်မပြောတဲ့ အချစ်ထက် နားလည်မှုက ပိုအရေးကြီးတယ်ဆိုတာ မှတ်သား သိရှိရပါတယ်။ နှစ်ဦးနှစ်ဘက် (နားလည်မှု) ရဖို့ အချိန်အတိုင်းအတာ ဘယ်လောက်များ လိုအပ်ပါသလဲခင်ဗျာ။ (နားလည်မှု) သာ အမှန်တကယ် သာယာချမ်းမြေ့ တဲ့အိမ်ထောင်မှု တစ်ခုကို တည်ဆောက်နိုင်မယ် ဆိုရင် အစ်မရဲ့ ဒဿနကို ကျွန်တော် ရင်ဝယ်ပိုက်ပြီး (နားလည်မှု)ကို အချစ်ထက်တန်ဖိုးထား ရှာဖွေသွားပါမယ်။ အချိန်မဖြုန်းတော့ပါဘူး။ လေးစားလျက်ပါ။။။

Nge Naing said...

အိမ်ထောင်ရေးမှာ အချစ်နဲ့ပတ်သက်ပြီး သုတေသနပြု မှတ်တမ်းတင်ထားတာကို လေ့လာပြီး ပြောတာမဟုတ်ပဲ လက်တွေ့ မျက်စိရှေ့မှာ တွေ့မြင်နေရတာကို ကြည့်ပြီးပြောတဲ့အတွက် နားလည်မှုရဖို့ ဘယ်လောက်အတိုင်းအတာ အချိန်ယူရတယ်ဆိုတဲ့ မေးခွန်းကို အတိအကျ ပြန်မဖြေနိုင်လို့ တောင်းပန်ပါတယ်။ လက်ရှိ လူ့အဖွဲ့အစည်းကိုကြည့်ရင် အချစ်ကို သိပ်ကိုးကွယ်တဲ့ အနောက်နိုင်ငံက လူတွေကိုကြည့်ပါ။ ရှိသမျှစုံတွဲတွေက ချစ်လို့ ယူထားတာတွေချည်းပဲ ဘယ်မိဘမှ သဘောတူလို့ ပေးစားထားတာမရှိဘူး ယူပြီးခဏနေရင် ကွဲပြီး အသစ်ထပ်ယူ၊ မကွဲရင်လည်း အချစ်သစ်တွြေ့ အချစ်ဟောင်းကို စိတ်ကုန်ပြီး အိမ်ထောင်ရေး ဖောက်ပြန်မှုတွေဖြစ်ကြတယ်။ လက်တွေ့ဖြတ်သန်းရတဲ့ အိမ်ထောင်ရးဘ၀မှာ စိတ်ကူးယဉ်တဲ့ အချစ်ကို ဒီလောက်မတင်စားတဲ့ မြန်မာ့လူ့အဖွဲ့အစည်းမှာ အနောက်တိုင်း လူ့အဖွဲ့အစည်းလောက် လူမှုရေးအရှုပ်တော်ပုံ မရှိတာကို ကြည့်ပြီးပြောခြင်းသာ ဖြစ်ပါတယ်။

တာတူး(၀ါ) အမေ့ခံလူတစ်ယောက် said...

သဘောကျတဲ့ ပိုစ်ပါပဲ အကို ။
အကိုပေးတဲ့ဆုရော ကျနော်တောင်းတဲ့ဆုပါ မြန်မြန်ပြည့်ရပါလို၏ ။ :D

တားမြစ် ထားသော... said...

ပိုစ့်ရော၊ ကွန်မန့်တွေရော ဖတ်ကောင်း၏။
**************************
အချစ်ဆိုတာရှိနေမှလည်း ချစ်သူဘဝရော၊ အိမ်ထောင်သည်ဘဝမှာပါ အဆင်ပြေနိုင်မှာပါ။ “နားလည်မှု၊ ညှိညှိနှိုင်းနှိုင်းနဲ့ အပေးအယူမျှတမှု တွေဟာ သူ့အလိုလိုတော့ မဖြစ်တည်နှိုင်ပါဘူး”။ ဘဝတစ်ခုကို အတူတွဲပြီး တည်ဆောက်တဲ့အခါမှာ အမျိုးမျိုးသော ပြဿနာလေးတွေ ရှိလာမှာပါ။ ဒီလိုအချိန်မှာ စိတ်ဓါတ်အင်အားတစ်ခုဖြစ်တဲ့ အချစ်ဆိုတာကို အခြေခံမှလည်း တစ်ဦးနဲ့တစ်ဦး နားလည်ခွင့်လွှတ်နိုင်ကြမယ်ထင်ပါတယ်။ မိဘပေးစားလို့ပဲ ညားကြစေအုံးတော့ ကိုယ့်အိမ်ထောင်ဖက်ကို သံယောဇဉ်ဆိုတဲ့ (ချစ်ခြင်းတစ်မျိုးဟုထင်သည်) စိတ်ဓါတ်အင်အားနဲ့ ပေါင်းဖက်နိုင်ရင် ပျော်စရာ မိသားစုဘဝကို တည်ဆောက်နိုင်မှာပါ။

“အချစ် (သို့) သံယောဇဉ်” သည် အိမ်ထောင်မှုဘဝကို တည်ထောင်ရာတွင် အရေးကြီးသော အချက်တစ်ခုဖြစ်သည်။

သုခမိန်။...။
မှတ်ချက်။...။တစ်ကိုယ်ရေ ခံစားချက်များသာပါ။ ပိုစ့်လေးကို သဘောကျ၍ တင်ပြလိုက်ခြင်းသာ ဖြစ်ကြောင်း။

Anonymous said...

Having read this I thought it was extremely informative.
I appreciate you finding the time and effort to put this short article together.

I once again find myself personally spending a significant amount
of time both reading and posting comments. But so what, it was still worth it!


My homepage; summer internship

Anonymous said...

Pretty section of content. I just stumbled upon your site and in accession capital to assert that I
get actually enjoyed account your blog posts. Anyway I'll be subscribing to your augment and even I achievement you access consistently rapidly.

Here is my website :: summer internship

Anonymous said...

Everyone loves it when people come together
and share opinions. Great site, continue the good work!

My homepage ... summer internship

Anonymous said...

Fabulous, what a weblog it is! This web site presents
helpful facts to us, keep it up.

Also visit my weblog: summer internship

Anonymous said...

Thanks a bunch for sharing this with all of us
you actually know what you're speaking about! Bookmarked. Kindly also talk over with my website =). We will have a link trade agreement between us

Visit my webpage :: summer internship

Anonymous said...

Hi there to every one, it's actually a pleasant for me to pay a visit this website, it consists of important Information.

Also visit my weblog; summer internship

Anonymous said...

With havin so much written content do you ever run into any issues of plagorism or copyright violation?
My website has a lot of unique content I've either authored myself or outsourced but it appears a lot of it is popping it up all over the web without my agreement. Do you know any methods to help prevent content from being ripped off? I'd certainly appreciate it.



Also visit my blog ... summer internship

Palm Reading said...

palm reading

Decode the story that exists right in your palm. Book your appointment with Pt. Neeraj Sharma Ji and uncover your future.